top of page

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျဉ်းတော်ဦးရှိ နေအိမ်များနှင့် ဘာသာရေးနေရာများ ပျက်စီးခြင်း

Myanmar Witness

28 Apr 2023

Report Published:

5.png
4.png
3.png

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု၏ သက်ရောက်မှု

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျဉ်းတော်ဦးရှိ နေအိမ်များနှင့် ဘာသာရေးနေရာများ ပျက်စီးခြင်း 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု၏ သက်ရောက်မှု

MYANMAR WITNESS

၂၀၂၃ခုနှစ် ဧပြီလ ၂၆ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 



အဓိကဖြစ်ရက်အသေးစိတ်

  • အခင်းဖြစ်ပွားသည့်နေရာ : 

    • ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာ၊ ကလေး (Kale) မြို့နယ်၊ စစ်ကိုင်း (Sagaing)။ 

[23.356936, 94.039784]

  • အခင်းဖြစ်ပွားသည့်နေ့ရက်/အချိန်: 

    • ၂၀၂၃ ခုနှစ် မတ်လ ၃၀ရက်နေ့ မှ ၂၀၂၃ခုနှစ် ဧပြီလ ၆ရက်နေ့အတွင်း 

  • ကျူးလွန်သူ (များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု : 

    • မြန်မာစစ်တပ် 

    • ချင်းကာကွယ်ရေးတပ် - ကလေး  ကဘော ဂန့်ဂေါ (CDF-KKG)

    • ချမ်းသာကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs)

  • စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ် : 

    • ပျဉ်းတော်ဦးကျေးရွာတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်စပ်လျဉ်းသည့် စိတ်ဝင်စားဖွယ်အဖြစ်အပျက်များစွာကို Myanmar Witness မှ ဖော်ထုတ်တွေ့ရှိခဲ့ပါသည်။

    • မြန်မာစစ်တပ် သည် CDF-KKG နှင့် ချမ်းသာကြီး PDF တို့နှင့် ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။ 

    • Myanmar Witness သည် ၂၀၂၃ မတ်လ ၃၁ရက်နေ့မှ ဧပြီလ၆ရက်နေ့ အတွင်းလေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ဟုပြောဆိုထားသော အရပ်သားနေအိမ်များ နှင့် အဆောက်အအုံ အများအပြားပျက်စီးမှု အပါအဝင် သီးခြားဘာသာရေးနေရာနှစ်ခု ကို ပထဝီတည်နေရာအတည်ပြု စစ်ဆေးခဲ့သည်။  

    • Myanmar Witness သည် ၂၀၂၃ခုနှစ် မတ်လ ၃၁ရက်နေ့တွင်ရိုက်ကူးထားသော ပျဉ်းတော်ဦးကျေးရွာ လေပြင်အတွင်းမှ လေယာဉ်တစီး၏ ဗီဒီယိုဖိုင်ကို ပထဝီတည်နေရာအတည်ပြု စစ်ဆေးခဲ့သည်။  

    • ထိုအချိန်ကာလတွင် လူမှုကွန်ယက်၌ အရပ်သားသုံးဦးသေဆုံးမှု အကြောင်းပြောဆိုမှုများရှိခဲ့သည်။ ၎င်းတို့အနက် တဦးကို ထိုနေ့အစောပိုင်းက အွန်လိုင်းလူပျောက်ကြော်ငြာမှတဆင့် ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 


အကျဉ်းချုပ်

၂၀၂၃ ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ကလေး (Kale) မြို့နယ်မြောက်ပိုင်း၊ ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာ၊ အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း Khonumthung Burmese မှ သတင်းထုတ်ပြန်ခဲ့သည်။ ပျဉ်းတော်ဦး (Pyin Taw U) နှင့် နန်းစောင်းပု (Nan Saung Pu) ကျေးရွာတို့ကြား၌ မြန်မာစစ်တပ်နှင့် PDF များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ပျဉ်းတော်ဦး (Pyin Taw U)၊ လက်ပံချောင်း (Let Pan Chaung) ၊ မျောက်ချောတော (Myauk Chaw Taw) နှင့် ချမ်းသာကြီး (Chan Thar Gyi) ကျေးရွာများမှ ဒေသခံများသည် ကလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။


မြန်မာစစ်တပ်က Mi-17 ရဟတ်ယာဉ်တစ်စင်းကို အသုံးပြုနေပြီး အခြားလေယာဉ်တစ်စင်းလည်း အဆိုပါဒေသတွင် ဝေဟင်သို့ ပျံတက်သွားခဲ့ကြောင်း People’s Spring က ပြောကြားခဲ့သည်။ ထိုအချက်ကြောင့် ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လေယာဉ်အမြောက်အမြား ပါဝင်ခဲ့သည်ဟု ယူဆနိုင်သည်။ ရဟတ်ယာဉ်၏ အမျိုးအစား အတိအကျကို Myanmar Witness မှ စုဆောင်းထားသော ဗီဒီယိုဖိုင်ကို အသုံးပြု၍ စစ်ဆေးခဲ့သည်။ Myanmar Witness အသုံးပြုသူထုတ်လုပ်သည့် အကြောင်းအရာ (UGC) အစိတ်အပိုင်းများစွာကို အသုံးပြု၍  ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာရှိလေယာဉ်တစ်စီး၏ ရုပ်ပုံများကို တည်နေရာအတည်ပြုစစ်ဆေးခဲ့သည်။ ဗီဒီယိုကို ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လွှင့်တင်ခဲ့သော်လည်း ထိုနေ့ရက်နှင့်တပြေးညီ တည်နေရာကိုအသုံးပြုကာအချိန်အတည်ပြုခြင်း ပြုလုပ်၍မရပါ။


ပျဉ်းတော်ဦး(Pyin Taw U)ရှိ သီးခြားဘာသာရေးနေရာနှစ်ခုဖြစ်သော Hosana Assembly of God ဘုရားကျောင်း နှင့် Shiloh Baptist ဘုရားကျောင်း တို့၏ အဆောက်အဦးများ ပျက်စီးမှုကို Myanmar Witnessက အတည်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ  ဧပြီလ ၆ရက် အတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ပြောဆိုထားသည်။ Hosana Assembly of God ဘုရားကျောင်း ၏ပျက်စီးမှုကို ဂြိုလ်တုပုံရိပ်များတွင် မမြင်နိုင်သော်လည်း Shiloh Baptist ဘုရားကျောင်း တည်ရှိရာသည့် နေရာတွင် ပြောင်းလဲမှုအနည်းငယ်ကို Sentinel တွင်မြင်နိူင်သည်။ Myanmar Witness မှ စစ်ဆေးထားသော UGC သည် ဖျက်ဆီးခံခဲ့ရ၍ ပျက်စီးသွားသော နေအိမ်များကိုပြသပြီးနောက် ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာဟု တည်နေရာအတည်ပြု စစ်ဆေးနိူင်ခဲ့သည်။  ဤအဆောက်အအုံများသည် ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်မှ ၆ ရက်အတွင်း ဖျက်ဆီးခံခဲ့ရသည်ဟု ပြောဆိုထားသည်။ တည်နေရာအတည်ပြု ထားသောနေရာများရှိ မြင်သာသောပြောင်းလဲမှုများကို Sentinel ပုံရိပ်များတွင်လည်း မြင်တွေ့နိုင်သည်။ 


ပျက်စီးနေသည့် Shiloh Baptist ဘုရားကျောင်း၏ ဗီဒီယိုဖိုင်တွင် ခဲယမ်းပုံရိပ်များ ပါဝင်သည်။ အဆိုပါ ခဲယမ်းများသည် မြန်မာစစ်လေယာဉ်များ အထူးသဖြင့် Mi-35 လေယာဉ်များတွင် အသုံးပြုနေသည့် S-8 ဒုံးကျည်ဖြစ်ကြောင်း Myanmar Witness မှ အတည်ပြုခဲ့သည်။


သတိပေးချက်- ဤအစီရင်ခံစာတွင် စိတ်မချမ်းမြေ့ဖွယ် ဂရပ်ဖစ်(graphic)ရုပ်ပုံများ ပါရှိပါသည်။


  • Myanmar Witness မှ အတည်ပြု နိုင်ခဲ့သော အချက်အလက်များ :

  • လေကြောင်းတိုက်ခိုက်ခံရသည့်ကာလတွင် ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာဟု ပထဝီတည်နေရာအတည်ပြု စစ်ဆေးနိူင်ခဲ့သည့် မြန်မာစစ်လေယာဉ် Mi-35 ၏တည်နေရာ။

  • ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထိခိုက်ခဲ့သော ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း အပါအဝင် ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာ ရှိ ပျက်စီးနေသည့် အဆောက်အဦးများ၏ တည်နေရာ။

  • ပျက်စီးသွားသော ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်သော Shiloh Baptist ဘုရားကျောင်း ၏ ဗီဒီယိုဖိုင်တွင်  တွေ့ရှိရသည့် S-8 ဒုံးပျံတစ်ခု။ 

  • မတ်လ ၄ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၈ ရက်နေ့အထိ ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာရှိ ကွဲပြားသည့် နေရာသုံးခုတွင် အသီးအရွက်များ ဆုံးရှုံးခြင်းကို ပြသသည့် Sentinel ပုံ။

  • ဤပဋိပက္ခမတိုင်မီ လူမှုကွန်ယက်ပေါ်တွင် အတည်မပြုနိုင်သော ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူသုံးဦး၏ အသုံးပြုသူထုတ်လုပ်သည့် အကြောင်းအရာ (UGC) ။ ဤပုံများကို ပြောဆိုထားသော ရက်စွဲများအနီးတွင် သို့မဟုတ် ထိုရက်များတွင်လည်း လွှင့်တင်ထားသည်။

  • အထက်ဖော်ပြပါ UGC တွင် ဖော်ထုတ်ထားသူများအနက်မှ တစ်ဦးနှင့် ပတ်သက်သည့် Facebook တွင် လူပျောက်ကြေညာချက်။ သေဆုံးသူ သုံးဦးသည် အရပ်သားသုံးဦးဟု ဆိုကာ Myanmar Witness မှ ဖော်ထုတ်ထားသော သေဆုံးသူ သုံးဦးနှင့် ကိုက်ညီမှုရှိခြင်း။ 


စုံစမ်းထောက်လှမ်းချက်များအားလေ့လာခြင်း

တည်နေရာအတည်ပြုစစ်ဆေးခြင်းများ


Myanmar Witness သည် ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာ ရှိ Hosana Assembly of God Church ၏ ပျက်စီးမှုရုပ်ပုံများကို ကိုဩဒိနိတ်အမှတ် 23.357231, 94.040508 ဝန်းကျင်အထိ ပထဝီဝင်တည်နေရာအတည်ပြုစစ်ဆေးခဲ့သည် ။ ဤပျက်စီးမှုသည် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည် (ပုံ ၁) ဟု ပြောဆိုထားသည်။ Khonumthung Burmese မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လွှင့်တင်ခဲ့သော နောက်ထပ်ဗီဒီယိုဖိုင်တွင် Mi-35 ဟု Myanmar Witness မှဖော်ထုတ်ထားသော လေယာဉ်တစ်စင်းအား ပျဉ်းတော်ဦး (Pyin Taw U)ကျေးရွာ၏လေပိုင်နက်တွင်တွေ့ရသည် (ပုံ ၂)။ 


ပုံ ၁ - 23.357231, 94.040508 တွင် Hosana Assembly of God Church ပျက်စီးမှု၏ ဘူမိတည်နေရာအတည်ပြုချက်။ (အရင်းအမြစ်: Zalen).


ပုံ ၂ - ၂၀၂၃ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ရိုက်ကူးခဲ့သော ပျဉ်းတော်ဦး (Pyin Taw U)ကျေးရွာရှိ Mi-35 လေယာဉ်၏ ဘူမိတည်နေရာအတည်ပြုချက်  (23.357911, 94.039910) ။  (အရင်းအမြစ် : Khonumthung Burmese).


Myanmar Witness သည် ပျဉ်းတော်ဦး (Pyin Taw U) ရှိ Shiloh Baptist Church ၏ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့မှ စတင်ကာ အဆောက်အဦးများ ပျက်စီးခဲ့သည်ဟု ယူဆရသည့် နောက်ထပ်ဗီဒီယိုဖိုင်ကို ပထဝီဝင်တည်နေရာအတည်ပြုစစ်ဆေးခဲ့သည်။ ဤပုံများတွင် မီးလောင်ပျက်စီးမှုများ သိသာစွာ မမြင်ရပါ၊ ထို့အပြင် ခေါင်မိုးများ ထိခိုက်နေပုံပေါ်သဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများဖြစ်နိူင်သည် ဟုယူဆရသည် (ပုံ ၃)။


ပုံ ၃  - ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ပျက်စီးနေသော Shiloh Baptist ဘုရားကျောင်း၏ ဘူမိတည်နေရာအတည်ပြုချက် (23.358067, 94.042780)။ (အရင်းအမြစ် : Zalen).


Myanmar Witness မှ တည်နေရာအတည်ပြုထားသော နောက်ဆက်တွဲဗီဒီယိုဖိုင်၌ ပျဉ်းတော်ဦး (Pyin Taw U)ကျေးရွာတွင် အကြီးအကျယ်ပျက်စီးမှုကို ပြသနေခဲ့သည် (ပုံ ၄)။ ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရွာ၏ နောက်ထပ် ဗီဒီယိုဖိုင်များကို PDF Facebook စာမျက်နှာတစ်ခုမှ တင်ထားသည်။ ဤဗီဒီယိုဖိုင်တွင် အချို့သောပုံများသည် မီးလောင်မှုများ (ပုံ ၅) ကို ပြသနေခဲ့သည်။ 


ပုံ ၄ - ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် လွှင့်တင်ထားသော ဗီဒီယိုတစ်ခု၏ ဘူမိတည်နေရာအတည်ပြုချက်အရ ရွာ၏မြောက်ဘက်ရှိ ပျက်စီးမှုများ (23.359944, 94.042111)။ (အရင်းအမြစ် : ပုဂ္ဂလိက) (23.359944, 94.042111).


ပုံ ၅ - ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် လွှင့်တင်ထားသော PDF ဗီဒီယိုဖိုင်၏ ဘူမိတည်နေရာအတည်ပြုချက်အရ ပျဉ်းတော်ဦး (Pyin Taw U) တွင် ပျက်စီးနေသော အဆောက်အဦးများနှင့် မီးလောင်ကျွမ်းမှုများ  (23.357001, 94.041667)။  (အရင်းအမြစ်: Private).


ပျဉ်းတော်ဦး (Pyin Taw U)ကျေးရွာမှ ဟုယူဆရသော အဆောက်အဦးများမှ နံရံများပေါ်တွင် ရိုင်းစိုင်းသော ဂရပ်ဖစ်တီပုံများကို Myanmar Witness မှဖော်ထုတ်ထားသည့် နောက်ထပ် အတည်မပြုနိုင်သော ရုပ်ပုံများ (unverified images) တွင်တွေ့ရသည်။ ဤစာများတွင် ချင်းတိုင်းရင်းသားများ နှင့် PDF တပ်ဖွဲ့များ (Chin ethnic people and PDF forces ) အပေါ် ရိုင်းစိုင်းမှုများနှင့် ရွာကို မီးရှို့ခြင်းနှင့် ပတ်သက်သည့် ခြိမ်းခြောက်မှုများ (threats related to burning) ပါ၀င်သည် (ပုံ ၆)။ 


ပုံ 6- ပျဉ်းတော်ဦး (Pyin Taw U)​ကျေးရွာ နံရံများပေါ်ရှိ လက်ရေးစာသားများသည် ချင်းလူမျိုးများနှင့် PDF များအပေါ် ရိုင်းစိုင်းမှုများ အပြင် ခြိမ်းခြောက်မှုများ ပြုလုပ်ထားသည်ကိုတွေ့ရသည်။ (အပေါ်ပုံ) “ချင်းစုတ်၊ PDF”၊ (ဘယ်ဘက်အောက်ခြေ) “ချင်းစုတ်၊ PDF အကြမ်းဖက်သမား” နှင့် (ညာဘက်အောက်ခြေ) “ခေါင်းဆောင်ထံမှ၊ နောက်တစ်ခါဆိုရင် မီးရှို့မယ်”။


Sentinel မှတဆင့်အတည်ပြုခြင်း

Sentinel ဂြိုလ်တုပုံရိပ်များသည် ၂၀၂၃ ခုနှစ် မတ်လ ၁၄ မှ ဧပြီလ ၁၈ရက်အတွင်း ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာ၏ ဧရိယာတွင် ပုံရိပ်ပြတ်သားမှုလျော့နည်းသွားကာ အရောင်ပြောင်းမှုကို ပြသသည်။ ဤဧရိယာသည် Myanmar Witnessမှ ပထဝီဝင်တည်နေရာအတည်ပြုထားသော ပုံ၅ မှ ထိခိုက်သည့် ဧရိယာနှင့် ကိုက်ညီပါသည် (ပုံ ၇)။ ဤပြောင်းလဲမှုများသည် အဆောက်အဦးများ သို့မဟုတ် ထိုဧရိယာရှိ မြေပြင်ကို ထိခိုက်စေသည့် မီးလောင်ကျွမ်းမှုအသေးစားများကြောင့် ဖြစ်နိုင်သည်။ ၎င်းကို ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ ဧပြီလ ၈ရက် အတွင်း Sentinel ပုံများတွင် ပိုမိုနည်းပါးသောအတိုင်းအတာအထိ တွေ့နိူင်သည်။ ဂြိုလ်ထုပုံရိပ်များသည် ကြားရက်များတွင် များသောအားဖြင့် ရှင်းလင်းပြတ်သားမှု မရှိသောကြောင့် အကဲဖြတ်ရန်အတွက် ပိုမိုကျယ်ပြန့်သော ကိုးကားမှု သတ်မှတ်ချိန်တစ်ခု လိုအပ်ပါသည်။


ထိုအချက်က Myanmar Witness ၏ ခွဲခြမ်းစိတ်ဖြာချက်ကို  သေချာသောရက်စွဲတစ်ခုအထိ တိကျမှုနည်းပါးစေသော်လည်း ၂၀၂၃ ခုနှစ် မတ်လ ၁၄ နှင့် ဧပြီလ ၁၈ရက် အတွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သက်သေပြနေပါသည်။ ဤ Sentinel ရုပ်ပုံ နှင့်အတူ Myanmar Witness ၏ ပထဝီဝင်တည်နေရာအတည်ပြုထားသော  မြေပြင်ဗီဒီယိုဖိုင်သည် ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဧပြီလ ၈ ရက်နေ့အတွင်း ဖြစ်ပွားသည့် အဆိုပါဖြစ်ရပ်များ၏ အချိန်ကာလကို ကျဉ်းမြောင်းစေသည်။


 

ပုံ ၇- အနီရောင်ဖြင့် ပြထားသော ရွာ၏ အနေအထားသည် ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ကြားတွင်ပုံရိပ်ပြတ်သားမှုလျော့နည်းသွားကာ အရောင်ပြောင်းနေသောထို ဧရိယာနှင့် အလွန်အမင်း ကွဲပြားကြောင်း  Sentinel ပုံက သရုပ်ပြသည်။


သေဆုံးသူများ 

အွန်လိုင်းပို့စ်များတွင် ၂၀၂၃ခုနှစ် ဧပြီလ ၅-၆ရက် တိုက်ပွဲများအတွင်း ထိခိုက်ခဲ့သည့်အရပ်သားများဖြစ်ကြောင်းဆိုထားသော  သေဆုံးသူများ၏ UGCကို ၂၀၂၃ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်တွင် ပထမဆုံးတင်ခဲ့သည်။ သီးခြားအွန်လိုင်းပို့စ်များအရ အဆိုပါပုံမှ အရပ်သားများသည် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ၎င်းတို့ထဲမှ နှစ်ဦးကို မြန်မာစစ်တပ်မှ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ သေဆုံးသူများထဲမှ မည်သူမျှ ယူနီဖောင်းဝတ်ထားသည့် ပုံများ ကို မတွေ့ရပါ။


သေဆုံးသူများထဲမှ တစ်ဦးအတွက် (ပုံ ၈) Myanmar Witness မှ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ ဒေသစံတော်ချိန် ၀၆၁၂ အချိန်တွင် လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသော ပို့စ်တခုကို စစ်ဆေးခဲ့ရာ သေဆုံးသူ၏ နားရွက်၊ ဆံပင်ပုံသဏ္ဍာန် နှင့် အဝတ်အစား ကိုက်ညီသူတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ Myanmar Witness မှ သေဆုံးသူ၏ မျက်နှာသွင်ပြင်အား အပြုသဘောဆောင်သည့်ဖော်ထုတ်ချက်များ ပြုလုပ်ရန်အတွက် သေဆုံးသူ၏မျက်နှာသည် အလွန်ယောင်ကိုင်းနေပြီး ပွန်းပဲ့ဒဏ်ရာ များရရှိလျက်ရှိသည်။ အဆိုပါ လူမှုကွန်ယက်ရှိရေးသားချက် သည် ဒေသစံတော်ချိန် ၁၁နာရီ ၄၇မိနစ်တွင် သေဆုံးသူများ၏ပို့စ် မတိုင်ခင် ငါးနာရီအကျော်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ 


ပုံ ၈ - ၂၀၂၃ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် လွှင့်တင်ထားသော သေဆုံးခဲ့သူတစ်ဦး၏ပုံ၊  လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ပြောဆိုထားသည်။ 

၎င်းကို  ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် Facebook စာမျက်နှာတစ်ခုမှ မျှဝေထားသော လူပျောက်ကြော်ငြာမှ ဓာတ်ပုံနှင့် နှိုင်းယှဉ်ဖော်ပြထားပါသည်။  (အရင်းအမြစ်: Private).


အသုံးပြုခဲ့သော လက်နက်ခဲယမ်းများ

ဤစုံစမ်းစစ်ဆေးမှုအတွင်း သီးခြားဗီဒီယိုအပိုင်းနှစ်ပိုင်းသည် ဤတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော လက်နက်များကို ခွဲခြမ်းစိတ်ဖြာရာမှာ အထောက်အကူဖြစ်စေခဲ့ပါသည်။ တိုက်ခိုက်မှုကို ဖော်ပြသည့် UGC သည် Mi-17 သို့မဟုတ် Mi-35 အမျိုးအစား (ပုံ ၉)  SAC စစ်ရဟတ်ယာဉ်များ ရှိနေကြောင်း ဖော်ပြခဲ့သည်။ မြန်မာ့လေတပ် (MAF) သည် ယခုလက်ရှိ ပဋိပက္ခတွင် အဆိုပါ လေယာဉ်အမျိုးအစားများကို အသုံးပြုနေသည့် တစ်ခုတည်းသော အဖွဲ့ဖြစ်သည်။ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်က ပျဉ်းတော်ဦး (Pyin Taw U) လေပိုင်နက်ရှိ ရဟတ်ယာဉ်တစ်စင်း၏ ပုံသည် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို သရုပ်ဖော်ကြောင်း Myanmar Witness မှ အတည်ပြုနိုင်သည်။


ပုံ ၉- ပျဉ်းတော်ဦး (Pyin Taw U)​ကျေးရွာ လေပိုင်နက်အတွင်းရှိ  ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ရိုက်ကူးခဲ့သည်ဟု ယူဆရသော Mi-35 ရဟတ်ယာဉ်၏ပုံများ  (23.357911, 94.039910). (အရင်းအမြစ်: Khonumthung Burmese)


ဒုတိယအနေဖြင့် Myanmar Witness မှခွဲခြမ်းစိတ်ဖြာထားသော ဗီဒီယိုများထဲမှ တစ်ခုသည် Shiloh Baptist ဘုရားကျောင်း၏ ပျက်စီးဆုံးရှုံးမှုကို ပြသထားပြီး ဘုရားကျောင်း၏ကြမ်းပြင်တွင် ကျန်နေသော လက်နက်ကြီး၏ အစိတ်အပိုင်းတစ်ခု (ပုံ ၁၀) ကို ပြသထားသည်။ Myanmar Witness သည် ဤအကြွင်းအကျန်၏  မြေကြီးမှထိုးထွက်နေသည့် မြင်ရသော အစိတ်အပိုင်း၏ ထူးခြားသော အင်္ဂါရပ်များသည်  S-8 အမျိုးအစား ဒုံးပျံ၏အမြှီးတောင်နှင့်ကိုက်ညီမှုရှိခြင်းအားဖြင့် ၎င်းသည် ဆိုဗီယက်မှဒီဇိုင်းထုတ်ထားသော လမ်းညွှန်မဲ့ပစ်ချနိူင်သည့် 80mm S-8 အမျိုးအစား ဒုံးပျံ အမျိုးအစားတွင် ပါဝင်ကြောင်းဖော်ထုတ်နိုင်ခဲ့သည် (ပုံ ၁၁)။


ပုံ ၁၀ -  ပျဉ်းတော်ဦး (Pyin Taw U)​ ကျေးရွာအတွင်ရှိ Shiloh Baptistဘုရားကျောင်းအနီးတွင် ရိုက်ကူးထားသည့် ဒုံးကျည်၏အပိုင်းအစတစ်ခု  (အရင်းအမြစ်: Private)။ 


ပုံ ၁၁ - Shiloh Baptist ဘုရားကျောင်း မှ အကြွင်းအကျန်များကို အတည်ပြုထားပြီးသော S-8 အမျိုးအစား ဒုံးပျံများ၏ အမြှီးတောင် အပိုင်းများ ရုပ်ပုံနှင့် နှိုင်းယှဉ်ခြင်း (အရင်းအမြစ်: Private; Guns.allzip; KNU)။


ပုံ 12- S-8 ဒုံးပျံမျိုးကွဲများထဲမှ တစ်ခု (S-8KOM) သည် ၎င်း၏ လက်ရှိတင်ပို့ရောင်းချသူ တစ်ဦး၏ ဝဘ်ဆိုက်(website) တွင် စျေးကွက်တင်ထားသည်။ S-8 အမျိုးအစားကို နိုင်ငံတကာတွင် ယနေ့ခေတ် ကုမ္ပဏီများစွာမှ ထုတ်လုပ်လျက်ရှိသည်။ (အရင်းအမြစ်: Roe.ru)။


S-8 အမျိုးအစား ဒုံးပျံ (အမျိုးအစားကွဲ များစွာရှိသည့်အနက်) ကို မြန်မာလေတပ် (MAF) အတွင်း အသုံးပြုနေသော လေယာဉ်များစွာဖြင့် အသုံးပြုနိုင်သည်။ ၎င်းအား လေယာဉ်တောင်ပံအောက်ရှိဖွဲ့စည်းပုံ များပေါ်တွင် တပ်ဆင်ထားသည့် ဒုံးပျံ ပုံစံများစွာဖြင့် လျှပ်စစ်အားအသုံးပြုပစ်ခတ်သည်။

မြန်မာလေတပ် (MAF) မှ လက်ရှိအသုံးပြုနေသည့် Mi-35၊ Yak-130၊ MiG-29၊ Su-30 နှင့် G-4 လေယာဉ်အမျိုးအစား များမှလွဲ၍ S-8 အမျိုးအစား ဒုံးပျံများ တပ်ဆင်ထားနိုင်ကြောင်း Myanmar Witness မှ အတည်ပြုနိုင်သည်။ ထိုအချက်သည် မြန်မာ့တပ်မတော်မှ Mi-35 လေယာဉ်များကို အသုံးပြု၍ ပျဉ်းတော်ဦး (Pyin Taw U) ကျေးရွာကို တိုက်ခိုက်ခဲ့သည်ဟူသောအချက်ကို ယုံကြည်နိူင်စေပါသည်။


အနာဂတ်စောင့်ကြည့်လေ့လာခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးစဉ်မှစ၍ PDFများ နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါသည်။ အခြေအနေများ ပိုမိုဆိုးရွားလာသည်နှင့်အမျှ အရပ်သားများအပေါ် ထိခိုက်စေသော တိုက်ခိုက်မှုများကို Myanmar Witness မှ အစီရင်ခံပြီး စုံစမ်းစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာခဲ့ပါသည်။ အထူးအားဖြင့် စစ်ကိုင်း၊ ချင်း နှင့် မကွေးတိုင်း တစ်စိတ်တစ်ပိုင်းဖြင့်ဖွဲ့စည်းထားသည့် ‘ခြောက်သွေ့ဇုန်’ သည် တိုက်ပွဲအတွင်း နှစ်ဖက်စလုံးအတွက် ဗျူဟာအရ အရေးပါသော အဓိက နယ်မြေဖြစ်သည်။ 

မြန်မာစစ်တပ် နှင့် PDF၊ EAOများ၊ အခြားသော ပဋိပက္ခအတွင်းပါဝင်နေသည့် အဖွဲ့များ၏ တိုက်ပွဲများ  အထူးသဖြင့် တိုက်ပွဲအတွင်း ဗျူဟာအရ အရေးပါသော ခြောက်သွေ့ဇုန် တွင်ဖြစ်ပွားနေသော တိုက်ပွဲများကို ဆက်လက်စောင့်ကြည့်လေ့လာရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခပုံစံများကို ထိုးထွင်းသိမြင်နိုင်စေရန်အတွက် Myanmar Witness မှ ပဋိပက္ခ အခြေအနေ အစီရင်ခံစာများနှင့် မြန်မာလေတပ် (MAF) လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်စောင့်ကြည့်လေ့လာသွားမည်ဖြစ်ပါသည်။ 


အတိုကောက်အခေါ်အဝေါ်များ


ချင်းကာကွယ်ရေးတပ် - ကလေး  ကဘော ဂန့်ဂေါ   CDF-KKG

မြန်မာလေတပ်   MAF

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ   PDF

နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   SAC

အသုံးပြုသူထုတ်လုပ်သည့်အကြောင်းအရာ   UGC        




uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page