top of page

မီးလောင်နေသောမြန်မာနိုင်ငံ

Myanmar Witness

8 Aug 2023

Report Published:

5.png
4.png
3.png

၂၀၂၂ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တိုးပွားလာသော မီးသုံးစွဲတိုက်ခိုက်မှုများ

မီးလောင်နေသောမြန်မာနိုင်ငံ


Myanmar Witness

၂၀၂၃ခုနှစ် သြဂုတ်လ ၈ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။

၂၀၂၂ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တိုးပွားလာသော မီးသုံးစွဲတိုက်ခိုက်မှုများ

 

အဓိကအချက်အလက်များ

အစီရင်ခံစာအပြည့်အစုံကို ဖတ်ရှုရန် PDF ကို ဒေါင်းလုဒ်ပြုလုပ်နိုင်ပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်တပ်သည် နိုင်ငံရေးအတိုက်အခံများကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီး အရပ်သားများအပေါ် အချိုးမညီသော အကြမ်းဖက်မှုကို အသုံးပြုခဲ့သည်။ မြန်မာစစ်တပ်သည် ခုခံနယ်မြေများကို ထိန်းချုပ်ရန် ရုန်းကန်နေရသဖြင့် ဆက်တိုက် မီးသုံးစွဲတိုက်ခိုက်မှုများ မြင့်တက်လာခြင်းဖြစ်သည် - PDF အဖွဲ့များကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်နှင့် အရပ်သားများကိုချေမှုန်းရန် ကြိုးပမ်းမှုများလည်း ဖြစ်နိုင်သည်။

 

Myanmar Witness ၏ ဤအစီရင်ခံစာသည် အချက်အလက်များနှင့် သီးခြားဖြစ်ရပ်လေ့လာမှုများကို အကဲဖြတ်ခြင်းဖြင့် မြန်မာစစ်တပ်၏ ဤလုပ်ဆောင်မှုပုံစံကို ထိုးထွင်းသိမြင်ရန် ကြိုးပမ်းထားသည်။ ဤစာတမ်းသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားသော ပဋိပက္ခများတွင် တသမတ်တည်း ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဟု ဆိုထားသည်များကို ပြန်လည်သုံးသပ်ထားပါသည်။

 

ပုံ- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ Myanmar Witness မှ စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာထား သော မီးအချက်အလက်အားလုံးကို ပြသသည့်မြေပုံ။

  

မီးသုံးစွဲမှုတိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့သည်။ မီးလောင်မှုအားစောင့်ကြပ်ကြည့်ရှုခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Myanmar Witness မှ ၂၀၂၂ ခုနှစ်အကုန်တွင် မြန်မာနိုင်ငံတစ်ဝှမ်း မီးလောင်ကျွမ်းမှုအရေအတွက် သိသိသာသာတိုးလာကြောင်း တွေ့ရှိရပြီး အကြီးမားဆုံးပြောင်းလဲမှုမှာ ဒီဇင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၄၅၄ ရာခိုင်နှုန်း အံ့အားသင့်ဖွယ် တိုးလာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း  စောင့်ကြည့်လေ့လာသည့်လတိုင်းတွင် ယခင်နှစ်အလားတူလများထက် Myanmar Witness မှ ပိုများလာသော မီးလောင်မှုများကို စုဆောင်းမိခဲ့သည်။

 

ပုံ- ၂၀၂၁ခုနှစ် ဇွန်လမှ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း လအလိုက် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ။


ပုံ- ၂၀၂၁ နှင့် ၂၀၂၂ နှစ်ခုစလုံးတွင် စက်တင်ဘာလနှင့် ဇန်နဝါရီလအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ကို နှိုင်းယှဉ်ခြင်း။

 

Myanmar Witness သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း မီးလောင်ကျွမ်းမှုများအား စုံစမ်းစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများမှတဆင့် ဤတိုးလာမှုကို နားလည်ရန် ကြိုးပမ်းခဲ့သည်။ ဤဖြစ်စဉ်များကို နားလည်ရန် Myanmar Witness သည် မီးလောင်ကျွမ်းမှုပုံစံများကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး မီးဘေးဒဏ်ခံရသည့် ကျေးရွာများတွင် စနစ်တကျဖြစ်နိုင်ချေ ရှိသောသဘာဝကို ဖြစ်ရပ်မှန်လေ့လာမှုများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှု သည် တစ်ရွာတည်းတွင် အချိန်နှင့်အမျှ ထပ်ခါတလဲလဲ ဖြစ်ပွားမှုများနှင့် တူညီသောဒေသရှိ ကျေးရွာအများအပြားတွင် တပြိုင်နက်တည်း မီးလောင်မှုများ ဖြစ်ပွားလေ့ရှိကြောင်း Myanmar Witness က တွေ့ရှိခဲ့သည်။ ၎င်းဖြစ်စဥ်များကို ပိုမိုကျယ်ပြန့်သော မီးလောင်မှုဖြစ်စဥ်များနှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ရပ်များတွင် တွေ့ရပြီး Myanmar Witness ၏အစီရင်ခံစာဖြစ်သော Civilian Harm တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။


 ပုံ- ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ခုနှစ်အတွင်း စက်တင်ဘာလမှ ဇန်နဝါရီလအထိ ပြည်နယ်အလိုက်မီးလောင်မှု ပိုမိုများပြားလာသော မီးလောင်မှုများ

 

Myanmar Witness သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း မီးလောင်ကျွမ်းမှု အစီရင်ခံစာ ၃၄၇ ခုကို စုဆောင်းခဲ့ပါသည်။ ထို့နောက်အဖွဲ့သည် ကျယ်ပြန့်သော ဖြစ်စဥ်လမ်းကြောင်းများကို ကိုယ်စားပြုသည့် ဖြစ်ရပ်လေ့လာမှု ငါးခုကိုရွေးချယ်ခဲ့သည်။ ရွေးချယ်ထားသော ဖြစ်ရပ်လေ့လာမှုအချို့တွင် ပစ်ခတ်မှုများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လုပ်ဆောင်ချက်နှင့် ဆက်နွယ်နေပုံရပြီး ယင်းသည်မြန်မာစစ်တပ်၏ ပြောဆိုဆောင်ရွက်မှုအတွက် လက်တုံ့ပြန်ခြင်းအဖြစ် ရှင်းပြနိုင်သည့် လက်တွေ့ကျသော ဖြစ်နိုင်ခြေတစ်ရပ်ဖြစ်သည်။ ဖြစ်ရပ်လေ့လာမှုများသည် မီးကိုလက်နက်အဖြစ် အသုံးပြုသည့်နည်းလမ်းကိုဖော်ပြပြီး အရပ်ဘက်အခြေခံ အဆောက်အအုံများနှင့် ရှင်သန်ရန် မရှိမဖြစ်အရာဝတ္ထုများကို ထပ်ခါတလဲလဲဖျက်ဆီးခဲ့သည်။

 

ပုံ- တည်နေရာအလိုက် မှတ်တမ်းတင်ထားသော မီးလောင်မှုများ၊ စက်တင်ဘာလမှ ဇန်နဝါရီလအထိ၊ ၂၀၂၁ခုနှစ်[အပေါ်]  နှင့် ၂၀၂၂ခုနှစ် [အောက်ခြေ]။

 

စစ်ကိုင်းတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်တပ်၏စစ်ကြောင်းများက အဆိုပါနယ်မြေအတွင်း ဖြတ်သန်းသွားလာကာ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ရွာများကိုမီးရှို့ဝင်ရောက်စီးနင်းမှုများကြောင့် အရပ်သားများ အိုးအိမ်စွန့်ခွာထွက်ပြေးရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အဆိုပါဒေသတွင် ၇ ရက်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့် ကျေးရွာ ၈ ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Witness က အတည်ပြုခဲ့သည်။ မီးလောင်မှုဖြစ်ပွားသည့်အချိန်တွင် သက်ဆိုင်ရာကျေးရွာများတွင် မြန်မာစစ်တပ်ရှိနေကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း အဆိုပါဒေသတွင် မြန်မာစစ်တပ်ရှိကြောင်း Myanmar Witness မှအတည်ပြုနိုင်ခဲ့သည်။

 

 

ပုံ- ကျောက်တန်ကျေးရွာ [21.703720,95.2524032] မီးလောင်မှုဖြစ်ပွားခဲ့သည့်ကျေးရွာများနှင့် ဆက်စပ်ပြသထားသည့် - အဝါရောင်ပင်များဖြင့် ပြထားသည်။

 

ပုံ- နနွင်းကိုင်းရွာမီးလောင်ခြင်း [21.671738, 95.254107] (ရင်းမြစ်: Mandalay Free Press).


ပုံ- 21.670406, 95.256117အနီးအနားတွင် နနွင်းကိုင်းရွာမီးလောင်ခြင်း (ရင်းမြစ်: Mandalay Free Press).

 

ပုံ- ပရိမ္မာကျေးရွာမီးလောင်မှုအား နေရာသတ်မှတ်အတည်ပြုခြင်း [21.744253, 95.227316] (ရင်းမြစ်: Khit Thit Media).

 

၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလကုန်ပိုင်းမှ ဒီဇင်ဘာလလယ်အထိ မီးလောင်ကျွမ်းမှု အများအပြားဖြစ်ပွားခဲ့ကြောင်း Myanmar Witness က ဖော်ထုတ်တွေ့ရှိခဲ့သည်။ အဆိုပါ မီးလောင်မှုသည် မြန်မာစစ်တပ်နှင့် ပျူစောထီးပြည်သူ့စစ်တို့ လှုပ်ရှားနေသည့်ကာလအတွင်း တရွာမှတရွာသို့ ပြောင်းရွှေ့သွားသည့် သတင်းများနှင့် ဆက်စပ်နေကြောင်း၊ ဖျက်ဆီးခြင်းနှင့် လူသားဒိုင်းများကို အသုံးပြုသည်ဟု ဆိုထားသည်။ မြေပြင်သတင်းများသည် မီးလောင်မှုဖြစ်ပွားသည့် အချိန်နှင့်ကိုက်ညီမှုရှိသော်လည်း မြန်မာစစ်တပ်၏တည်ရှိနေမှုကိုပြသသည့် ခိုင်လုံသောပုံရိပ်ကို Myanmar Witness မှ ရှာမတွေ့သေးသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။

 

ကျေးရွာများ မီးလောင်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်းအပြင် ရိက္ခာသိုလှောင်ရုံ၊ နှမ်းဂိုဒေါင်၊ မွေးမြူရေးနှင့် ဆန်ရိက္ခာများအပါအဝင် စားနပ်ရိက္ခာပစ္စည်းများ ဖျက်ဆီးခံရမှုဆိုင်ရာ အဆိုပြုချက်များနှင့် အထောက်အထားများကိုလည်း Myanmar Witness က ဖော်ထုတ်ခဲ့သည်။ Myanmar Witness သည် စားနပ်ရိက္ခာအခြေခံအဆောက်အအုံများ ပျက်စီးသွားသည့် သာဓကများစွာကို စစ်ဆေးနိုင်ခဲ့ပြီး နေရာအတည်ပြုသတ်မှတ်နိုင်ခဲ့သည်။

 

ပုံ- [ဝဲဘက်] နှမ်းသိုလှောင်သည့်နေရာ၏ မီးလောင်သွားသည့် အကြွင်းအကျန်များ။ [ညာဘက်] မီးလောင်နေသော ကုန်တင်ကားများနှင့် ခြုံဖုတ်များကို မြင်တွေ့ရပြီး နောက်ခံတွင် ဖြစ်နိုင်ခြေရှိသော စပါးပုံ၏ပုံ (ရင်းမြစ်-သီးသန့်ရင်းမြစ်နှင့် Myanmar Now)။

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ နယ်ရှိ ကျေးရွာ ၃ ရွာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၀၀ ကျော်၊ သမိုင်းဝင် ခရစ်ယာန် ဘုရားကျောင်းနှင့် အခြားအဆောက်အဦး အများအပြား ပျက်စီးခဲ့သည်။ အဆိုပါကျေးရွာအချို့တွင် ယခင်လက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အားလုံးကို မြန်မာစစ်တပ်က ကျူးလွန်သည်ဟု ဆိုထားသည်။ Myanmar Witness သည် အဆိုပါနေရာများတွင် မီးလောင်မှုဖြစ်ပွားသည့်နေရာနှင့် တည်နေရာတို့ကို စိစစ်ခဲ့သော်လည်း မြန်မာစစ်တပ်၏ တည်ရှိနေမှုကို ခိုင်လုံသောအထောက်အထား မတွေ့ရှိရသေးပေ။

  

ပုံ- ချမ်းသာဘုရားကျောင်း ဖျက်ဆီးခံရမှုကိုပြသသည့် ဒရုန်းဗီဒီယိုအား နေရာသတ်မှတ်အတည်ပြုခြင်း (ရင်းမြစ်: Myaelatt Athan).


ပုံ- (ဝဲဘက်) ချမ်းသာဘုရားကျောင်းမပျက်စီးမီနှင့် (ယာဘက်) ပျက်စီပြီးပုံ (ရင်းမြစ်: [ဝဲဘက်] Google Maps နှင့် [ယာဘက်] Asia News).

 

မြန်မာစစ်တပ်သည် အရပ်သားများကိုပစ်မှတ်ထားကာ မီးရှို့ခြင်းနှင့်ပတ်သက်၍ ခိုင်လုံသေအထောက်အ ထားမရှိသော်လည်း အောက်ဖော်ပြပါ ဖြစ်ရပ်လေ့လာမှုများတွင် ဖော်ထုတ်ခဲ့သော မီးလောင်မှုသည် မြန်မာစစ်တပ်မှ စတင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု Myanmar Witness က ယူဆသည်။ Myanmar Witness သည် စစ်တပ် (သို့မဟုတ်) စစ်တပ်ထောက်ခံသူများတွင် တာဝန်ရှိသည်ဟုဆိုနိုင် သော ပြည်တွင်းသတင်းမီဒီယာများ (သို့မဟုတ်) လူမှုကွန်ယက်မီဒီယာ အသုံးပြုသူများမှဖော်ပြသော မျက်မြင်သက်သေအများအပြားကို ဖော်ထုတ်ခွဲခြမ်းစိတ်ဖြာခဲ့သည်။ အနီးအနားရှိရွာများစွာတွင် မီးကို ဆင့်ကဲကာအသုံးပြုပုံအားလုံးသည် PDF နှင့် ခုခံမှုလုပ်ဆောင်ချက်များနှင့် ဆက်စပ်နေပုံရသော ကြောင့် ဤကောက်ချက်ကို ပိုမိုအားသာစေသည်။ ထို့အပြင် Myanmar Witness သည် အနီးနားရှိ ကျေးရွာများကိုမီးရှို့ရန် စစ်တပ်၏ ရည်ရွယ်ချက်ကို ပြသသည့် ဗီဒီယိုဖိုင်ကို ခွဲခြမ်းစိတ်ဖြာပြီး စစ်တပ်၏တပ်ဖွဲ့များ မီးသုံးစွဲတိုက်ခိုက်မှုပုံစံများကို ဖော်ထုတ်ခဲ့သည်။ မကြာသေးမီလများအတွင်း SAC လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အရ နယ်မြေများတွင် မီးလောင်ကျွမ်းမှုမှာ သိသိသာသာ ပို၍အဖြစ်များကြောင်းကိုလည်း သတိပြုသင့်သည်။

 

 

ပုံ- (ဝဲဘက်) မှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အုပ်ချုပ်ရေးကြေငြာချက်များကို ပုံနှိုင်းယှဥ်ခြင်း၊ မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များအကြောင်းပါဝင်သည့် Myanmar Witness မှ ဖန်တီးထားသောမြေပုံနှင့် ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ စုဆောင်းရရှိထားသော မီးလောင်မှုအချက် အလက်အားလုံးပါဝင်သော Myanmar Witness မှ ဖန်တီးထားသောမြေပုံ။

 

အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံရှိ ရာနှင့်ချီသောကျေးရွာများ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သည့် ဗီဒီယိုဖိုင်ကို Myanmar Witness မှ ဖော်ထုတ်ကာ၊ စုံစမ်း စစ်ဆေး အတည်ပြုခဲ့သည်။ ဤအချက်အလက်စုဆောင်းခြင်းနှင့် စောင့်ကြည့်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Myanmar Witness သည် အဆိုပါမီးလောင်မှုအချို့နှင့် ၎င်းတို့ကျင့်သုံးခဲ့သည့် ပုံစံများကို အသေးစိတ်ဖော်ပြ ထားသည့် အစီရင်ခံစာများစွာကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့တွင်- အရပ်သားများထိခိုက်ခြင်း: မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ရေး စစ်ဆင်ရေးများ၏ သက်ရောက်မှုများအား စုံစမ်းဖော်ထုတ်ထားခြင်း၊ စစ်ကိုင်းတိုင်းတွင် မီးကိုလက်နက်အဖြစ်အသုံးပြုခြင်းနှင့် မီးလောင်နေသောမြန်မာနိုင်ငံ တို့ပါဝင်သည်။ Myanmar Witness သည် အဆိုပါဖြစ်ရပ်များကို ပွင့်လင်းရင်းမြစ်ဖြစ်သည့်Myanmar Witness Fire Map တွင် ထည့်သွင်းဖော်ပြထားပြီး ဒေတာကို ပိုမိုကျယ်ပြန့်သောဖတ်ရှု့သူများ ပြန်လည်သုံးသပ်နိုင်စေရန် ပြုလုပ်ထားပါသည်။

  

သတိပေးချက်- ဤအစီရင်ခံစာတွင် ဂရပ်ဖစ် (စိတ်မချမ်းမြေ့ဖွယ်ရာ) အကြောင်းအရာများ ပါဝင်ပါသည်။

အစီရင်ခံစာအပြည့်အစုံကို ဖတ်ရှုရန် PDF ကို ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page