အစီရင်ခံစာ
လက်ကမ်းစာစောင်များအား
ဝါဒဖြန့်မှု၊ သတင်းအမှားဖြန့်မှု၊ ခြိမ်းခြောက်မှုနှင့် သွေးခွဲမှုတို့အတွက်
အသုံးပြုခြင်း

Myanmar Witness

18 Jul 2022

Report Published:

5.png
4.png
3.png

လက်ကမ်းစာစောင်များအား ဝါဒဖြန့်မှု၊ သတင်းအမှားဖြန့်မှု၊ ခြိမ်းခြောက်မှုနှင့် သွေးခွဲမှုတို့အတွက် အသုံးပြုခြင်း


Myanmar Witness ၏ အစီရင်ခံစာ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့


အနှစ်ချုပ်


Myanmar Witness သည် ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း ပြည်နယ် နှင့် ကချင်ပြည်နယ်စသည့် နေရာများအပါအဝင် မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှု ကို ဆန့်ကျင်သည့် နယ်မြေဒေသများနှင့်ဆက်လျဥ်းပြီး စစ်တပ်ထောက်ခံအားပေးသည့် ဝါဒဖြန့်ချိမှုများ ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ယင်း လက်ကမ်းစာစောင်အသွင်ဖြန့်ဝေမှုများတွင် ဘာသာရေး နှင့် နိုင်ငံ ရေး သွေးခွဲမှုများပါဝင်ပြီး၊ မူဆလင်ဆန့်ကျင်ရေးအာဘော်များပါဝင်ကာ စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံ များအပြင်၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုများလည်း ပါဝင်သည်။ ယင်းစာများတွင် ‘စိစစ်ထားပြီး သ တင်းမှန် (fact-checked)’ စသည့် စာသားများရေးနှိပ်ထားသည့် အယူအဆလွဲမှားစေသောနှင့် အတည် ပြုထားခြင်းမရှိသော သတင်းအချက်အလက်များပါဝင်လေ့ရှိသည်။ ယင်းစာစောင်များဖြန့်ဝေမှုသည် အင်တာနက်ဖြတ်တောက်ထားစဥ်ကာလများတွင် ဖြစ်ပေါ်ခဲ့ပြီး ပစ်မှတ်ထားခံရသည့် အများပြည်သူလူထုအနေဖြင့် ယင်း သတင်းအချက်အလက်များအားစိစစ်နိုင်စွမ်းအပေါ် အကန့်အသတ်ရှိစေခဲ့သည်။ ယင်းစာစောင်များတွင် ဘုံတူညီစွာဖော်ပြလေ့ရှိသော အကြောင်းအရာရပ်များတွင်- အမျိုးသားညီညွတ် ရေးအစိုးရ (NUG) နှင့် စစ်တပ်ကိုဆန့်ကျင်သည့်အုပ်စုများသည် မဲမသမာစွာ မဲခိုးသူများ၊ အကြမ်းဖက် သူများဖြစ်ကြောင်းနှင့် အများပြည်သူလူထုအပေါ် ဆိုးရွားပြင်းထန်သည့် အကြမ်းဖက်မှုများ ကျူးလွန် နေကြသူများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများတွင် ပါဝင်ပတ်သက်နေ ကြောင်း- တို့ဖြစ်သည်။


တိုက်ခိုက်ခံရနိုင်ကြောင်း ခြိမ်းခြောက်မှုများ သို့မဟုတ် ဒီမိုကရေစီထောက်ခံသူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ဝင်များအား အားပေးကူညီနေသူများဖြစ်စေ၊ အသံတိတ်သပိတ်စသည့် စစ်တပ်ကို ဆန့်ကျင်သော လှုပ်ရှားမှုများတွင်ပါဝင်ပတ်သက်နေသူများအားဖြစ်စေ ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ခြိမ်းခြောက်မှုများစသည်တို့အပါအဝင်- ယင်းလက်ကလမ်းစာစောင်များတွင် ပါဝင်သည့် အများပြည်သူထံ ‘သတိပေးမှုများ’ အချို့ကို ဤ သုတေသနမှ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ဤအစီရင်ခံ စာ ရေးသားချိန်တွင် - ယင်းသို့သော သတိပေးမှုတစ်ခုဖြစ်ပွားခဲ့သည့် တည်နေရာတစ်ခုအကြောင်း Myanmar Witness က သိရှိထားပြီး၊ စစ်တပ်မှတိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲချက်များနှင့် ကိုက်ညီမှုရှိသည့် ကျေးရွာတစ်ခုရှိပျက်စီးဆုံးရှုံးမှုများကို ရိုက်ကူးပြသထားသည့် ရုပ်သံဖိုင်ကို Myanmar Witness က အ တည်ပြုနိုင်ခဲ့သည်။ ယင်း တိုက်ခိုက်မှုများသည် အဆိုပါကျေးရွာအတွင်း ယင်းသို့ သတိပေးမှုများပေါ် ပေါက်ခဲ့ပြီး တစ်လအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယင်းတိုက်ခိုက်မှုသည် အဆိုပါ လက်ကမ်းစာစောင်များနှင့် ဆက်စပ်မှုရှိ/မရှိကို Myanmar Witness မှ အတည်မပြုနိုင်ပါ။


ယင်းသို့သော လက်ကမ်းစာစောင်များ၏ လက္ခဏာရပ်များ၊​ ပုံပန်းသွင်ပြင်သဏ္ဍာန်၊ လားရာအကြောင် အရာ၊ ရုပ်ပုံ နှင့် ဖြန့်ဝေသည့်ပုံစံ တို့ကို Myanmar Witness မှ မှတ်တမ်းတင်ပြီး၊ စုံစမ်းစစ်ဆေးခဲ့သည်။ ယင်းစာစောင်များ၏ အရင်းအမြစ်များကိုမူ Myanmar Witness မှ အတည်ပြုနိုင်ခြင်းမရှိသော်လည်း ဤစုံစမ်းစစ်ဆေးမှုအရ ယင်းစာစောင်အမြောက်အများတို့သည် တူညီသော၊ စစ်တပ်ထောက်ခံအား ပေးသည့် အရင်းအမြစ်တစ်ခုမှ အရင်းခံ၍ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ပြသနေသည်။ လူထုအား ခြိမ်းခြောက်ရန်၊ ဖိနှိပ်ရန်နှင့် သွေးခွဲရန်အတွက် အင်တာနက်များဖြတ်တောက်ချိန်နှင့် တစ်ပြိုင်နက် တည်း ယင်းသို့သောလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဖြစ်စဥ်အ ကြောင်းအရာအသွားအလာကို ထိန်းချုပ်ကိုင်တွယ်လိုသည့် ပုံစံကို ဤ စုံစမ်းစစ်ဆေးချက်က ဖော်ထုတ် ပြသနေသည်။


မိတ်ဆက်နှင့် အကြောင်းအရာ


မြန်မာနိုင်ငံတစ်ဝှမ်း လေထုမှတစ်ဆင့် လက်ကမ်းစာစောင်များ ဖြန့်ကျဲမှုအကြောင်း ပြောကြားမှုများကို ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက Myanmar Witness. က မှတ်တမ်းတင်ထားခဲ့သည်။ ဤ အစီရင်ခံစာတွင် ယင်းစာစောင်များအတွင်းပါဝင်သည့် - ဘုံတူညီသော အကြောင်းအရာများ၊ သတင်းအချက်အလက် အ မှားများဖြန့်ဝေခြင်း၊ ခြိမ်းခြောက်မှုကို အသုံးပြုခြင်းနှင့် လူထုအတွင်း သွေးခွဲရန်ကြိုးပမ်းမှုများ- ကို ရှာ ဖွေဖော်ထုတ်ထားသည်။


ပထမဦးစွာ- စစ်တပ်၏နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အာဘော်ကို - ဥပမာ- ဂလိုဘယ်နယူး လိုက်အော့ဖ်မြန်မာ (GNLM) စသည့် နိုင်ငံပိုင် သတင်းမီဒီယာကွန်ယက်များမှ ရုပ်မြင်သံကြား၊ အွန်လိုင်း သတင်းမီဒီယာ၊ လူမှုကွန်ယက်သတင်းမီဒီယာနှင့် သတင်းစာများစသည့် ခေတ်မှီသောပုံစံများမှတစ်ဆင့် ဖြန့်ဝေနေသည့်အခါမျိုးတွင် ယင်းသို့သော လက်ကမ်းစာစောင်အမျိုးအစားများသည် ခေတ်နှင့်မလျော် ညီသည့်ဟန်ရှိနိုင်သည်။ သို့သော်လည်း - ပစ်မှတ်ထားသည့် တည်နေရာများနှင့် ဝေဟင်ကိုအသုံးပြု၍ ဖြစ်စေ၊ ဗြောင်အဝတ်အစားများဝတ်ဆင်ထားသည့်သူများမှ လက်ဖြင့်ကိုယ်တိုင်ဖြစ်စေဖြန့်ဝေသည့်ပုံစံ စသည်တို့အပါအဝင် နောက်ခံအကြောင်းအရာကိုစဥ်းစားကြည့်ပါက ပို၍ ထင်သာမြင်သာရှိစေသည်။ လက်ကမ်းစာစောင်များအား အင်တာနက်နှင့် နေ့တဓူဝပြတ်တောက်နေသည့် လူထုများအား သတင်း အချက်အလက်ပိုမိုရောက်ရှိစေမည့်နည်းလမ်းအပြင် နိုင်ငံ၏ နေမြေဒေသတစ်ခုခုအတွင်းရှိ စစ်တပ် ဆန့်ကျင်သော လှုပ်ရှားမှု နှင့် ဆန့်ကျင်မှုအဆင့်များအား တုံ့ပြန်ချေမှုန်းရန်နည်းလမ်းအဖြစ်လည်း အသုံး ပြုခြင်းဖြစ်နိုင်ကြောင်း ဤ သုတေသနအရ သိရသည်။


မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းကတည်းက၊ အထူးသဖြင့် ၎င်းတို့အာ ဏာ သိမ်းကာစ ကာလက- နိုင်ငံတစ်ဝှမ်း အင်တာနက်များနှင့် မိုဘိုင်းဒေတာများကို အကြိမ်ကြိမ်ဖြတ် တောက်မှုများပြုလုပ်ခဲ့ပြီး၊ Netblocks ၏ ၂၀၂၁ ခုနှစ် ဒေတာအချက်အလက်များအရလည်း ဆက်သွယ် ချိတ်ဆက်မှု ကန့်သတ်ချက်များ သိသာစွာရှိခဲ့ကြောင်း သက်သေပြနေသည်။ ၂၀၂၁ ခုနှစ် မတ်လ တစ် လျှောက်လုံး မြန်မာနိုင်ငံတွင် အင်တာနက်ကို ဒေသစံတော်ချိန် ၀၁၀၀ နာရီမှ ၀၆၃၀ နာရီအထိ ဖြတ် တောက်ထားခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်လည်း ဖုန်းခေါ်ဆိုနိုင်သည့် ဆယ်လူလာ ကွန်​ယက်ကို ၀၀၀၀ နာရီမှစတင်ဖြတ်တောက်ခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဒေတာချိတ်ဆက်နိုင်မှုကို Netblocks မှ မပြပဲ ရပ်တန့် ခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့အထိ အနည်းဆုံး ရက် ၁၀၀ ကျော်အထိ ဆက်လက်ဖြတ်တောက်ထားခဲ့သည်။ အင်တာနက်ဖြတ်တောက်ထားစဥ်အတွင်း လူထုအ နေဖြင့် အခြားသတင်းအရင်းအမြစ်များအား ရယူလက်လှမ်းမှီနိုင်မှုမရှိပဲ၊ သတင်းအချက်အလက်များ ကို စိစစ်နိုင်မှုမရှိသည့်အချိန်တွင် ယင်း လက်ကမ်းစာစောင်ဖြန့်ဝေမှုများကိုကြည့်ခြင်းအားဖြင့် လူထု အား သတင်းအချက်အလက်နှင့် ဝါဒဖြန့်ချိ ခြင်းမှတစ်ဆင့် သတင်းမီဒီယာဖော်ပြမှုကို ထိန်းချုပ်လိုသည့် ဆန္ဒရှိကြောင်းပြသနေသည်။ သို့ဖြစ်ရာ ယင်းလက်ကမ်းစာစောင်များသည် သတင်းအချက်အလက် များနှင့် ဝါဒများဖြန့်ချိရန်အတွက် သမားရိုးကျနည်းလမ်းများအဖြစ် ပံ့ပိုးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အချို့သောဖြစ်စဥ်များတွင် ယင်းဝါဒဖြန့်ချိရေးစာစောင်များကို မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းဒေ သများသို့ပစ်မှတ်ထား ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ ယင်းဒေသများသည် စစ်တပ်ကို ဆန့်ကျင် တော်လှန်နေသည့် သိသာသင်ထားသောနယ်မြေများဖြစ်ကာ ဝေးလံခေါင်ပါးပြီး တောတောင်ထူထပ် သည့် ပထဝီနေရာဒေသဖြစ်သဖြင့် လူသူအရောက်အပေါက်နည်းပြီး သွားလာရခက်ခဲသည့် နေရာများ လည်းဖြစ်သည်။ ဥပမာ- ချင်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း အရှေ့မြောက်ပိုင်းနေရာဒေသများ သည်- ကာလရှည်ကြာစွာတည်ရှိလာခဲ့ပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှ တိုးများ လာသော PDF အဖွဲ့ဝင်များအား စစ်သင်တန်းပေးခြင်း၊ လက်နက်နှင့် စစ်ဆင်ရေး စသည့် ပံ့ပိုးမှုများ ပို၍ ပေးအပ်လာနေသည့် နယ်မြေဒေသများဖြစ်သည်။ Myanmar Now ၏ အစီရင်ခံချက်တစ်ခုအရ စက် တင်ဘာလမှ နောက်ပိုင်းအင်တာနက်ဖြတ်တောက်မှုများသည် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းတို့တွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာမှုများနှင့် ဆက်စပ်နေကြောင်းဆိုသည်။ အောက်တိုဘာလအ စောပိုင်းတွင် စစ်ကောင်စီ (SAC) က ချင်းပြည်နယ်ကို ပစ်မှတ်ထားသည့် တိုက်စစ်အသွင် “အနော်ရထာ စစ်ဆင်ရေး” ကိုစတင်လုပ်ဆောင်ခဲ့ပြီး၊ စစ်ကိုင်းတိုင်းတွင်မူ “အလောင်းမင်းတရားစစ်ဆင်ရေး” အမည် ဖြင့် သီးခြားထိုးစစ် စစ်ဆင်ရေးတစ်ခုကို စတင်လုပ်ဆောင်ခဲ့သည်။ အောက်တိုဘာလ တစ်လျှောက်နှင့် နိုဝင်ဘာလအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း (Asia Times, ၂၀၂၁ ခုနှစ်) သိရပြီး ၎င်းအနက် အချို့တို့ကို လည်း Myanmar Witness မှ မှတ်တမ်းတင်နိုင်ခဲ့သည်။



ပုံ ၁ : ၂၀၂၁ ခုနှစ် နိုဝင်ဘာလအပြီးတွင် ယင်းသို့သော လက်ကမ်းစာစောင်များပေါ်ထွက်လာခဲ့သည့် ချင်း ပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း ပထဝီနေရာဒေသများအား ပြသနေသည့် ဂြိုဟ်တု ဓါတ်ပုံ


မြောက်ပိုင်းဒေသတစ်လျှောက် လက်ကမ်းစာစောင်များ ဖြန့်ဝေရန်အတွက် လေယာဥ်များကိုအသုံးပြုခဲ့ ကြောင်း ဒေသခံများကဆိုပြီး၊ ယင်းပဋိပက္ခဒေသများအတွင်း ယင်းသို့အသုံးပြု၍ဖြန့်ဝေခြင်းမှာ ဒေသခံ PDF ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မိုင်းထောင်၍တိုက်ခိုက်မည်ကို ကြောက်ရွံ့သဖြင့်ဖြစ်နိုင်သည် ဟု ၎င်း တို့က သုံးသပ်ကြသည်။ လေယာဥ်များသည် ရောက်ရှိရန်ခက်ခဲသည့်နေရာများအား ရောက်ရှိနိုင်ရန်နှင့် မြေပြင်တွင် ထိပ်တိုက်တွေ့ခံရခြင်းမှ ကာကွယ်ရန်အတွက်အပြင် ယင်းသတင်းအချက်အလက်များအား ဖြန့်ဝေမှုအတွက် တာဝန်ရှိသူများမှ ပုန်းကွယ်ရန်အတွက်လည်း အထောက်အကူဖြစ်စေခဲ့သည်။


ယင်းလက်ကမ်းစာစောင်များအတွင်းပါဝင်သည့် ရေးသားဖော်ပြချက်များကို လေ့လာဆန်းစစ်ရာတွင်- မှားယွင်းသော ကိန်းဂဏန်းအချက်အလက်များနှင့်၊ မူဆလင် နိုင်ငံသားများ သို့မဟုတ် ဒေသခံကာကွယ် ရေး အုပ်စုများအကြောင်း သက်သေအထောက်အထားမရှိသည့် အဆိုများ တုပရေးသားခြင်းတို့မှ တစ် ဆင့် ဘာသာရေးဘက်ကွဲမှုများအပါအဝင် အသင်းအဖွဲ့အုပ်စုများအကြား သွေးကွဲမှုများဖြစ်ပေါ်စေရန် ရေးသားဖော်ပြထားကြောင်းတွေ့ရသည်။ ထို့အပြင် ယင်းလက်ကမ်းစာစောင်များတွင်ပါဝင်သော သ တင်းမှားနှင့် အထောက်အထားမရှိသည့် သတင်းတုအမျိုးအစားများသည် မြောက်ပိုင်းဒေသတွင် စစ် တပ်လှုပ်ရှားမှုများအား ခုခံတော်လှန်သူများအား ပစ်မှတ်ထားဦးတည်နေဟန်ရှိသည်။ ယင်း လက်ကမ်း စာစောင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စ သည့်နိုင်ငံရေးအဖွဲ့များအကြောင်း တိုက်ရိုက် ရေးသားဖော်ညွှန်းမှုများ ပါဝင်ပြီး ၎င်းတို့အား အကြမ်း ဖက်မှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့နှင့် ပတ်သက်နေကြောင်း ဖော်ပြထားသဖြင့် စစ်ကောင်စီအနေ ဖြင့် ပြည်နယ်အတွင်း ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲများ နောက်ဆုံး အမှန်တကယ်ပြုလုပ်ပေး ရန်​ရည်ရွယ်ပါက အဆိုပါ နိုင်ငံရေးအဖွဲ့များအား ရှုတ်ချပယ်ဖျက်ရန် ယင်းလက်ကမ်းစာစောင်များက အ ထောက်အကူပြုနိုင်နေသည်။ ရေးသားထားသည့် စကားအသုံးအနှုန်းနှင့် ရုပ်ပုံများအရ ဒေသခံကာကွယ် ရေး တပ်ဖွဲ့ (PDF) များသည် အများပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်စွာပြုမူကျူးလွန်မှုများနှင့် ပတ် သက်နေကြောင်း ဆိုသည်။ ယင်းသို့ရေးသားဖော်ပြချက်သည် ဒေသခံပြည်သူများအနေဖြင့် PDF များ အား မထောက်ပံ့အောင် အားပေးရန်အသုံးပြုနိုင်ပြီး၊ စစ်တပ်ထောက်ခံမှုပိုးတိုးလာအောင် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ဖော်ပြနေသည်။


သတိပေးချက်များ သို့မဟုတ် နားလည်သိသာလွယ်သည့် ခြိမ်းခြောက်စာများ စသည်တို့ ပါဝင်သည့်၊ အ များပြည်သူထံ၊ အထူးသဖြင့် စစ်ကောင်စီအားဆန့်ကျင်သည့်လှုပ်ရှားမှုတွင် တိုက်ရိုက်ဖြစ်စေ သို့မဟုတ် စစ်ကောင်စီအားဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများအား အကူအညီနှင့် နားခိုရာနေရာများ ပေးခြင်း အားဖြင့် သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်နေသူများအား ပစ်မှတ်ထား ဖြန့်ဝေသည့် လက်ကမ်းစာ စောင်များကိုလည်း Myanmar Witness က ထောက်လှမ်းနိုင်ခဲ့သည်။ ၎င်းသည် ယင်းလက်ကမ်းစာ စောင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်သူ မိတ်ဆွေများ နှင့် မိသားစုများစသည့် အုပ်စုအဖွဲ့များ အကြား တင်းမားမှုများ တိုးများလာစေရန် ရည်ရွယ်ကြောင်း ပို၍ ဖော်ပြနေသည်။ ယင်းစာစောင်များ သည် စစ်ကောင်စီအားဆန့်ကျင်သည့် မိသားစုဝင်များအား ၎င်းတို့၏ မြန်မာ မိဘများ နှင့် သူငယ်ချင်း များမှ အမွေပြတ်စွန့်လွှတ်မှုများ ပို၍များပြားလာသည့်အချိန်တွင် အချိန်ကိုက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ် သည်။ ယင်း စွန့်လွှတ်မှုများတွင်- နိုင်ငံပိုင်သတင်းမီဒီယာများမှတစ်ဆင့် အများပြည်သူသိရှိအောင် အ မွေပြတ်စွန့်လွှတ်ကြောင်းကြေညာချက်များထည့်သွင်းခြင်းတို့ပါဝင်သည် (South China MorningPost,2022)။ ယင်းသို့ ပုဂ္ဂိုလ်ရေးရာလုံခြုံမှုအပေါ် ခြိမ်းခြောက်မှုများသည် မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှု များနှင့် အခြား ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားမှုများတွင် လူအများပါဝင်မပတ်သက်အောင် ရှုတ်ချ နေနိုင်ခြင်းဖြစ်သည်။


နိုင်ငံတစ်ဝှမ်း အသံတိတ်သပိတ်တွင် ပါဝင်ခြင်း[1]၊ PDF အဖွဲ့ဝင်များအား နေထိုင်ရန်နေရာပေးခြင်း နှင့် နိုင် ငံရေးအတိုက်အခံ လှုပ်ရှားမှုများ သို့မဟုတ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ကူညီပံ့ပိုး ပေးခြင်းစသည့် - အာဏာသိမ်းမှုအားဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်နေသူများအား တရား ဥပဒေ ဆိုင်ရာအရေးယူမှုနှင့် စစ်တပ်ဘက်မှ တုံ့ပြန်အရေးယူမှုများ ပြုလုပ်မည့်အကြောင်း ပေါ်ပေါ် ထင် ထင်ခြိမ်းခြောက်မှုများပါဝင်သည့် ဆိုင်းဘုတ်များနှင့် စာစောင်များကိုလည်း ၂၀၂၂ ခုနှစ် အစပိုင်းက တည်းမှစ၍ Myanmar Witness က ရယူစုဆောင်းနိုင်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်း ဖြစ်စဥ် အ သွားအလာကို စစ်တပ်က ထိန်းချုပ်ရန်အတွက် တို့မီးရှို့မီးသက်သက်ထက် ခြိမ်းခြောက်မှုပို၍ ပါဝင်နေ သည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ယင်းအချက်က ဖော်ပြနေသည်။ သို့သော်လည်း ယင်းလက်ကမ်း စာစောင်များပါဓါတ်ပုံများ၏ တည်နေရာ၊ စာစောင်များအားဖြန့်ဝေသည့်ပုံစံ သို့မဟုတ် မည်သူက ယင်း စာစောင်များအား ဖန်တီးပြုလုပ်ခဲ့သည် နှင့်/သို့မဟုတ် ဖြန့်ဝေခဲ့သည် စသည်တို့အပါအဝင် ပါဝင်ပတ် သက်နေသည့် အဆိုအမြောက်အများတို့ကိုမူ Myanmar Witness က စိစစ်အတည်ပြုနိုင်ခဲ့ခြင်းမရှိပါ။


နည်းနိဿယ


Myanmar Witness သည် ဒီဂျစ်တယ်ဆိုင်ရာ အထောက်အထားထိန်းသိမ်းစောင့်ရှောက်မှုနည်းနှင့်၊ အတိ အကျဖြစ်သော၊ ပုံတူပွားနိုင်သော ခွဲခြမ်းစိတ်ဖြာသုံးသပ်နည်းစနစ်တို့ကို လိုက်လံလုပ်ဆောင်သည်။ ဒီဂျစ်တယ် သက်သေအထောက်အထားကို ရယူစုဆောင်းပြီး၊ စစ်မှန် မှန်ကန်မှုရှိကြောင်း သေချာစေရန် နှင့် အခြားသူမှဝင်ရောက်ရယူ ပြုပြင်နိုင်ခြင်းမရှိစေရန် လုံခြုံသည့် ဒေတာဘေ့စ်တွင် ကုဒ်မြေပုံစနစ် (hashing) ဖြင့် သိုလှောင်သိမ်းဆည်းထားသည်။



ရုပ်သံမှတ်တမ်းများ သို့မဟုတ် ဓါတ်ပုံများတွင် တွေ့ရသည့် သွင်ပြင်လက္ခဏာနှင့် ကိုက်ညီမှုရှိမရှိနှိုင်း ယှဥ်တိုက်စစ်ရန်အတွက် Google Earth စသည့် အွန်လိုင်းမှတစ်ဆင့် အများပြည်သူမှလွတ်လပ်စွာ ရယူ အသုံးပြုနိုင်သော (open source) နည်းကိရိယာများ၏ အမျိုးမျိုးသော ဖော်ပြချက်များကို အသုံးပြု၍ ပထဝီတည်နေရာစိစစ်သတ်မှတ်ခြင်း (Geolocation) ကို လုပ်ဆောင်သည်။ ရုပ်ပုံဖော်ပြချက်များ ကိုက် ညီစေရန်မှာ သက်သေပြနိုင်မှုအဆင့် မြင့်မားစွာလိုအပ်ပြီး၊ Myanmar Witness ၏ အစီရင်ခံ တင်ပြချက် များတွင် မထည့်သွင်းမှီ အတည်ပြုစိစစ်ထားကြောင်းနှင့် အရည်အသွေးပြည့်မှီကြောင်း သေချာစေရန် အတွက်မှာ အပြန်အလှန်တိုက်စစ် စစ်ဆေးရန် Geolocation ပြုလုပ်ထားပြီးဖြစ်ရန် နှင့် အခြားကျွမ်း ကျင်သူများမှ ကြည့်ရှုသုံးသပ်ပေးထားပြီးဖြစ်ရန် လိုအပ်သည်။


အချိန်အပိုင်းအခြားခွဲခြားသတ်မှတ်ခြင်း (chronolocation) ကို စံအားဖြင့် - ဖြစ်နိုင်ချေရှိသော အချိန် ကာလအပိုင်းအခြား (Time frame) အတွက် ခိုင်လုံသော အကန့်အသတ်များကို သတ်မှတ်ရန် UCG အချိန်အတိအကျဖော်ပြမှု (timestamps) များအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း - အားဖြင့် လုပ်ဆောင် သည်။ ၎င်းကို - ဥပမာအားဖြင့် အဖြစ်အပျက်များ သို့မဟုတ် မြင်တွေ့နိုင်သော အချိန်နာရီ၊ ရာသီဥတု နှင့် အရိပ်များသည့် သိရှိနိုင်ပြီးဖြစ်သည့် လက္ခဏာအညွှန်း (indicators) များဖြင့် နှိုင်းယှဥ်ကြည့်ခြင်းအား ဖြင့် - နောက်ခံအကြောင်းအရာစိတ်ဖြာသုံးသပ်ချက် (contextual analysis) ဖြင့် တွဲ၍ လုပ်ဆောင်နိုင် သည်။ အရိပ်ရှုထောင့် (Shadow angle) ကို တည်နေရာစိစစ်သတ်မှတ်မှု (Geolocation)ပြုလုပ်ပြီးသည့် နောက်တွင် သတ်မှတ်ပြီး၊ နေ၏တည်နေရာနှင့် တစ်နေ့တာ၏အချိန်တို့ကို စိစစ်သတ်မှတ်ရန်အတွက် ယင်း အရိပ်ရှုထောင့်၏ အနေအထား (orientation) ကို ထပ်ဆင့်အသုံးပြုသည်။​ ယင်းသို့စိစစ်ခြင်းသည် အမြဲတမ်း တိကျမှုမရှိ သော်လည်း၊ ရှိနိုင်သည့် ပြဿနာများအား ထည့်သွင်းစဥ်းစားရန်အတွက် အချိန် ကို မှားယွင်းစွာ မဖော်ပြခြင်းအားဖြင့် အချိန်အပိုင်းအခြားခွဲခြားသတ်မှတ်ခြင်း (Chronolocation)ကို အ တတ်နိုင်ဆုံးတိကျစွာ ထည့်သွင်းလုပ်ဆောင်သည်။


မျက်မြင်သက်သေ၏ ထွက်ဆိုချက် သို့မဟုတ် ပြင်ပအရင်းအမြစ်မှ အစီရင်ခံတင်ပြမှုပါဝင်လာခြင်း စသည့် အတည်ပြုထားခြင်းမရှိသည့် သတင်းအချက်အလက်များကို ကိုင်တွယ်ရသည့်အခါ - ယင်း သို့ သော သတင်းအချက်အလက်မျိုးသည် အခြားသူ၏ ပြောကြားချက်အဆို (claims) များဖြစ်ပြီး၊ Myanmar Witness မှ လွတ်လပ်စွာ အတည်ပြုထားခြင်းမရှိကြောင်းနှင့်၊ ယင်းသို့ အတည်မပြုထား သော်လည်း အဆိုပါ ပြောကြားချက်အဆိုများသည် စုံစမ်းစစ်ဆေးနေသည့် အဖြစ်အပျက်၏ နောက်ခံ အကြောင်းအရာကို ဖော်ပြရန်အတွက် စီလျော်အပ်စပ်မှုရှိဆဲဖြစ်ကြောင်း Myanmar Witness မှ အသိ ပေးဖော်ပြထားသည်။ ကျင့်ဝတ်ဆိုင်ရာစံနှုန်းများနှင့်အညီ Myanmar Witness သည် ပါဝင်ပတ်သက်နေ သည့် ပုဂ္ဂိုလ်များ၏ မည်သူမည်ဝါဖြစ်ကြောင်းသိရှိနိုင်မည့် သတင်းအချက်အလက်များအား ဖုံးကွယ် ပေးထားပြီး၊ ပုဂ္ဂိုလ်ရေးရာအချက်အလက်များနှင့် ဓါတ်ပုံများကို သင့်လျော်သလို ဆင်ဆာဖြတ်တောက် ပေးထားကာ၊ တစ်သီးပုဂ္ဂလများ၏ အချိတ်အဆက်လင့်ခ်များကိုလည်း ဖယ်ရှားပေးထားပြီး၊ ယင်းသ တင်းအချက်အလက်များကို လုံခြုံစွာ ထားသိုသိမ်းဆည်းပေးထားသည်။ ကျွန်ုပ်တို့ Myanmar Witness သည် အစီရင်ခံတင်ပြချက်တွင်လည်း စိတ်မချမ်းမြေ့ဖွယ်ရာအနိဋ္ဌာရုံမြင်ကွင်းများကို သင့်လျော်သလို ဆင်ဆာတည်းဖြတ် ဖြတ်တောက်ပေးထားသည်။


ဤအစီရင်ခံစာတွင် အထူးသဖြင့် တိကျသည့် သတင်းမီဒီယာအစိတ်အပိုင်းတစ်ခု၏ အကန့်အသတ်ရှိ သောသဘောသဘာဝအရ ၎င်းအစိတ်အပိုင်းတို့၏ Geolocation နှင့် Chronolocation ဆိုင်ရာ အချက်အ လက်များ အနည်းအကျဥ်းမျှသာ ပါဝင်သည်။ သို့သော်လည်း လက်ကမ်းစာစောင်များအား ဖြန့်ဝေရခြင်း ၏ နောက်ကွယ်တွင်ဖြစ်နိုင်သောအကြောင်းရင်းများ သို့မဟုတ် ပါဝင်ပတ်သက်နေသည့်ဖြန့်ဝေသူများ အား ခွဲခြမ်းသုံးသပ်နိုင်ရန်အတွက် ယင်း လက်ကမ်းစာစောင်များနှင့် စာစောင်များအား ဖြန့်ကျဲခဲ့သည့် နေရာဒေသ အထောက်အထားများအား ရယူစုဆောင်းခြင်းတို့မှတစ်ဆင့်် ယင်း စာစောင်များဖြန့်ကျဲခံခဲ့ရ သည့် နေရာနှင့်အချိန်တို့ကို Myanmar Witness မှ ရှာဖွေတွေ့ရှိခဲ့သည်။


[သတိ- စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံပါဝင်သည်] ကို ထိခိုက်ဒဏ်ရာရသူများ သို့မဟုတ် သေဆုံးသူများ ၏ စိတ်မချမ်းမြေ့ဖွယ်ရာပုံများ ထည့်သွင်းပြသထားသည့် အရင်းအမြစ်များ၏ ရှေ့တွင် ထည့်သွင်းဖော် ပြပေးထားသည်။


အကန့်အသတ်များ


Myanmar Witness မှ ရယူထားသည့် သတင်းအချက်အလက်များသည် လက်ရှိ ပဋိပက္ခဖြစ်ပွားဆဲနေ ရာ ဒေသမှအရင်းခံလာခြင်းဖြစ်ကာ၊ ၎င်းသတင်းအချက်အလက်များအား အများပြည်သူသိအောင် ထုတ်ပြန်တင်ပြရာတွင် ကျူးလွန်သူဘက်မှပြန်လည်လက်စားချေတုံ့ပြန်ခံရနိုင်မှုအပေါ် ကြောက်ရွံ့ရမှု များ၊ တရားဝင် အရင်းအမြစ် များထံမှ သတင်းအချက်အလက်များမရယူနိုင်ခြင်း သို့မဟုတ် မရှိခြင်း၊ အင်တာနက်မှသာရယူရခြင်း စသည်တို့အပါအဝင် အခြား ထည့်သွင်းစဥ်းစားရန်အချက်များကြောင့် အ ထောက်အထားများရွေးချယ်ရာတွင် ဘက်လိုက်မှုအနည်းအကျဥ်းရှိခဲ့သည်ဟု ယူဆနိုင်သည်။ Myanmar Witness ဘက်မှ ယင်းသို့ ဘက်လိုက်ရွေးချယ်မှုကိုလျှော့ချရန်နှင့် အရင်းအမြစ်အမျိုးမျိုးတို့မှ သတင်းအချက်များကို အတတ်နိုင်ဆုံး အများဆုံးဖြစ်အောင် ရယူစုဆောင်းရန်အတွက် - အများက ရယူနိုင်သော အရင်းအမြစ် (open source) များ တစ်လျှောက် ဘာသာစကားအမျိုးမျိုးဖြင့် ဖော်ပြထားမှု များအပြင်၊ လူမှုသတင်း မီဒီယာ များနှင့် စစ်ကောင်စီထောက်ခံအားပေးသူ နှင့် ဆန့်ကျင်သူ နှစ်ဘက်စ လုံးတို့မှသတင်းများ စသည့် အမျိုး မျိုးသော အရင်းအမြစ်များမှ မီဒီယာဖော်ပြမှုများအား ရှာဖွေ ဖော်ထုတ်ခြင်းစသည့် - အကြောင်းအရာ တစ်ခုအပေါ်သီးခြားဗဟိုပြု၍ရှာဖွေခြင်း နှင့် အခြား ကျယ်ပြန့် သောအကြောင်းအရာကိုရှာဖွေခြင်း နှစ်မျိုးစလုံးကိုအသုံးပြုခြင်းအားဖြင့် ဘက်လိုက်၍ ဖော်ပြမှုကို လည်း အတတ်နိုင်ဆုံး ကြိုးစားဖယ်ရှားခဲ့သည်။


ယင်းဝါဒဖြန့်ချိမှုစာများ ဖြန့်ကျဲခဲ့ကြောင်း စွပ်စွဲချက်များအမြောက်အများရှိခဲ့သော်လည်း သက်ဆိုင်ရာ သတင်းမီဒီယာအစိတ်အပိုင်းများမှာမူ ၎င်းတို့၏ အကန့်အသတ်ရှိသော သဘောသဘာဝအရလည်း ကောင်း၊ ယခင် လက်ကမ်းစာစောင်များနှင့် တူညီသည့် ပုံစံ/အာဘော် ရှိနေသည့် စာစောင်များဖြစ် ကြောင်း ဓါတ်ပုံများအရတွေ့ရှိရခြင်းကြောင့်လည်းကောင်း ယင်းသတင်းမီဒီယာအစိတ်အပိုင်းများ၏ အချိန်နှင့် တည်နေရာတို့အားစိစစ်သတ်မှတ်နိုင်ခဲ့ခြင်းမရှိပါ။ ပထဝီနေရာဒေသစိစစ်သတ်မှတ်နိုင်ခဲ့သည့် ဓါတ်ပုံများမှာ- ယင်းစာစောင်များဖြန့်ဝေရာတွင် ပါဝင်ပတ်သက်ခဲ့သူများ၏ ဓါတ်ပုံများဖြစ်သော်လည်း ယင်း ပုဂ္ဂိုလ်များသည် အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် အမှန်တကယ်ပါဝင်ခဲ့သူများဖြစ် ကြောင်း Myanmar Witness က အတည်မပြုနိုင်ပဲ၊ ယင်းသို့အတည်မပြုနိုင်သော အချက်များအ ကြောင်းကို ဤအစီရင်ခံစာဖတ်ရှုသူများမှ ရှင်းလင်းမှုရှိစေရန်အတွက် ယင်း လက်ကမ်းစာစောင်များ ဖြန့်ဖြူးခြင်းနှင့်ပတ်သက်သည့်ဓါတ်ပုံများအား အတည်ပြုထားခြင်းရှိ/မရှိကို Myanmar Witness က ထည့်သွင်းဖော်ပြထားသည်။


အများပြည်သူမှ လွတ်လပ်စွာရယူနိုင်သည့် အရင်းအမြစ်များထံမှ ရယူရမှုအကန့်အသတ်များနှင့် စိစစ် အတည်ပြုနိုင်မှုအကန့်အသတ်များကြောင့် ဤအစီရင်ခံစာသည် ဝါဒဖြန့်စာစောင်များနှင့်ပတ်သက်၍ စွပ်စွဲမှုအဆိုများ အားလုံးကို အမိအရ ခြုံငုံပြီး ဖော်ပြနိုင်မည်မဟုတ်ပါ။ ရလဒ်အနေဖြင့် ဤအစီရင်ခံစာ သည် ဖြစ်ကြောင်းကုန်စင်အားလုံးကို ဖော်ပြပေးနိုင်မည်မဟုတ်ပါ။


စစ်ကောင်စီအားပေးထောက်ခံရေး ဝါဒဖြန့်ချိမှု လက်ကမ်းစာစောင်များ


မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ကြီး ကြီးမားမားဖြစ်ပွားလာပြီးနောက် လက်ကမ်းစာစောင်ဓါတ်ပုံများကို လူမှုကွန်ယက်သတင်းမီဒီယာများ တွင် ၂၀၂၁ ခုနှစ် ဧပြီလခန့်မှစ၍ စတင်မြင်တွေ့လာရခြင်းဖြစ်သည်။ ဤ စုံစမ်းစစ်ဆေးမှုအရ လက်ကမ်း စာစောင်များအားအသုံးပြုခြင်းသည် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် ရန်ကုန်တိုင်းနှင့် ကချင်ပြည်နယ် မြောက်ပိုင်းအပါအဝင် မြို့ပြနေရာများသို့ အများအပြားဦးတည်ထားခဲ့ခြင်းဖြစ်ကြောင်းတွေ့ရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိတွင် စစ်ကိုင်း၊ မကွေး နှင့် ချင်း ပြည်နယ်တို့တွင် လေယာဥ်များဖြင့် လက်ကမ်းစာစောင်များဖြန့်ကျဲခဲ့သည်ဟူ၍ သတင်းမီဒီယာစာမျက်နှာများတွင် ပို့စ် ရေးသားပြောကြားမှုများကို ပို၍မြင်တွေ့လာခဲ့ရ၌သည်။


အင်တာနက်ဖြတ်တောက်မှုများ


လက်ကမ်းစာစောင်များကို မြန်မာစစ်တပ်မှ အင်တာနက်မရအောင်ဖြတ်တောက်ထားသည့် နယ်မြေဒေ သများသို့ ပစ်မှတ်ထားဟန်တူသည်။ ယင်းတည်နေရာများသည် စစ်တပ်ဆန့်ကျင်သည့် ဆန္ဒပြမှုများ သို့ မဟုတ် PDF လှုပ်ရှားမှုများရှိသည့် နေရာများဖြစ်သည်။ Netblocks ၏ဖော်ပြချက်အရ ၂၀၂၁ ခုနှစ် မတ် လအစောပိုင်းတွင် မြန်မာနိုင်ငံအတွင်း ဒေသစံတော်ချိန် ၀၁၀၀ နာရီမှ ၀၆၃၀ နာရီအထိ အင်တာနက် ဖြတ်တောက်ထားခဲ့သည် (ပုံ ၂)။ ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဆယ်လူလာ ဖုန်းခေါ်ဆိုနိုင်မှုကို လည်း ၀၀၀၀ နာရီမှဖြတ်တောက်ထားခဲ့ပြီး ယင်းဖြတ်တောက်မှုသည် အနည်းဆုံး ရက်ပေါင်း ၁၀၀ အထိ ကြာမြင့်ခဲ့သည်။ လူမှုကွန်ယက်သတင်းမီဒီယာစာမျက်နှာများပေါ်တွင် ဝါဒဖြန့်ချိရေးစာစောင်များ အကြောင်း ဖော်ပြလာမှုကို Myanmar Witness မှ ရှာဖွေတွေ့ရှိခဲ့ချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင်လည်း Netblocks ၏ ဖော်ပြချက်အရ စစ်တပ်မှ အင်တာနက်ချိတ်ဆက်မှု ဆက်တိုက် ဖြတ် တောက်ထားသည့် ၆၂ ရက်မြောက်ကို ပြသနေသည် (ပုံ ၃)။ ယင်းလက်ကမ်းစာစောင်များ၏ နောက် ကွယ်တွင် စစ်တပ်ရှိနေခြင်းဖြစ်ပါက ယင်းသို့ အင်တာနက် တားမြစ်ကန့်သတ်ချက်များသည် စစ်တပ်အ နေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်စဥ်အသွားအလာအဖြစ်အပျက်အား ထိန်းချုပ်လိုကြောင်း ပြသနေသည့် သက်သေအထောက်အထားများပင်ဖြစ်သည်။



ပုံ ၂ - မတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကွန်ယက်ချိတ်ဆက်မှု ဖြတ်တောက်ထားပုံ။



ပုံ ၃ - ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဆယ်လူလာ ဖုန်းခေါ်ဆိုနိုင်မှုအား ဖြတ်တောက်ထားပုံ။


၂၀၂၁ ခုနှစ် ဧပြီလ မှ ၂၀၂၁ ခုနှစ် ဇွန်လ


၂၀၂၁ ခုနှစ် ဧပြီလ


ထင်ယောင်ထင်မှားဖြစ်စေသည့်နှင့် အတည်ပြုထားခြင်းမရှိသည့် သတင်းအချက်အလက်များပါဝင် သည့် လက်ကမ်းစာစောင်များကို စစ်တပ်မှ ဖြန့်ချိနေကြောင်း အွန်လိုင်းတွင်ပထမဆုံး ဖော်ပြလာမှုသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖြစ်ကြောင်း Myanmar Witness မှ ရှာဖွေဖော်ထုတ်သိရှိရသည်။ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလ လလယ်ပိုင်းတွင်မူ စစ်တပ်သည် စစ်တပ် အားပေးထောက်ခံသည့် နှင့် စစ်တပ်ဆန့်ကျင်သည့်အုပ်စုများအား ရှုတ်ချသည့် အာဘော်များနှင့် သ တင်းစကားများပါဝင်သည့် လက်ကမ်းစာစောင်များကို လိုက်ဝေခြင်း၊ ကားများပေါ်မှ ဖြန့်ကျဲခြင်းစ သည်တို့ကို ပြုလုပ်နေကြောင်း လူမှုသတင်းမီဒီယာပေါ်တွင် အမြောက်အများစတင် ဖော်ပြလာကြ သည်။ ရန်ကုန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အား ‘မဲခိုးသူများ’ ဟုစွပ်စွဲထားပြီး၊ နိုင်ငံတော် တည်ငြိမ်ရေးအတွက် စစ်တပ်မှအာဏာသိမ်းရန်လိုအပ်ခဲ့ကြောင်းဖော်ပြထားသည့် လက်ကမ်းစာစောင် များကို ၂၀၂၁ ခုနှစ် ဧပြီလ။ ၁၅ ရက်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည် (ပုံ ၄)။ ထိုနေ့တွင်ပင် နောက် ထပ် လက်ကမ်းစာစောင်တစ်မျိုးကိုလည်းတွေ့ရှိရကြောင်း လူမှုကွန်ယက်များတွင်ဖော်ပြလာသည် (ပုံ ၅)။ အဆိုပါစာစောင်သည်လည်း စစ်တပ်ကိုထောက်ခံသည့်အကြောင်းဖြစ်သော်လည်း ၎င်းသည် Gen Z လူငယ်မျိုးဆက်ဆန္ဒပြအုပ်စုများ၏လက်ချက်ဖြစ်ကြောင်း ဖော်ပြထားသဖြင့် အနည်းငယ်ကွဲလွဲသည်။​ ဆန္ဒပြအုပ်စုများကမူ ယင်းစာစောင်များကို ၎င်းတို့ရေးသားဖြန့်ဝေခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး၊ အ ဆိုပါ လက်ကမ်းစာစောင်များနှင့်၎င်းတို့၏ ကိုယ်ပိုင်လက်ကမ်းစာစောင်များအကြား ကွာခြားမှုအသေး စိတ်များကို ပြန်လည်ထောက်ပြလာခဲ့သည်။ ထို့အပြင် ယင်းလက်ကမ်းစာစောင်များကို စစ်တပ်မော် တော်ယာဥ်များပေါ်မှ ဖြန့်ကျဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသော်လည်း ၎င်းအချက်ကို Myanmar Witness မှ အတည်ပြုနိုင်ခဲ့ခြင်းမရှိပါ။



ပုံ ၄ - NLD အား မဲသူခိုးများဟု ခေါ်ဝေါ်သည့် (အထက်ပါ) လက်ကမ်းစာစောင်များကို ဖြန့်ဝေနေစဥ်။


ပုံ ၅ - Gen Z မျိုးဆက် ဆန္ဒပြအုပ်စုထံမှ ဟုဆိုသည့် စစ်တပ်ထောက်ခံအားပေးသည့် (အထက်ပါ) လက် ကမ်းစာစောင်ကိုတွေ့ရစဥ်၊ စာတွင် ‘လူထုအနေဖြင့် Gen Z ၏ ဦးဆောင်မှုကို ယုံကြည်ရန်လိုအပ်ပြီး အာဏာငတ်မွတ်နေသည့် NLD နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို မယုံ သင့်ကြောင်း’ ရေးသားထားသည်။​


၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် စစ်တပ်ထောက်ခံအားပေးသည့် ဝါဒဖြန့် လက်ကမ်းစာစောင်များ အား နေပြည်တော်တွင် ဖြန့်ဝေနေကြောင်း လူမှုကွန်ယက်သတင်းမီဒီယာစာမျက်နှာများပေါ်တွင် ရေး သားဖော်ပြမှုများ စတင်ပေါ်ပေါက်လာခဲ့သည်။ လက်ကမ်းစာစောင်များတွင် ယင်းမတိုင်မှီက လှိုင်သာ ယာဆန္ဒပြပွဲ ဖြိုခွင်းခံရမှုများ - အထူးသဖြင့် ဆန္ဒပြသူများမှ မီးရှို့ခဲ့ကြောင်း - အကြောင်းကို ထည့်သွင်း ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ နေပြည်တော်၊ မြို့မစျေး တောင်ကျိုးလမ်း [၁၉.၇၄၈၉၃၆, ၉၆.၀၈၉၉၇၅] တွင် ဓါတ်ပုံ တစ်ခုကိုရိုက်ကူးထားခဲ့သည် (ပုံ ၇)။ ယင်းဓါတ်ပုံမှာ- NLD နှင့် CRPH တို့သည် နိုင်ငံခြားအကူအညီများဖြင့် နိုင်ငံတော်ကိုဖျက်ဆီးနေကြောင်းဆိုသည့် လက်ကမ်းစာ စောင်များကို ရဲအရာရှိတစ်ဦးက ဖြန့်ဝေနေသည့်ပုံဖြစ်သည်။ ယင်းဓါတ်ပုံသည် ကြည်လင်ပြတ်သားမှုမ ရှိသော်လည်း ယင်းဖြန့်ဝေနေသူသည် ရဲအရာရှိတစ်ဦး၏ ယူနီဖောင်းနှင့်တူသည့်- ဦးထုပ်၊ ပုခုံးထက် ပ စ္စည်း၊ ရှပ်အင်္ကျီအရောင်၊ ဘောင်းဘီအမည်း နှင့် နှာခေါင်းစည်းဟုယူဆရသည့်အရာ - တို့ကို ဝတ်ဆင် ထားဟန်တူသည် (ပုံ ၈)။ သို့သော်လည်း ပုံရိုက်ကူးထားသည့် ယင်းလူသည် လက်ကမ်းစာစောင်များကို ကားများထံသို့ လိုက်လံဖြန့်ဝေနေခြင်းမဟုတ်မဟုတ် အတည်မပြုနိုင်ပါ။




ပုံ ၆ - အထက်ပါ လက်ကမ်းစာစောင်နှစ်ခုတို့တွင် NLD နှင့် CRPH တို့သည် တိုင်းပြည်ကိုဖျက်ဆီးနေ ကြောင်း စွပ်စွဲထားသည်။



ပုံ ၇ (အထက်ပါ) - တောင်ကျိုးလမ်းတွင် ကားတစ်ခုဘေး၌ ယူနီဖောင်းဝတ်ဆင်ထားသည့်လူတစ်ဦး အားတွေ့ရစဥ်။ ပုံ ၈ (ယာ) - အရာရှိတစ်ဦး၏ ယူနီဖောင်းပုံကို ရိုက်တာ သတင်းဌာန မှဖော်ပြထားသည် ကို တွေ့ရစဥ်။


ယင်းဖြစ်စဥ်အပြီး နောက်တစ်ရက်အကြာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင်မူ- ပဲခခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် စစ်တပ်က အဆိုပါအလားတူ ဝါဒဖြန့်လက်ကမ်းစာစောင်များအား ဖြန့်ဝေရန်အတွက် ကား များကိုရပ်တားနေသည့်အကြောင်း ဖော်ပြလာသည် (ပုံ ၉)။ ယင်းစွပ်စွဲမှုနှင့် စပ်လျဥ်းသည့် ဓါတ်ပုံအား အတည်ပြုစိစ်ရာတွင် ယင်းအဖြစ်အပျက်၏တည်နေရာသည် ပြည်မြို့ဖြစ်ကြောင်း ဖော်ပြနေသည်။ အရိပ်ဖော်ပြနေမှုကြောင့် ယင်းဖြစ်စဥ် ပြည်မြို့တွင် ဖြစ်ပျက်သွားသည့်အချိန်ကို ၀၉၂၀ ဖြစ်ကြောင်း Myanmar Witness က အတည်ပြုနိုင်သော်လည်း ရက်စွဲအတိအကျကိုမူ အတည်မပြုနိုင်ပါ။ ထို့အပြင် အရာရှိများမှ ဖြန့်ဝေနေသည့် ယင်းလက်ကမ်းစာစောင်များသည် ပုံ ၆ တွင်တွေ့ရသည့် စာစောင်များနှင့် ပုံံစံ တူညီနေသည်ကို တွေ့ရသည်။



ပုံ ၉ - ပြည်မြို့တွင် ရှေ့သို့လာနေသည့် ယာဥ်များနံဘေး၌ စစ်သားများအား ၎င်းတို့၏လက်ထဲတွင် စာ ရွက်များနှင့်အတူတွေ့ရစဥ်။ မူလ တင်ပြသူ၏ ပုဂ္ဂိုလ်ရေးရာလုံခြုံမှုအတွက် နောက်ခံပုံကို Myanmar Witness မှ ဝါးပေးထားသည်။​


၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အခြားအဖြစ်အပျက်များအရ- အလားတူ စစ်တပ် ထောက်ခံအားပေးသည့် အာဘော်ရှိ လက်ကမ်းစာစောင်များကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် တွင် စစ်တပ်အဖွဲ့ဝင်များက လိုက်လံဝေငှနေကြောင်းသိရသော်လည်း လက်ကမ်းစာစောင်၏ ပုံပန်းသွင် ပြင်မှာမူ ယခင်စာစောင်များနှင့် မတူကွဲပြားမှုရှိသည် (ပုံ​ ၁၀)။




ပုံ ၁၀ - (အထက်ပါ) လက်ကမ်းစာစောင် ၂ ခုတို့ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ တွင် စစ်တပ်မှ လိုက်လံဝေငှ ခဲ့ခြင်းဖြစ်သည်။


၂၀၂၁ ခုနှစ် ဇွန်လ


ဇွန်လတွင်လည်း စစ်တပ်သည် စစ်တပ်ထောက်ခံအားပေးသည့် ဝါဒဖြန့်လက်ကမ်းစာစောင်များ ဆက် လက်ဖြန့်ဝေနေခဲ့ဆဲဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ယင်းစာစောင်များသည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ သို့မဟုတ် စစ်တပ်ဆန့်ကျင်ရေး အုပ်စုများအပေါ် စွပ်စွဲချက်များနှင့်အတူ ပို၍ စိတ်မချမ်းမြေ့ဖွယ်ရာရှိသည့် ရုပ်ပုံများဖြင့် ပူးတွဲပြီး ဖော်ပြလာဟန်ရှိသည် (ပုံ ၁၁)။ အွန်လိုင်းပေါ်တွင် ရေးသားဖော်ပြချက်များအရ ယင်းလက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလရှီဒီ တံတားအနီးတွင်ရှိသည့် မူလရှီဒီ​ စစ်ဆေးရေးဂိတ်အတွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့၌ ၀၈၀၀ နာရီအ ချိန်ခန့်တွင် လိုက်လံဝေငှခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ယင်းစာစောင်တွင် CRPH၊ NUG၊ PDF နှင့် NLD တို့ သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကို ထိခိုက်အားနည်းစေရန်အတွက် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ် ဆောင်နေသည့် အစွန်းရောက်များဖြစ်ကြောင်း လှုံ့ဆော်သည့် အသုံးအနှုန်းများဖြင့် ရေးသား စွပ်စွဲချက် များပါဝင်သည်။ ၂၀၂၁ ခုနှစ် မတ်လတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ် မြစ်ကြီးနား မြို့အတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းနေရာတစ်ဝှိုက် အဆိုပါ စစ်တပ်ထောက်ခံရေး ဝါဒဖြန့်လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း အဆိုပါရေးသားဖော်ပြချက်တွင် အသေးစိတ်ထပ်မံဖော်ပြထားသည်။​



ပုံ ၁၁ - NLD၊ NUG၊ PDF နှင့် NLD တို့ အား စွပ်စွဲချက်များနှင့်အတူ စိတ်မချမ်းမြေ့ဖွယ်ရာပုံများကို တွေ့ ရစဥ်


ယင်းသို့ လူထုထံဖြန့်ဝေခဲ့သည့် ဝါဒဖြန့် လက်ကမ်းစာစောင်နမူနာများအား စိတ်ဖြာသုံးသပ်ခြင်းမှ တစ် ဆင့် Myanmar Witness သည် အသွားအလာပုံစံ (pattern) တစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ စစ် တပ်ထောက်ခံအားပေးသည့် စာစောင်များကို တစ်ခါတစ်ရံတွင် စစ်တပ်အုပ်ချုပ်မှုအား ခုခံတော်လှန်မှု ပို၍ပြင်းထန်သည့် နယ်မြေဒေသများနှင့်၊ စစ်တပ်မှ အင်တာနက်ဖြတ်တောက်ထားသည့်နေရာများတွင် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါနှစ်အစောပိုင်းတွင် ရန်ကုန်စသည့်နေရာများ၌ မတ်လအတွင်း ဆန္ဒပြမှု များအား ပြင်းထန်စွာဖြိုခွဲခံရမှုများရှိခဲ့ပြီးနောက် ယင်းသို့ လက်ကမ်းစာစောင်ပစ်မှတ်ထားဖြန့်ဝေလာခဲ့ ခြင်းဖြစ်သည်။ ယင်းကာလသည် နိုင်ငံတစ်ဝှမ်းတွင် အင်တာနက်များ ဖြတ်တောက်ထားသည့်အချိန် ဖြစ်သည်။


၂၀၂၁ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ


၂၀၂၁ ခုနှစ် နိုဝင်ဘာလ


၂၀၂၁ ခုနှစ် နိုဝင်ဘာလ အလယ်မှ နောက်ပိုင်းအထိတွင် မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း လေယာဥ်များအသုံးပြု၍ ဝါဒဖြန့်လက်ကမ်းစာစောင်များ ဖြန့်ကြဲခဲ့ကြောင်း လူမှုကွန်ယက်သ တင်းမီဒီယာပေါ်တွင် ရေးသားဖော်ပြလာမှုများရှိသည်။ ၎င်းတွင် ကနီမြို့ အရှေ့ပိုင်းရှိကျေးရွာများ (ပုံ ၁၂) နှင့် ယင်းမာပင်ခရိုင်များ (ပုံ ၁၃) ပါဝင်သည်။



ပုံ ၁၂ (ဝဲ) နှင့် ပုံ ၁၃ (အောက် ယာ) - နိုဝင်ဘာလတွင် ထွက်ပေါ်လာသည့်နှင့် ဒေသတွင်း သတင်းမီဒီယာ များတွင် ပိုမိုဖော်ပြလာသည့် လက်ကမ်းစာစောင်နမူနာများ။


ယင်း လက်ကမ်းစာစောင်များအား စိတ်ဖြာသုံးသပ်ကြည့်ရာတွင် - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်း (EAOs) များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တရားမဝင် မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှုများကို ထောက်ပံ့နေသည့်ပုံစံ ရေးသားထားကြောင်း တွေ့ရသည်။ Myanmar Witness မှ ဘာသာပြန်ခဲ့သည့် လက်ကမ်းစာစောင်များတွင် စာစောင်၏ထိပ်၌- “နိုင်ငံ၏ အနာဂါတ်အပေါ် အကြီး မားဆုံးခြိမ်းခြောက်မှုဖြစ်သည့် လူငယ်များအကြားမူးယစ်ဆေးဝါးသုံးစွဲမှုတိုးများလာစေရန် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နဲ့ NUG ရဲ့ ကြိုးကိုင်လုပ်ဆောင်မှုများ” ဟုရေးသားထားသည့် သတင်းစကားပါဝင်သည်။ ထို လက်ကမ်းစာစောင်အတွင်းတွင်ပင်- “အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံရသူ များအနက် ၈၀% တို့သည် မူးယစ်ဆေးဝါး၏ လွှမ်းမိုးမှုခံထားရသူများဖြစ်ကြောင်း” ဆက်ပြောထား သည် (ပုံ ၁၄ နှင့် ၁၅)။




ပုံ ၁၄ (ဝဲ) နှင့် ပုံ ၁၅ (အောက်) - နိုဝင်ဘာလ ၁၈ ရက်နေ့၊ လက်ကမ်းစာစောင်များတွင် EAO နှင့် NUG အား မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်ဆက်နွှယ်ကြောင်းဆိုထား သည်ကိုတွေ့ရစဥ်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ


ဒီဇင်ဘာလ အစပိုင်းတွင် ဝါဒဖြန့်လက်ကမ်းစာစောင်များအား မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး အ နောက်မြောက်လက်ရှိ မြို့နယ်တစ်ခုဖြစ်သည့် မင်းကင်းမြို့တွင် လေမှတစ်ဆင့် ကြဲခဲ့ကြောင်း ဧရာဝတီ သတင်းဌာန ကဖော်ပြထားသည်။ ယင်း လက်ကမ်းစာစောင်များတွင် ကမ္ဘာ့အစ္စလာမ္မစ်အဖွဲ့ချုပ် (OIC) က ဘုန်းကြီးများအား သတ်ဖြတ်ရန်နှင့် ဗုဒ္ဓဘာသာကို စော်ကားရန် ငွေသားနှင့် လက်နက်များ ပံ့ပိုး နေကြောင်း ဆိုသည်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Youtube ပေါ်၌ တင်ခဲ့သည့် ရုပ်သံဗွီဒီယိုတစ်ခုတွင်မူ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စစ်တပ် ရဟတ်ယာဥ်တစ်ခုအား မကွေးမြို့ ဂန့်ဂေါခရိုင်အတွင်း တွေ့ရှိရ ကြောင်းဖော်ပြထားပြီး - ယင်း နယ်မြေဒေသတစ်ဝှိုက်အတွင်း အဆိုပါ လက်ကမ်းစာစောင်များဖြန့်ကြဲ မှုအပြီး ဖြစ်ဟန်တူသည်။ ဒေသခံ အရင်းအမြစ်များအရ စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသခံ ပြည်သူ့ ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်များနှင့် စစ်တပ်အကြား လက်နက်ကိုင်တိုက်ပွဲများဖြင့် တင်းမမှုများ ဖြစ် ပွားနေသည်ဆိုသော “ယော ဒေသ” အတွင်း ရဟတ်ယာဥ်တစ်စီးဖြင့်ပျံသန်းခဲ့ကြောင်းဆိုသည်။ ထို့ နောက် ယင်းရဟတ်ယာဥ်ဖြင့် အဆိုပါ လက်ကမ်းစာစောင်များကို မောက်လင်းရွာ၌ အချိန် ၁၄၀၀ နာရီ ခန့်တွင် ကျဲချခဲ့ကြောင်းဆိုသည်။ ယင်းလက်ကမ်းစာစောင်များတွင် မည်သည့်အကြောင်းအရာများပါ ဝင်ခဲ့ကြောင်းကိုမူ အဆိုပါ ဗွီဒီယိုတွင် ဖော်ပြထားခြင်းမရှိသော်လည်း အဆိုပါရက်နှင့် နောက်ရက်များ အတွင်း လူမှုကွန်ယက်သတင်းစာမျက်နှာတွင် ရေးသားဖော်ပြလာချက်များအရ ယင်းလက်ကမ်းစာ စောင်များသည် နိုဝင်ဘာလတွင် ကျဲချခဲ့သည့် လက်ကမ်းစာစောင်များနှင့် ပုံစံတူတူဖြစ်ကြောင်း သိရ သည်။​ ဥပမာ- ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဖေ့စ်ဘုတ်ပေ့ချ် စာမျက်နှာတစ်ခုက နိုဝင်ဘာလ တွင် ဖော်ပြခဲ့သည့် စာစောင်နှင့် အလားသဏ္ဍာန်တူသည့် ဓါတ်ပုံများကို တင်ပြလာခဲ့သည်။ ယင်းလက် ကမ်းစာစောင်များကို မည်သည့်နေရာတွင် ဖြန့်ကျဲခဲ့ကြောင်းကိုမူ အဆိုပါဖေ့စ်ဘုတ်ပေ့ချ်က ဖော်ပြထား ခြင်းမရှိသော်လည်း ပေ့ချ်၏နာမည်အား ဘာသာပြန်ဆိုရာတွင် ကနီမြို့နှင့်ဆက်စပ်နေပြီး၊ ယင်းပေ့ချ် သည် စစ်ပိုင်းတိုင်းဒေသကြီး၏ အလယ်ပိုင်းနှင့်အနီးတစ်ဝှိုက်ဒေသများအတွက် သတင်းတင်ဆက်ပေး သည့်ပုံစံရှိသည်။ အလားတူပင် ယင်းနေ့အတွင်း ချင်းတွင်းသတင်းဌာန စသည့် လူမှုသတင်းမီဒီယာပေါ် ရေးသားဖော်ပြမှုများအရ လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြန့်ကျဲခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။ ယင်းလက်ကမ်းစာစောင်များသည် ပုံစံအရ - ဖေ့စ်ဘုတ်ပေ့ချ်မှတင်ခဲ့သည့်ပို့စ်တစ်ခု တွင်ဖော်ပြထားသည့် မြေပြင်တွင်တွေ့ရသည့် စာစောင်များနှင့် အသွင်တူပြီး- ယင်းလက်ကမ်းစာစောင် နှစ်ခုစလုံးတို့တွင် အစွန်းတစ်ဖက်၌ အပြဲရာပါဝင်ပြီး၊ အကွက်စိမ်းပေါ်တွင် ပထမစာပိုဒ်အား အနည်း ငယ်ကောက်ကွေးသည့်ပုံစံဖြင့်၊ အောက်ခြေတွင် စိတ်မချမ်းမြေ့ဖွယ်ရာပုံဖြင့် တွေ့ရှိရသည် (ပုံ ၁၆)။ ထို့ ကြောင့် ဖြစ်နိုင်သည်မှာ ချင်းတွင်းသတင်းဌာနမှဖော်ပြထားသည့် လက်ကမ်းစာစောင်များသည် ကနီမြို့ နှင့်သက်ဆိုင်သည့် ဖေ့စ်ဘုတ်ပေ့ချ်တွင်ဖော်ပြထားသည့် လက်ကမ်းစာစောင်နှင့် အတူတူပင်ဖြစ်ပြီး၊ ယင်းလက်ကမ်းစာစောင်များကိုလည်း ကနီမြို့တွင် ဖြန့်ကျဲခဲ့ခြင်းဖြစ်သည်။



ပုံ ၁၆ - အပြဲရာဖြင့် လက်ကမ်းစာစောင်ကို သစ်ပင်ပေါ်တွင်တွေ့နေရပုံအား ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုမှ ဖော်ပြထားစဥ်။



ပုံ ၁၇ - လက်ကမ်းစာစောင်များ ဖြန့်ကျဲပြီးနောက် ပြန်ထွက်သွားသည်ဟုဆိုသည့် ရဟတ်ယာဥ်ပုံကို တွေ့ရစဥ်။ ပုံ ၁၈ - လက်ကမ်းစာစောင်နှစ်ခုကို လက်ဖြင့်ကိုင်ပြထားသူတစ်ဦးအား တွေ့ရစဥ်။



ပုံ ၁၉ - ရဟတ်ယာဥ်ထံမှ ကျဲချလာသည့် လက်ကမ်းစာစောင်များဟုဆိုသော၊ လေထဲမှ ကျလာသည့် အဖြူရောင်အပိုင်းအစများကို ဓါတ်ပုံရိုက်ကူးထားစဥ်။


လူမှုသတင်းမီဒီယာပေါ်တွင်နှင့် ဒေသခံ သတင်းမီဒီယာများမှ ဖော်ပြချက်များအရ ယင်း စာစောင်များကို ဒီပဲယင်းအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၇ မြို့နယ်တို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် နေ့ အချိန် ၁၃၀၀ နာရီခန့်တွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အင်တာနက်ချိတ်ဆက်မှုမရရှိခဲ့ သည့်အတွက် ယင်းလက်ကမ်းစာစောင်များတွင် ပါဝင်သည့်အကြောင်းအရာများကိုမူ ရယူနိုင်ခဲ့ခြင်းမရှိ ကြောင်း ယင်း ဒေသခံသတင်းမီဒီယာဌာနက ဆိုသည်။ ထို့အပြင် ၎င်းစာစောင်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF များအား အထင်မြင်လွဲမှားအောင်ဖော်ပြချက်များပါဝင်ပြီး၊ PDF များသည် ယင်းနယ်မြေ ဒေသများတွင် အလွန် တက်ကြွလှုပ်ရှားမှုရှိနေခြင်းဖြစ်သည်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်မူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ တန့်ဆည်မှ ကျွန်းလှ မြို့နယ်အထိ၊ လက်ကမ်းစာစောင် လေမှကျဲချနေမှုများဖြစ်ပေါ်ခဲ့ကြောင်း တွစ်တာအသုံးပြုသူများက ဆိုသည်။ နောက်တစ်ရက်အကြာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်မူ မကွေးတိုင်း မြိုင်မြို့၏ တောင်ပိုင်း ကျေးရွာများတွင်လည်း လေယာဥ်များအသုံးပြုပြီး လက်ကမ်းစာစောင်များကျဲချမှုရှိကြောင်း ထပ် လောင်း ဖော်ပြလာကြသည်။ လက်ကမ်းစာစောင်များ၏ အနေအထားအရ ယင်းအချက်ကိုမူ အတည် မပြုနိုင်ခဲ့ပါ၊ သို့သော်လည်း ပုံစံအားဖြင့် ယင်းလက်ကမ်းစာစောင်များသည် ရှေ့ကဖော်ပြခဲ့သည်များနှင့် ပုံစံအလွန်တူသည်ဟုဆိုနိုင်သည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း ခေတ်သစ် မီ ဒီယာ သတင်းဌာနက စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့၊ ယင်းမာပင်မြို့နယ်၊ မင်းကင်းမြို့နှင့် ကလေးမြို့ တို့တွင် ဖြန့်ကျဲခဲ့ကြောင်းဆိုသည့် လက်ကမ်းစာစောင်များ၏ ဓါတ်ပုံများကို တင်ပြလာခဲ့သည်။ လူအ မျိုးမျိုးတို့မှ တင်ပြလာမှုများအရ ယင်းလက်ကမ်းစာစောင်များသည် တူညီသည့် အရင်းအမြစ်တစ်ခုမှ လာခဲ့ခြင်းဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။​


၂၀၂၂ ခုနှစ် ဇန်နဝါရီလ

မကွေးတိုင်းဒေသကြီး ကမ္မမြို့တွင် အဆိုပါ ဝါဒဖြန့်ချိသည့်စာစောင်များ အလားတူ လေမှဖြန့်ကျဲခဲ့ ကြောင်း ထပ်လောင်းဖော်ပြမှုများ ၂၀၂၂ ဇန်နဝါရီ လ ၉ ရက်နေ့တွင် ပေါ်လာခဲ့သည် (ပုံ ၂၀)။ စစ်တပ် သည် ထင်ယောင်ထင်မှားဖြစ်စေသည့် ဖော်ပြချက်များဖြင့် လူထုအား လမ်းလွှဲရန်ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း ဒေသခံများက ပျက်ရယ်ပြုခဲ့ကြသည်၊ ဥပမာ- လေယာဥ်ဆီသည် စျေးပေါပေါဖြင့်ရပါသ လားဟု မေးမြန်းခြင်း။ ယင်း စာစောင်များသည် ၂၀၂၁ ခုနှစ်က လက်ကမ်းစာစောင်များနှင့် ထပ်တူကျ သည့်၊ သို့မဟုတ် ဆင်တူရိုးမှားဖြစ်သည့် ပုံစံရှိသည်။​ ၎င်းစာစောင်များတွင် ဖော်ပြထားသည့် အာဘော် မှာ တူညီမှုရှိပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် မြန်မာနိင်ငံတွင် ပြဿနာများဖန်တီးနေသည့် အကြမ်းဖက်သမားများဖြစ်ကြောင်းဆိုထား သည်။ ထို့အပြင် လူထုအနေဖြင့် စစ်ကောင်စီကို ဆက်လက်ခုခံနေပါက မြို့ပြများနှင့် ကျေးရွာများအား ဖျက်ဆီးပစ်မည်ဟုလည်း ခြိမ်းခြောက်ထားပြီး၊ ယင်းနယ်မြေဒေသများတွင် စစ်တပ်မှ ခြေကုပ်နေရာယူ ထားမှုများရှိနေခြင်းဖြစ်သည်။



ပုံ ၂၀ - ဗုဒ္ဓဘာသာ ဘုန်းကြီးများ OIC အား ဆန္ဒထုတ်ဖော်နေသည့် တူညီသော ပုံများကို ကွဲလွဲသည့် ပုံစံကွက်အတွင်းဖော်ပြထားသည့် လက်ကမ်းစာစောင်ကို ကမ္မမြို့တွင် မှတ်တမ်းရယူခဲ့ပုံအား တွေ့ရစဥ်။


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လက်ကမ်းစာစောင်များဖြင့် လက်ဖြင့်လူကိုယ်တိုင် လိုက်လံဝေ ငှနေကြောင်း ဖော်ပြလာသော်လည်း ဝေနေသူများမှာ ယခင်လက်ကမ်းစာစောင်ဝေသူများဝတ်ဆင်ထား ခဲ့သည့် ယူနီဖောင်းများနှင့် ပုံစံမတူပဲ ကွဲလွဲသည့်သဏ္ဍာန်ရှိသည်။ ဟားခါး ဆေးရုံ တွင်မူ - စစ်တပ်မှအာ ဏာသိမ်းပြီး ခြောက်လအကြာ မင်းအောင်လှိုင်ကြေညာခဲ့သည့် လေသံအတိုင်းထင်ဟပ်ပြီး နောက် နှစ် နှစ်အကြာတွင် ရွေးကောက်ပွဲပြုလုပ်ပေးမည့်အကြောင်း ရေးသားထားသည့်စာများပါဝင်သည့် စာရွက် များကို စစ်တပ်က လက်ဖြင့် လူကိုယ်တိုင်လိုက်လံဝေငှခဲ့ကြောင်း သတင်းများကဖော်ပြသည် (ပုံ ၂၁)။ ၎င်းစာစောင်များသည် ယခင်လက်ကမ်းစာစောင်များကဲ့သို့အလားတူပင် KIA နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က နိုင်ငံသားများအား သတ်ဖြတ်နေကြောင်းနှင့်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့သည် မြန်မာပြည်တွင်းရှိ ပြဿနာများ၏ အရင်းခံဇစ်မြစ်ဖြစ်ကြောင်း ဆိုထားသည်။ ဖေ့စ်ဘုတ်ပေ့ချ်တစ်ခု၏ ဖော်ပြချက်အရ ယင်းလက်ကမ်းစာစောင်များသည် ဟချင်း ဘာ သာစကားဖြင့်ရေးသားထားခြင်းဖြစ်ပြီး၊ ယင်းနယ်မြေဒေသအတွင်း အပြောများသည့် ဘာသာစကားမ ဟုတ်သည့်အတွက် ဟားခါးလူမျိုးများပင် လက်ကမ်းစာစောင်များကို နားလည်ရခက်ခဲခဲ့ကြောင်း ဆို သည်။



ပုံ ၂၁ - အလားတူသဏ္ဍာန်ရှိသော လက်ကမ်းစာစောင် ၃ ခုကို ဟချင်းဘာသာစကားဖြင့် တွေ့ရစဥ်။ CNF သည် နိုင်ငံသားများအား သတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်းဆိုထားပြီး စိတ်မချမ်းမြေ့ဖွယ်ရာရုပ်ပုံ များပါဝင်သည်။


ဘာသာရေးနှင့် နိုင်ငံရေး သင်းကွဲမှုများ ဖန်တီးခြင်း


ဘာသာစကားနှင့် ပါဝင်သည့်အကြောင်းအရာများ


ဤစုံစမ်းစစ်ဆေးမှုပြုလုပ်စဥ်တစ်လျှောက် Myanmar Witness သည် ယင်းလက်ကမ်းစာစောင်များအ တွင်းတွင်ပါဝင်သော ဘာသာစကားများနှင့် သတင်းစကားမက်ဆေ့ချ်များကို စိတ်ဖြာသုံးသပ်ခဲ့သည်။ ၎င်းအကြောင်းအရာများသည် များသောအားဖြင့် သတင်းမှား သို့မဟုတ် စိစစ်ထားမှုမရှိသည့် သတင်း အချက်အလက်အမျိုးအစားများအတွင်းသာ ကျရောက်ပြီး၊ မြန်မာနိုင်ငံရှိ နိုင်ငံရေးအုပ်စုများ၊ ခုခံကာ ကွယ်ရေးအုပ်စုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများစသည့် အတိုက်အခံ အဖွဲ့အမျိုးမျိုးတို့ကို ပစ်မှတ် ထားထားခြင်းဖြစ်သည်။


နိုဝင်ဘာလတွင်ပေါ်ပေါက်ခဲ့သည့် လက်ကမ်းစာစောင်အချို့တို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည် မူးယစ်ဆေးဝါးတရားမဝင်ကူးသန်းရောင်းဝယ်မှုတွင် ပါဝင် ပတ်သက်နေသည့်ပုံစံကို ဗဟိုပြုရေးသားဖော်ပြထားခြင်းဖြစ်သည်။ ယင်းကဲ့သို့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများအား တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ဆက်စပ်ကြောင်း ဖော်ပြခြင်း သည် ပထမဆုံးအကြိမ်မဟုတ်သော်လည်း NUG မှ ပါဝင်ပတ်သက်နေသည်ဟုဆိုလိုက်လျှင် စစ်အစိုးရ အား ၎င်း၏ဆန့်ကျင်မှုကို တရားမဝင်အောင် ပြုလုပ်နိုင်ခြင်းဖြစ်သည်။


၂၀၁၉ ခုနှစ်တွင် NPR ၏အစီရင်ခံဖော်ပြချက်အရ - ဘိန်းဖြူနှင့် ဟီးရိုးအင်း မူးယစ်ဆေးဝါးများကြောင့် လူသိများသည့် မြန်မာနိုင်ငံရှိ တရားမဝင် မူးယစ်ဆေးဝါးကူးသန်း ရောင်းဝယ်ခြင်းသည် လွန်ခဲ့သော ဆယ်စုနှစ်များနှင့်စာလျှင် ပို၍ ကြီးမား များပြားလာသည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂရုံး ဒေသတွင်းဒါရိုက်တာဖြစ်သူ Jeremy Douglas က ယုံကြည်ထားကြောင်းဆိုသည်။​ အာ ဏာသိမ်းပြီးနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရအား မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ပတ် သက်နေသည်ဟု စွပ်စွဲခြင်းမှာ စစ်ကောင်စီအား ၎င်း၏ဆန့်ကျင်မှုကို တရားမဝင်အောင်ပြုလုပ်ရန်၊ နောက်လာမည့် ရွေးကောက်ပွဲတွင ယင်း ဒီမိုကရေစီထောက်ခံအားပေးသည့်ပါတီ (အကယ်၍ ၎င်းတို့ က ရှေ့သို့ခြေလှမ်းဆက်ချီခဲ့လျှင်) ကို အကျုံးမဝင်အောင် ပြုလုပ်ရန်နှင့်၊ တိုင်းပြည်၏ စီးပွားရေးအမြတ် ထွက်နေသည့် မူးယစ်စျေးကွက်အတွက် NUG မှတာဝန်ရှိကြောင်း ချောက်ချရန် စစ်ကောင်စီ၏ ကြိုး ပမ်းမှုကို ကိုယ်စားပြုဖော်ပြနေသည်။​


ယင်းလက်ကမ်းစာစောင်များအနက်တစ်ခု၏ ထိပ်ပိုင်းတွင်ပါဝင်သော သတင်းစကားတစ်ခုအား ဘာ သာပြန်ဆိုရာတွင်- “နိုင်ငံ၏ အနာဂါတ်အပေါ် အကြီး မားဆုံးခြိမ်းခြောက်မှုဖြစ်သည့် လူငယ်များအ ကြားမူးယစ်ဆေးဝါးသုံးစွဲမှုတိုးများလာစေရန် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နဲ့ NUG ရဲ့ ကြိုးကိုင်လုပ်ဆောင်မှုများ” ဟုရေးသားထားသည်ကိုတွေ့ရသည်။ ယင်းစာစောင်တွင် ဆက်ပြီး “အ ကြမ်းဖက်မှုနှင့် ဖမ်းဆီးခံရသူများ၏ ၈၀% တို့သည် မူးယစ်ဆေးဝါးသုံးစွဲထားသူများဖြစ်” ဟုလည်းဆို ထားသည် (ပုံ ၂၂ နှင့် ၂၃)။ သို့သော်လည်း မြန်မာစစ်တပ်အနေဖြင့် ယင်းသို့ မူးယစ်ဆေးဝါးသုံးစွဲထား ကြောင်းစွပ်စွဲမှုများအတွက် သက်သေလိုက်ပေးနိုင်မည့် ကိန်းဂဏန်းအချက်အလက်အထောက်အထား တစ်စုံတစ်ရာကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ GNLM စသည့် အစိုးရနှင့်ဆက်စပ်သည့် နိုင်ငံပိုင် သတင်း မီဒီ ယာဌာနများတွင်လည်း ဆန္ဒပြသူများသည်မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်ကြောင်းပုံစံဖြင့် အလား တူအာဘော်များဖြင့် ရေးသားဖော်ပြထားသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ယင်းလက်ကမ်းစာစောင် များသည် နိုင်ငံပိုင် အဖွဲ့အစည်းများမှ ဖန်တီး၊ ရေးသား၊ ဖြန့်ဝေခြင်းဖြစ်ကြောင်းအချက်ကို ထောက်ပြ နေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ယင်း တ ရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်များ သည် ၎င်းအဖွဲ့အစည်းများအနေဖြင့် လူငယ်များ၏ ‘စိတ်’များကို ‘အဆိတ်ခတ်’ သဖြင့် အကြမ်းဖက်မှု များအတွက် တာဝန်ရှိကြောင်း ဆိုချင်ဟန်တူသည်။




ပုံ ၂၂ နှင့် ၂၃ - မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများတွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို ပါဝင်ပတ်သက်နေသည်ဟုဆိုသည့် လက်ကမ်းစာစောင် များအား နိုဝင်ဘာလ ၁၈ ရက်နေ့ ပို့စ်တစ်ခုတွင်တွေ့ရစဥ်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ချင်းတွင်းသတင်းဌာနက လေမှတစ်ဆင့်ကျဲချခဲ့သည့် ယင်း လက်ကမ်းစာစောင်များတွင်ပါဝင်သည့်အကြောင်းအရာများ အသေးစိတ်ကို ဖော်ပြလာခဲ့သည်။ ယင်း လက်ကမ်းစာစောင်များတွင် CRPH၊ NUG နှင့် PDF တို့သည် ‘အကြမ်းဖက်သမားများ’ ဖြစ်ပြီး၊ ၎င်းတို့ အား အကြမ်းဖက်ကြောင်း အပြစ်ဖို့ထားသည်။ စစ်ကောင်စီကိုဆန့်ကျင်သည့် PDF အဖွဲ့ဝင်၏ လုပ်ရပ် များကြောင့် နိုင်ငံအတွင်း ဝရုန်းသုန်းကားမတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများဖြစ်ရကြောင်း ဆိုထား သည်။ ယင်းစွပ်စွဲချက်များသည် များသောအားဖြင့်- ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူပုံများ၊ ဖမ်းဆီးခံ လိုက်ရသူများ၊ စသည့် ကြမ်းတမ်းသည့်ရုပ်ပြပုံများနှင့်၊ ‘ကချင်ပြည်နယ်မှ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့’ စသည့် စာသားများနှင့် အတူတွဲ၍ ပါလာလေ့ရှိသည်။


ယင်းလက်ကမ်းစာစောင်များတွင် အဆိုပါ သတင်းစကားများနှင့်အတူ စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံများ ကိုလည်း ထည့်သွင်းအသုံးပြုထားသည်။​ ယင်းပုံများကို ဒီမိုကရေစီထောက်ခံအားပေးသည့် သို့မဟုတ် စစ်ကောင်စီအားဆန့်ကျင်သည့် အုပ်စုများအကြောင်း ဘက်လိုက်သည့် သတင်းအချက်အလက်များဖြင့် တွဲ၍ ဖော်ပြခြင်းသည်- ယင်းအုပ်စုများအား တရားမဝင်အောင်ပြုလုပ်ရန်၊ ၎င်းတို့အား ထောက်ခံအား ပေးသူများကို သတိပေးရန် သို့မဟုတ် ၎င်းအဖွဲ့အစည်းများအပေါ် စက်ဆုပ်ရွံရှာမှု ဖြစ်ပွားစေရန် စသည် တို့အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ဥပမာ- ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဒီဗွီဘီ သတင်းဌာနမှတစ်ဆင့် ဒေသခံများမှ သတင်းပေးပြောကြားချက်အရ လက်ကမ်းစာ စောင်များသည် ကျေးရွာများနှင့် စာသင်ကျောင်းများအား ဗုံးကျဲရခြင်းသည် PDF နှင့် အခြား ‘တောခို’ လှုပ်ရှားမှုများကြောင့် ဖြစ်သည်ဟု အပြစ်ဖို့ထားကြောင်း သိရသည်။ ယင်းသို့ ​PDF များအား အပြစ်ပုံ ထားသည့် စာများနှင့် ကြမ်းတမ်းသည့် ဓါတ်ပုံများကို တွဲ၍ပြသထားသည်။ ယင်းသို့သော စာစောင်များ ကို အင်တာနက်ဖြတ်တောက်ခံထားရချိန်များတွင်လည်း ဖြန့်ဝေခဲ့ခြင်းရှိပြီး၊ ပါဝင်သည့် သတင်းအချက် အလက်များအား အများပြည်သူမှ စိစစ်နိုင်ခြင်းမရှိခဲ့ကာ ယင်းအကြမ်းဖက်မှုများကို စစ်ကောင်စီဆန့် ကျင်သည့်အုပ်စုများမှ အမှန်တကယ်ကျူးလွန်ခဲ့သည်ဟု အများပြည်သူအား ထင်ယောင်ထင်မှားဖြစ်စေ သည်။ ဒေသခံများ၏ ပြောကြားချက်အရ လက်တွေ့ဖြစ်ရပ်မှန်မှာ လက်ကမ်းစာစောင်နှင့် ပြောင်းပြန် ဖြစ်သည်ဟုဆိုသည်။


ထို့အပြင် ယင်းစာစောင်များတွင် စစ်ကောင်စီအားဆန့်ကျင်သည့်အုပ်စုများနှင့် ပတ်သက်နေသူများအား ခြိမ်းခြောက်ထားသည့် စာများလည်းပါဝင်ကြောင်း သိရသည်။ ၎င်းစာစောင်များတွင်- လူထုအား စစ် တပ်၏ ကျော်ကြားသော ‘ဖြတ်လေးဖြတ်’ ဖြင့် ခြိမ်းခြောက်ထားပြီး၊ ခုခံတော်လှန်မှုကို ဖိနှိပ်ရန်အတွက် တော်လှန်ရေးအုပ်စုများနှင့် ပတ်နေသည်ဟု စစ်တပ်မှယူဆသည့် “လူတိုင်းနှင့် ကျေးရွာတိုင်း” ကို ပစ် မှတ်ထားထားသည် (Sydney Morning Herald, ၂၀၂၁)။ ယင်းခြိမ်းခြောက်မှုများသည် ကျေးရွာများအား သတိပေးလိုက်ခြင်းဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် အတိုက်အခံအုပ်စုများနှင့် ဆက်စပ်ပတ်သက်နေကြောင်း တွေ့ရှိရပါက ဖျက်ဆီးချေမှုန်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


မူဆလင်ဆန့်ကျင်ရေး အာဘော်အား အသုံးပြုမှု


ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း မူဆလင်ဆန့်ကျင်ရေး အာဘော်များပါဝင်သည့် လက်ကမ်းစာစောင်များ ကို စစ်ကိုင်းတိုင်း မင်းကင်မြို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့၌ လေမှ ဖြန့်ကျဲခဲ့ကြောင်း ဧရာဝ တီသတင်းဌာနက ဆိုသည်။ ယင်းဝါဒဖြန့်စာစောင်များတွင် OIC သည် ဗုဒ္ဓဘာသာဘုန်းကြီးများအား သတ်ဖြတ်ရန် ငွေကြေးနှင့် လက်နက်များထောက်ပံ့နေကြောင်းနှင့် ဗုဒ္ဓဘာသာကိုစော်ကားလျက်ရှိ ကြောင်းစွပ်စွဲထားသည်။ မူဆလင်လူထုများအား ကာကွယ်ရေးနှင့် မူဆလင်များအပေါ် တိုက်ခိုက်မှုများ အား ရှုတ်ချရေးအတွက် ဦးတည်လှုပ်ရှားနေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့အစ္စ လာမ္မစ်အဖွဲ့ချုပ် (OIC) က ရခိုင်ပြည်နယ်တွင် စစ်တပ်မှ ၂၀၁၇ ခုနှစ်နှင့် ယခုဤအစီရင်ခံစာရေးသားနေ စဥ်ကာလအထိ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်မှုများအား ရှုတ်ချထားသည်။ OIC အား တရားမဝင် အောင်ရှုတ်ချရန်စစ်တပ်မှကြိုးပမ်းသည့် ဤနောက်ခံအနေအထားကိုကြည့်ခြင်းအားဖြင့် ယင်းလက် ကမ်းစာစောင်များအား ထုတ်ဝေခြင်းနှင့် ဖြန့်ဝေခြင်းတွင် စစ်တပ်ကပါဝင်ပတ်သက်နေကြောင်းယူဆမှု များအား ကျိုးကြောင်းခိုင်လုံစေသည်။ ယင်းစာစောင်များ ဖြန့်ဝေရာတွင်ပါဝင်သူများသည်လည်း မြန်မာ နိုင်ငံတွင်မူဆလင်လူထုများများပြားပြားတည်ရှိနေခြင်းမရှိလင့်ကစား ၎င်းမူဆလင်များက ဗုဒ္ဓဘာသာ ဘုန်းကြီးများအား အကြမ်းဖက်မှုကျူးလွန်ကြောင်း စွပ်စွဲခြင်းအားဖြင့်၊ OIC ဆန့်ကျင်ရေး ဝါဒဖြန့်ချိခြင်း မှတစ်ဆင့် ဘာသာရေးတင်းမာမှုများဖြစ်ပေါ်အောင် ကြိုးပမ်းနေဟန်တူသည်။ စိတ်ဝင်စားဖွယ်ကောင်း သည်မှာ- အာဏာမသိမ်းမှီတွင်လည်း ၎င်းနှင့်ဆင်တူသည့်စွပ်စွဲချက်များပါဝင်သည့် လက်ကမ်းစာစောင် များကို ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း လမ်းများပေါ်တွင် ဖြန့်ကျဲခဲ့ခြင်းရှိကြောင်း ဧရာဝတီ သတင်းဌာနက အစီရင်ခံတင်ပြထားသည်။ ယင်းစာစောင်များတွင် ‘[ယင်းအချိန်က NLD အစိုးရလက် ထက်ဖြစ်သည်] အစိုးရအားဆန့်ကျင်သည့်’ အကြောင်းအရာများ၊ အထူးသဖြင့် “လူမျိုး၊ ဘာသာ၊ သာ သနာကို မကာကွယ်နိုင်သည့်၊ ကာကွယ်ရန်ပျက်ကွက်သည့်’ အစိုးရဟူ၍ ဝေဖန်ခြင်းအပါအဝင် မူဆလင် လူမျိုးများအပေါ် လူမျိုးရေးဗန်းစကားဖြင့် အမုန်းစကားများပါဝင်ကြောင်း ဖော်ပြထားသည်။ ယင်း လက်ကမ်းစာစောင်များကို ရဲများထံ တိုင်ကြားပေးပို့ခဲ့သော်လည်း နောက်ကွယ်ကတာဝန်ရှိသူများအား ဖော်ထုတ်အရေးယူနိုင်ခဲ့ခြင်းမရှိပါ။ ၂၀၂၁ ခုနှစ် ဇွန်လ တွင် စစ်တပ်အားပေးထောက်ခံသူများမှ လူမှု သတင်းစာမျက်နှာများတွင် ရေးသားထားသည့်ပို့စ်များသည် - တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် OIC သည် အကြမ်းဖက်အဖွဲ့များဖြစ်သည့်အကြောင်း ဗဟိုပြု၍ ရေးသားထားမှုများဖြစ်သည်ဟု Frontier က တင်ပြထားသည်။ ယင်းရေးသားမှုများတွင် မူဆလင်ပြည်သူလူထုများနှင့်စပ်လျဥ်း၍ ဘာ သာရေးအစွန်းရောက်ကြောင်း ပုံစံခွက်သွင်းရေးသားဖော်ပြမှုများကိုအသုံးပြုပြီး - ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း၊ ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုများ နှင့် အာဏာသိမ်းစဥ်က တည်းက စစ်ကောင်စီမှကျူးလွန်သည့် အကြမ်းဖက်အုပ်ချုပ်မှုများစသည်တို့အတွက် ဆင်ခြေပေးထား သည်။ ယင်းစာစောင်တစ်ခုအတွင်းပါရှိသည့် စာသားကို Myanmar Witness မှဖတ်ရှုကြည့်ရာတွင်- “မြန်မာနိုင်ငံရဲ့ ၁၀% ကျော်သော လူဦးရေဟာ မူဆလင်များဖြစ်တယ်။ ဗုဒ္ဓဘာသာတွေအချင်းချင်းသတ် နေရင် သူတို့ပျော်နေမှာ” ဟူ၍ဖြစ်သည်။ ယင်းသို့ မြန်မာ့လူဦးရေ၏ ၁၀% သည် မူဆလင်များဖြစ်သည် ဟူသည့် စာရင်းအင်းအချက်အလက်မှားအပါအဝင် သတင်းမှားကို လူတိုင်းရယူကြည့်ရှုနိုင်သော သန်း ခေါင်စာရင်းစစ်တမ်းများတွင် ရှာဖွေကြည့်ခြင်းအားဖြင့် မဟုတ်မှန်ကြောင်း သိရှိနိုင်သည်။ သို့သော် လည်း အင်တာနက်ဖြတ်တောက်ခံထားရသည့် နယ်မြေဒေသများအတွင်းနေထိုင်သူများမှာမူ ယင်း သ တင်းမှာ အမှားဖြစ်ကြောင်း သိရှိရန် မဖြစ်နိုင်ခြင်း ရှိနိုင်သည်။ မြန်မာပြည်၏ ပဋိပက္ခကြောင့် မူဆလင် လူမျိုးများ ‘ပျော်ရွှင်’ နေလိမ့်မည်ဟူသောဖော်ပြချက်မှာလည်း ပြဿနာဖြစ်စေသည်။





ပုံ ၂၄ - စာစောင်တွင်မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဟူ၍ ဆန္ဒပြနေသည့် ဗုဒ္ဓဘာသာများ၏ ပုံများနှင့်ယှဥ်တွဲဖော်ပြပြီး OIC အားပစ်မှတ်ထားပြောဆိုထားသည်ကိုတွေ့ရစဥ်။​


၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင်မူ နောက်ထပ်ထွက်လာသည့် စာစောင်များသည် မြန်မာနိုင်ငံအ တွင်း မူဆလင်လူနည်းစုများနှင့် OIC ကြောင့် တိုင်းပြည်ကျိုးမွပျက်စီးရကြောင်း အပြစ်တင်ထားသည်။ ၎င်းသည် ဘာသာရေးတင်းမာမှုများပိုဖြစ်ပေါ်စေပြီး၊ မူဆလင် လူနည်းစုများအပေါ် မယုံကြည်မှုများ တိုးပွားစေသည်။ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်မှုများအား စစ်ဆေးသည့် ကုလသမဂ္ဂ ၂၀၁၉ ခုနှစ် စုံစမ်းစစ်ဆေးရေးသမားဖြစ်သူ Chris Sidoti က- ဘာသာရေးတင်းမာမှုများဖန် တီးနေခြင်းသည် ‘စစ်တပ်မှ မျိုးဆက်ပေါင်းများစွာဆက်တိုက်လုပ်ဆောင်လာခဲ့သည့်အရာ’ ပင်ဖြစ် ကြောင်း ဆိုထားသည်။ ယင်း ဘာသာရေးအစွန်းရောက်အာဘော်များသည် မူဆလင်များနှင့် စစ်တပ်ဆန့် ကျင်သည့်အုပ်စုများအပေါ် မကျေနပ်မှုများဖြစ်ပေါ်အောင် အားပေးနေပြီး၊ ၂၀၁၇ ခုနှစ်တွင် မူဆလင်လူ နည်းစုဖြစ်သည့် ရိုဟင်ဂျာ လူမျိုးများအပေါ် ပစ်မှတ်ထားခဲ့သည့် ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုများက သက်သေပင်ဖြစ်သည်။ ဤ စုံစမ်းစစ်ဆေးမှုနှင့် ကုလသမဂ္ဂ၏ စစ်ဆေးမှုမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည့် အဖြစ်အပျက်ဖော်ပြမှုအကြောင်းအရာများနှင့် အပြုအမူများသည် - ယင်းလက် ကမ်းစာစောင်များကို စစ်တပ်က ဖြန့်ကျဲခဲ့သည်ဟူသည့်အဆိုကို ခိုင်မာစေရုံသာမကပဲ၊ ရခိုင်ပြည်နယ်အ တွင်း နယ်မြေရှင်းလင်းရေးလှုပ်ရှားမှုများတွင် ကျူးလွန်ခဲ့သည့် အပြုအမူများ တစ်ဖန်ပြန်လည်ဖြစ်ပေါ် လျက်ရှိကြောင်း စိုးရိမ်ဖွယ်ရာ ညွှန်ပြနေသည်။


ဓါတ်ပုံများအား အသုံးပြုခြင်း


[သတိ- စိတ်မချမ်းမြေ့ဖွယ်ရာ ပုံပါဝင်သည်] စာစောင်အမြောက်အများတို့တွင် သတင်းကိုလွတ်လပ်စွာ စိစစ်ထားပြီးဖြစ်ကြောင်းပုံစံဖြင့် ‘သတင်းမှန်’ တံဆိပ်ရိုက်နှိပ်ဖော်ပြထားသည်။ ယင်းစာစောင်များအ တွင်းဖော်ပြထားသော ‘သတင်းမှန်’ တံဆိပ်ကို ပုံ ၂၅ တွင်တွေ့နိုင်သည်။ ယင်းဥပမာပုံတွင်- ‘အကြမ်း ဖက်မှုကို ယခင် NLD အမတ်ဟောင်းများမှ ဦးဆောင်နေ’ ကြောင်း ယင်း ‘အကြမ်းမှု’ တွင်ပါဝင်ပတ်သက် နေသည့် သူများ၏အမည်နှင့် တည်နေရာများဖြင့် စွပ်စွဲထားမှုနှင့်အတူ သတင်းမှန်တံဆိပ်ကို ဖော်ပြထား ခြင်းဖြစ်သည်။ ၎င်းတွင် ယခင် NLD ကျန်းမာရေး ဝန်ကြီးဟောင်း ဦးမြင့်ထွေး နှင့် မင်းကင်း NLD တိုင်း ဒေသကြီးလွှတ်တော်အမတ် အောင်ထွန်းလွင် တို့ပါဝင်သည်။ အာဏာသိမ်းပြီးကတည်းက ယင်း ပုဂ္ဂိုလ် နှစ်ဦးစလုံးတို့သည် PDF အဖွဲ့များအားဖွဲ့စည်းခြင်းနှင့် ဦးဆောင်ခြင်းတို့အတွက် GNLM သတင်းစာတွင် ထည့်သွင်းဝေဖန်ခံထားရသူများဖြစ်သည်။ NLD အမတ်ဟောင်း ဖြိုးဇေယျာသော်ကို ၂၀၂၁ ခုနှစ် နိုဝင် ဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီး၊ သေနတ်အလက် ၂၀ သိမ်းဆည်းရမိကြောင်းကိုလည်း အသား ပေးဖော်ပြထားသည်။ Myanmar Now ၏ ဖော်ပြချက်အရ ဖြိုးဇေယျာသော်အား ဖမ်းဆီးရခြင်းမှာ ၎င်း သည် စစ်ကောင်စီအား အကြိမ်များစွာတိုက်ခိုက်မှုများကို ဦးဆောင်ကြံစည်ခဲ့ခြင်းဖြစ်သဖြင့် ဟုသိရ သည်။ ပုံ ၂၅ ပါ စာစောင်တွင်လည်း ဖမ်းဆီးခံရသူနှင့် လက်နက်များ၏ ဓါတ်ပုံများအပြင် ဒီမိုကရေစီ ထောက်ခံအားပေးသည့် ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှုများနှင့် သက်ဆိုင်သည့် ပုံများပါဝင်သည်။ သို့ သော်လည်း ယခင် NLD အဖွဲ့ဝင်ဟောင်းများနှင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးရသည့် ၎င်းတို့၏ အကြောင်းရင်းကို အွန်လိုင်းပေါ်တွင် ဝေဖန်မှုများရှိခဲ့သည်။ ‘သတင်းမှန်’ တံဆိပ်ပါရှိပါသော ယင်းလက်ကမ်းစာစောင်များသည် ပါဝင်သောသတင်းအချက်အလက်များအား မည်သို့ စိစစ်ထားသည့် အပေါ်အကြောင်းတစ်စုံတစ်ရာမပေးပဲ စစ်တပ်၏လုပ်ကြံအသံကိုသာ ပဲ့တင်ထပ်နေစေဟန်ရှိသည်။



ပုံ ၂၅ - အစိမ်းရောင်အကွက်အတွင်း စာသားအချို့တွင် ‘ယခင် NLD အမတ်ဟောင်း မြင့်ထွေး (ရဲဦး) ထွန်းဝင်း (ကနီ)၊ အောင်ထွန်းလွင်(မင်းကင်း) နှင့် ဒေါက်တာနိုင်အောင် (ဝက်လက်) တို့ကအကြမ်းဖက်မှု ကို ဦးဆောင်’ ဟူ၍ ရေးသားထားသည်။ ၎င်းသတင်းကို စိစစ်ထားပြီးဟုဆိုသော်လည်း မည်သို့စိစစ် ထားကြောင်းကိုမူ ယင်းလက်ကမ်းစာစောင်များတွင် ရှင်းပြထားခြင်းမရှိပါ။


၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နိုင်ငံပိုင်သတင်းဌာန GNLM က ဖြိုခွင်းဖမ်းဆီးမှုများအပြီး လှိုင်သာ ယာကို ပထမဆုံးအကြိမ်ပြန်လည်ဖော်ပြလာသည်။ အကြမ်းဖက်မှုကြောင့်မရေမတွက်နိုင်အောင် သေ ဆုံးသွားသူများ၏ ဦးရေအားမဖော်ပြထားပဲ ဆန္ဒပြသူများသည် စက်ရုံများအား မီးရှို့ဖျက်ဆီးလိုက် ကြောင်းကိုသာ အသားပေးဖော်ပြထာသည်။ ရှေ့ (စာမျက်နှာ ၉) တွင်ဖော်ပြထားသည့်အတိုင်း ၂၀၂၁ ခုနှစ် ဧပြီလ ၁၉ ရက်နေတွင် စစ်တပ်ထောက်ခံအားပေးသည့် လက်ကမ်းစာစောင်များကို နေပြည်တော် ဝင် ဖြန့်ဝေခဲ့သည်။ ယင်း စာစောင်များတွင် ဆန္ဒပြပွဲများ၊ ပစ္စည်းဥစ္စာများအား ဖျက်ဆီးခြင်းနှင့် မီးရှို့မှု များကို ရည်ညွှန်းဖော်ပြထားသည်။ ယင်းစာစောင်များအနက် တစ်ခုတွင် လှိုင်သာယာ သပိတ်အ ကြောင်းပါဝင်ပြီး လှိုက်မြို့နယ်ရှိ လမ်းမတစ်ခုပေါ် မီးလောင်နေသည့်ပုံ [ပထဝီတည်နေရာမှာ ၁၆.၈၅၈၅၈၉၊ ၉၆.၁၀၆၈၈၅ ဖြစ်ကြောင်း Myanmar Witness မှဖော်ထုတ်ထား] တစ်ခုကို ထည့်သွင်း ဖော်ပြထားသည်။ GNLM မှ သတင်းတင်လာသည့်အချိန်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေသည့် အချိန်ကိုကြည့်ခြင်းအားဖြင့်- သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများအကြောင်းမပါဝင်ပဲ ဆန္ဒပြသပိတ် များအကြောင်းသာ အသားပေးပြီးဖော်ပြထားသည့် ယင်းလက်ကမ်းစာစောင်များကို စစ်တပ်အားပေး သူများက ရေးသားပြုလုပ်ပြီးလူထုထံ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြနေသည်။ ဤအကြောင်းအ ရာနှင့်ပတ်သက်ပြီး Myanmar Witness က လှိုင်သာယာရှိ ဆန္ဒပြသူများအား အကြမ်းဖက်မှု အ ကြောင်း ရေးသားထုတ်ဝေထားဖူးသည်။



ပုံ ၂၆ - လှိုင်သာယာ သပိတ်နှင့်ပတ်သက်သည့်ပုံများအပြင်၊ ဖျက်ဆီးထားပုံများပါဝင်သည့် လက်ကမ်း စာစောင်များကို နေပြည်တော်တွင် ဝေငှထားသည့်ပုံ။ ထင်ရှားသည့် စာသားတစ်ခုတွင် - ‘လှိုင်သာယာ စက်မှုဇုံံ၊ ရွှေပြည်သာ စက်မှုဇုံ နှင့် အင်းစိန်မြို့နယ်ရှိ စက်ရုံ ၁၃ ရုံတို့ မီးရှို့ခံရ’ ဟုပါဝင်ပြီး အနီရောင် ခေါင်းစည်းပိုင်းအောက်တွင် NLD နှင့် CRPH တို့က နိုင်ငံခြားအကူညီယူ၍ မြန်မာနိုင်ငံကို ဘေးဒုက္ခဖြစ် နေစေဟု စွပ်စွဲထားသည်။



ပုံ ၂၇ - စစ်ကောင်စီဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများ၏ လက်ချက်ဟုဆိုထား သည့် ဖျက်ဆီးခံထားရပုံများပါဝင်သည့် လက်ကမ်းစာစောင်များအား နေပြည်တော်တွင် ဝေငှခဲ့သည့် ပုံ။


၂၀၂၁ ခုနှစ် ဇွန်လတွင် စစ်တပ်ထောက်ခံသည့် ရေးသားဖော်ပြချက်များပါဝင်သည့် လက်ကမ်းစာစောင် များအား စစ်တပ်က ဆက်လက် ဖြန့်ဝေနေခဲ့ဆဲဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း ယင်းအချိန်တွင် စာစောင်များအတွင်း အသုံးပြုထားသည့်သတင်းစကားများ၏ ပြင်းထန်မှုများ အပြောင်းအလဲဖြစ်လာ သည်ကိုတွေ့ရသည်။ စာစောင်များတွင်ထင်ယောင်ထင်မှား သတင်းမှားများအားဆက်လက်အသုံးပြု ထားသော်လည်း ပို၍ကြမ်းတမ်းသော၊ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သော ဓါတ်ပုံများ ပါဝင်လာခဲ့သည်။ ထို့ အပြင် စာစောင်များတွင် ယင်းဓါတ်ပုံများနှင့်အတူ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်ဆန့် ကျင်သည့် အုပ်စုများအား လုပ်ကြံစွပ်စွဲထားသည်။ ဥပမာ- ၂၀၂၁ ခုနှစ် ဇွန်လတွင် ဖြန့်ဝေခဲ့သော လက် ကမ်းစာစောင်များတွင် ‘NLD လည်ပင်းဖြတ်’ ဟူသော စကားလုံးများဖြင့် သေဆုံးသူ သို့မဟုတ် ဒဏ်ရာ ရထားသူများ၏ ပုံများဖြင့် (ပုံများကို ဝါးထားသည်) အသုံးပြုလာသည်။ ၎င်းသည် ၂၀၂၁ ခုနှစ် ဧပြီလ တွင် တွေ့ရသည့် ပုံများနှင့် မတူကွဲပြားသည်။ ယခင် ရှေ့လက်ကမ်းစာစောင်များတွင်မူ မီးများနှင့် ပျက် စီးဆုံးရှုံးမှုများသာပါဝင်ခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ၏ပုံများ မပါဝင်ခဲ့ပါ။



ပုံ ၂၈ - NLD၊ NUG၊ PDF နှင့် CRPH တို့အား စွပ်စွဲမှုများနှင့်အတူ ပါဝင်လာသော စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံများ။


ယင်းသို့လက်ကမ်းစာစောင်၏ သဘောသဘာဝပုံစံ အဘယ်ကြောင့်ပြောင်းလဲသွားသည်ကိုမူ Myanmar Witness မှ အတည်ပြုနိုင်ခြင်းမရှိပါ။ သို့သော်လည်း ယင်းသို့ ကြမ်းတမ်းသည့်ဓါတ်ပုံများ သည်၂၀၂၁ ခုနှစ် နိုဝင်ဘာလ က လက်ကမ်းစာစောင်များ (ပုံ ၃၉) အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဟားခါး ၌တွေ့ရသော လက်ကမ်းစာစောင်များ စသည့် မတူသော လက်ကမ်းစာစောင်များတို့တွင် အသွင်သဏ္ဍာန်တူညီစွာဖြင့်ပါဝင်ခဲ့ကြောင်း ဆိုထားကြသည်များရှိသည်။ Myanmar Witness မှ ရှာဖွေ ဖော်ထုတ်ခဲ့သည့် ယင်း လက်ကမ်းစာစောင်အနက်တစ်ခုဆိုလျှင် ယင်း စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံနှင့် ဗျူဟာကျကျ ရေးသားဖန်တီးထားဟန်တူသည် (ပုံ ၂၉)။ ပထမ အကွက်ဝါတွင် PDF မည်မျှသတ်ဖြတ်ခံ ထားရပြီးဖြစ်ကြောင်းကို ယင်း PDF များဟုဆိုထားသည့်လူများ၏ စိတ်မချမ်းမြေ့ဖွယ်ရာပုံများဖြင့် ယှဥ် တွဲဖော်ပြထားသည်။ အလယ်အကွက်တွင် PDF များနှင့် ၎င်းတို့၏ ကျူးလွန်မှုများအကြောင်း သတင်း စကားများပါဝင်သည်။ ပထမ အကွက်တွင်မူ ‘PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကို ရင်ဆိုင်တိုက်ခိုက်ရန် စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်နက်ကိုင် အယောက် ၃,၀၀၀ ကျော်ဖြင့် တပ်ဖွဲ့ ဖွဲ့စည်း’ ထားကြောင်း၊ စစ်သင်တန်းသင်ယူနေသည်ဟုထင်ရသည့် PDF ဆန့်ကျင်သူများ၏ပုံဖြင့် ဖော်ပြ ထားသည်။​ ယင်းပုံများအနက်တစ်ခုကို စစ်တပ်ထောက်ခံအားပေးသည့်နှင့် ဖေ့စ်ဘုတ်အကောင့်တစ်ခုမှ ရယူထားရာတွင် ပို့စ်ပိုင်ရှင်သည် ပျူစောထီးဟုယူဆရကြောင်း Myanmar Witness မှ တွေ့ရှိရသည်။ ယင်းသို့သော စာစောင်ဒီဇိုင်းပုံစံနှင့် စိတ်မချမ်းမြေ့ဖွယ်ရာပုံများထည့်သွင်းထားမှုသည် စစ်တပ်ထောက် ခံအားပေးသည့်အုပ်စုများ၏ အင်အားနှင့် PDF ကဲ့သို့သောအတိုက်အခံအုပ်စုများအားရှုတ်ချကြောင်း တို့ကိုပြသလိုခြင်းနှင့်၊ စစ်တပ်ထောက်ခံအားပေးသူမဟုတ်သူများ သို့မဟုတ် ဒေသတွင်း စစ်တပ် ထောက်ခံအားပေးသူများအနေဖြင့် ပျူစောထီးများအဖြစ် အဖွဲ့ဝင်လာစေရန် အားပေးတိုက်တွန်းလို ခြင်းဖြစ်နိုင်သည်။​



ပုံ ၂၉ - စာစောင်၏ အကွက်အဝါပေါ်တွင် NLD နှင့် PDF များအား ဆန့်ကျင်သည့်နှင့် တိုက်ခိုက်သည့် စာသားများအား စိတ်မချမ်းမြေ့ဖွယ်ရာပုံများနှင့် ယှဥ်တွဲဖော်ပြထားစဥ်။။


စိတ်မချမ်းမြေ့ဖွယ်ရာရုပ်ပုံများနှင့် မျက်နှာများကိုမူ Myanmar Witness မှ ဆင်ဆာဖြတ်တောက်ထား သည်။


ခြိမ်းခြောက်ခြင်း - သတိပေးသည့် လက်ကမ်းစာစောင်များကို ယင်းဝါဒဖြန့်စာစောင်များနှင့် တစ်ပြိုင် နက်တည်း ဖြန့်ဝေအသုံးပြုခြင်းဖြစ်ပြီး၊ အွန်လိုင်းနှင့် သတင်းမီဒီယာစာမျက်နှာများတွင် ဖော်ပြထား သည့် စာရွက်ပုံစံတစ်ခုကိုလည်း Myanmar Witness က ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းသတိပေးစာသည်- တိုက်ရိုက် သတိပေးထားသည်ပုံစံရှိပြီး၊ စာ၏ အချို့နေရာများတွင်- စစ်တပ်ဆန့်ကျင်သည့် လှုပ်ရှားမှု များအတွင်း တိုက်ရိုက်ဖြစ်စေ၊​သွယ်ဝှိုက်၍ဖြစ်စေပါဝင်ပတ်သက်လျှင်ပတ်သက်သည့် ကျေးလက် ကျေးရွာများအား တရားဥပဒေအရဖြစ်စေ၊ အတိအကျမပြောထားသည့်နည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ အရေးယူသွားမည်ဖြစ်ကြောင်း ဆိုထားသည်။


၂၀၂၁ ခုနှစ် နိုဝင်ဘာလ


၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ယင်းစာရွက်များအကြောင်း ပထမဆုံး သတင်းတက်လာသည့် ပို့စ်အချို့တို့တွင် ကျေးရွာများအား စစ်တပ်မှ ဝင်ရောက်စီးနင်းဖျက်ဆီးမည်ဟုပေါ်ပေါ်ထင်ထင်ခြိမ်း ခြောက်ထားသည်ကို Myanmar Witness က လူမှုကွန်ယက်သတင်းစာမျက်နှာများပေါ်မှတစ်ဆင့် ရှာဖွေ တွေ့ရှိရသည်။ ယင်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင်ရှိသော ရေမြက် ရွာတွင် တွေ့ရကြောင်းဆိုသည်။ သို့သော်လည်း ယင်းသတိပေးစာထွက်ပေါ်လာသော ပတ်ဝန်းကျင်တည်နေရာ ကိုမူ မစိစစ်နိုင်သဖြင့်၊ ယင်းစာသည် ရေဦးမြို့နယ်တွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်းဟုတ်မဟုတ်ကို Myanmar Witness မှ အတည်မပြုနိုင်ပါ။ ယင်းဖြစ်စဥ်နှင့်စပ်လျဥ်းပြီး သတိပေးသည့်နောက်ထပ်လက် ကမ်းစာစောင်များကို Myanmar Witness မှ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။



ပုံ ၃၀ - နိုဝင်ဘာလတွင် ရေမြက်ရွာအတွင်းရှိ တိုင်များပေါ်တွင် သတိပေးစာများကပ်ထားသည်ကို ယင်းရွာ တိုက်ခိုက်မခံရမှီ တစ်လအကြိုတွင် တွေ့ရစဥ်။


Myanmar Witness ၏ စုံစမ်းစစ်ဆေးသူမှ ဘာသာပြန်ဆိုကြည့်မှုအရ ယင်းသတိပေးစာတွင်- “PDF များ အား ပုန်းအောင်းပေးထားသည့် နေအိမ်များကို တရားဝင် ချိတ်ပိတ်သိမ်းဆည်းမည်”၊ “PDF များအား ပုန်း အောင်းပေးထားကြောင့်တွေ့ရှိရသည့် ရွာများ ရွာလုံးကျွတ်ရွှေ့ပြောင်းခံရမည်”၊ “NLD ပါတီက အကြမ်း ဖက်လုပ်ရပ်များကျူးလွန်နေသည်၊ မြန်မာနိုင်ငံတွင် ၎င်းတို့ [NLD] အတွက် နေရာမရှိ”၊ “NLD ၏ ရုပ် သေးရုပ်များဖြစ်သည့် PDF အကြမ်းဖက်သမားများအား မြေလှန်ဖြစ်ရမည်” နှင့် “တောခိုလိုသည့် လူ ငယ်များ အရှုံးပေး အလင်းဝင်ပြီး ကာကွယ်ရေးတပ်ဖွဲ့များအတွင်းသို့ဝင်ရောက်သင့်သည်” စသဖြင့် ရေး သားထားသည်။ နောက်တစ်လအကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စစ်တပ်က အဆိုပါရွာ အား တိုက်ခိုက်ခဲ့ကြောင်း Myanmar Witness က မှတ်တမ်းတင်နိုင်ခဲ့သည်။ ရွာအတွင်းမီးများလောင်နေ သည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မီးသတင်းအချက်အလက်နှင့် အရင်းအမြစ်စီမံခန့်ခွဲမှု စနစ် (FIRMS) မှတစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ ကျေးရွာ [၂၂.၈၆၆၆၀၈၊ ၉၅.၂၀၈၈၁၄ ဝန်းကျင်] အတွင်း ပျက်စီးသွားသည့် အဆောက်အဦများ၏ ပုံများကိုလည်း Myanmar Witness က ပထဝီတည်နေရာ စိစစ်သတ်မှတ်နိုင်ခဲ့ပြီး ယင်းဓါတ်ပုံများ၏ တည်နေရာနှင့် မီးလောင်ကြောင်းပို့စ်ရေးသားတင်ပြမှုများ၏ တည်နေရာမှာ FIRMS ဒေတာအချက်အလက်နှင့် ထပ်တူကျကြောင်းအတည်ပြုရသည်။



ပုံ ၃၁ - ရေမြက်ရွာအတွင်း မီးလောင်သွားသောနေအိမ်များနှင့် ပျက်စီးဆုံးရှုံးမှုများအား ပထဝီနေရာ စိစစ်အတည်ပြုထားမှု။


၎င်းသည် အင်မတန်မှ စိုးရိမ်ဖွယ်ရာဖြစ်သည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်သည့် အချိန်ကာလအတော အ တွင်း ခြိမ်းခြောက်ခြင်းပြုလုပ်မှုများ အကြိမ်အရေအတွက် ပိုတိုးလာပြီး၊ ၎င်းသည် နောက်ထပ်နေရာ များစွာ အတိုက်ခိုက်ခံရနိုင်သည့်အန္တရာယ်ရှိကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း ဤ အစီရင်ခံစာ ရေးသားသည့်အချိန်တွင် ယင်း ခြိမ်းခြောက်မှုများကို အခြားသော နေရာများတွင် လက်တွေ့လုပ်ဆောင် မှု မရှိသေးကြောင်း သတိပြုနိုင်သည်။ ယင်းခြိမ်းခြောက်မှုများကို အမှန်တကယ် လိုက်လံလုပ်ဆောင် သည် ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် လူထုအပေါ် ခြိမ်းခြောက်သည့်နည်းလမ်းတစ်ခု အဖြစ်အသုံးပြုနေဟန်ရှိသည်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင် မြို့နယ်တွင် လက်ကမ်းစာစောင်များကို လမ်းဘေး တွင် လည်းကောင်း၊ လမ်းများပေါ်တွင် တိုက်ရိုက်သော်လည်းကောင်း ဖြန့်ဝေသွားသည်ဟု သတင်းများအရ သိရသည်။ အမည်မသိဒေသခံတစ်ဦး၏ ပြောကြားချက်အရ ယင်းလက်ကမ်းစာစောင်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက် အချိန် ၀၈၀၀ နာရီခန့်တွင် စစ်တပ် မော်တော်ယာဥ်ပေါ်မှ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယင်း စာစောင်များတွင် ဘုတလင် PDF များအနေဖြင့် စစ်တပ်အကြမ်းဖက်မှုကို ထိရောက်စွာ တုံ့ပြန်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ဘုတလင်မြို့နယ်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ တိမ်းရှောင်ကြရန် ဘုတလင် PDF များက တောင်းဆို ထားသည့်အချက်ပါဝင်သည်။ ယင်းစာစောင်များကို ဘုတလင်မြို့နယ် လူငယ်ပေါင်းစုအဖွဲ့ (ဒေသခံ PDF ၏ အဖွဲ့ခွဲ) မှ လက်မှတ်ရေးထိုးထားသည်ကိုတွေ့ရသည်။ ယင်းစာစောင်များသည် ထင်ယောင်ထင်မှား ဖြစ်စေသည့်နှင့် အတည်မပြုထားသော သတင်းအချက်အလက်များပါဝင်သည့် လက်ကမ်းစာစောင် များ၊ သို့မဟုတ် ဤအစီရင်ခံစာတွင်ဖော်ပြထားသည့်အခြား သတိပေးစာစောင်များနှင့် ပုံစံမတူညီပဲရှိ သည်။​ သို့သော်လည်း ဘုတလင် ဒေသခံ PDF အဖွဲ့ကမူ ယင်းစာစောင်များကို ၎င်းတို့ ရေးသားဖြန့်ဝေ ခြင်းမဟုတ်ကြောင်းနှင့် ပြည်သူများ အိုးအိမ်စွန့်ခွာရှင်းလင်းရလောက်အောင်အထိ စစ်ကောင်စီအဖွဲ့ဝင် များအား တုံ့ပြန်ချေပသွားရန် အစီအစဥ်မရှိကြောင်း ဖော်ပြထားသည်။ ဘုတလင်မြို့နယ်တွင် ဖြန့်ဝေခဲ့ သော အခြားလက်ကမ်းစာစောင်တစ်ခုတွင်မူ PDF များပြောသည့် ၎င်းအချက်ကိုထည့်သွင်းဖော်ပြထား ပြီး, ယခင်ကတိမ်းရှောင်ခိုင်းခဲ့သည့်သတိပေးစာများမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထား ပြန်သည်။




ပုံ ၃၂ - (ဝဲ) ဘုတလင်ပြည်သူများ နေရပ်မှ တိမ်းရှောင်ကြရန် လူငယ်အင်အားစုအဖွဲ့လက်မှတ်ထိုးဖြင့် ဖော်ပြထားသည့် စာရွက်။

ပုံ ၃၃ - (ယာ) ယခင်စာများမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထားခြင်းမဟုတ်ကြောင်း ပြန်လည်ပြောဆိုသည့် စာများ။


ဒေသခံ PDF များ၏ ပြောကြားချက်အရ ယင်းစာစောင်များအား ဖြန့်ဝေခြင်းသည် ဘုတလင်မြို့နေပြည် သူများအား PDF များအပေါ် အကြောက်တရားဖြစ်ပေါ်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။ စစ် ကောင်စီအနေဖြင့် ဘုတလင်အားပိုမိုထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေခြင်းသာဖြစ်ပြီး၊ ဒေသခံများအပေါ် ပိုမိုစစ်ဆေးနိုင်အောင် စမ်းသပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ယင်းစမ်းသပ်စစ်ဆေးမှုများမှာ အဘယ်ဖြစ်ကြောင်းကိုမူ ယင်းပို့စ်တွင်ဖော်ပြထားခြင်းမရှိသော်လည်း၊ PDF လှုပ်ရှားမှုနှင့် ပတ်သက်နေ သူများ သို့မဟုတ် ပတ်သက်သည်ဟုသံသယရှိရသည့် ပြည်သူများအပေါ် ရဲ နှင့် စစ်တပ်က စစ်ဆေး ခြင်းကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ ၎င်းတွင် ဥပမာအားဖြင့်-လုံခြုံရေးအတွက် ဖုန်းများနှင့်ကားများ အား စစ်ဆေးခြင်းစသည်တို့ပါဝင်သည်။ ယင်းသို့စစ်ဆေးသောကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လေ့ ရှိပြီး၊ သေဆုံးသည်အထိလည်း ဖြစ်ပွားခဲ့ကြောင်း စစ်တပ်အစိုးရက ဖော်ပြထားမှုရှိသည်။


၂၀၂၂ ခုနှစ် ဇန်နဝါရီလ


လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်မည့်အကြောင်းရေးသားထားသည့် လက်ကမ်း စာစောင်များ ကို စစ်တပ်က ကသာမြို့နယ်၊ မြတောင်ကျေးရွာအနီး၊ မန္တဘေး-ဗန်းမော် အဝေးပြေးလမ်း လမ်းဆုံတစ် နေရာ၌ ဖြန့်ဝေခဲ့ကြောင်း ဒေသခံများကပြောကြားခဲ့သည်ဟု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် BBC Burma live က အစီရင်ခံတင်ပြထားသည်။ ယင်းစာစောင်များတွင် ဘုရားကျောင်းများ၊ စာသင်ကျောင်း များနှင့် ဆေးရုံများအား ပစ်မှတ်ထား၍ လေကြောင်းမှတိုက်ခိုက်မည်ဖြစ်သဖြင့် လူအများအနေဖြင့် မ နက်ပိုင်းတွင် ယင်းနေရာများသို့သွားလာမှုများမှရှောင်ရှားရန် သတိပေးထားသည်။​ ယင်းနေရာတွင် အဆိုပါတိုက်ခိုက်မှုများမဖြစ်ပွားခဲ့သဖြင့် ၎င်းအချက်ကို အတည်ပြုရန် ခက်ခဲသည်။ သို့သော်လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီအား ဒရုန်းများဖြင့်တိုက်ခိုက်ထားမှုများရှိသဖြင့် ယင်းစာစောင်များတွင် ဒေသခံ PDF များအနေဖြင့် လေကြောင်းမှတိုက်ခိုက်မှုကိုရှောင်ရှားရန်နှင့် ဗုံးခို ကျင်းများစဆောက်ထားရန်တို့ တိုက်ထွန်းထားသည်။ ၎င်းအချက်ကိုကြည့်ခြင်းအားဖြင့် ယင်းသတိပေး စာကို PDF များမှ ဖန်တီးထားခြင်းမဟုတ်ကြောင်း သိနိုင်သည်။ ထို့အပြင် ယင်းစာစောင်ကို စစ်တပ် သို့မ ဟုတ် စစ်တပ်အမာခံအင်အားစုများမှ ဖြန့်ဝေခြင်းဖြစ်ပါက စစ်တပ်ဆန့်ကျင်သည့်လှုပ်ရှားမှုများအင် အားကောင်းနေသည့် ထိုနေရာမှ PDF များအား ထွက်ခွာသွားစေလိုသည့်နှင့်၊ ယင်းနေရာတွင်နေထိုင်နေ သူများအား အကြောက်တရားရိုက်သွင်းရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။



ပုံ ၃၄ - ကသာမြို့အား လေကြောင်းမှတစ်ဆင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့် ယင်းလက် ကမ်းစာစောင်များအား စစ်သားများမှ ဖြန့်ဝေနေသည်ကို BBC Burma မှ သတင်းတင်ဆက်ထားစဥ်။


အခြား သတင်းမီဒီယာအရင်းအမြစ်တစ်ခုအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ ဂဟဲကျေးရွာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ လေကျောင်းမှတစ်ဆင့် တိုက်ခိုက်မှုများကြောင့် ဒေသခံ အမျိုးသမီး တစ်ဦးသေဆုံးပြီး အမြောက်အများဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။ နောက်တစ်နေ့တွင်စစ်တပ်သည် ထီးချိုင့်မြို့နယ်တွင် ဗုံးများကျဲမည်ဟု ခြိမ်းခြောက်သည့် လက်ကမ်းစာစောင်များကို စစ်တပ်က ဖြန့်ကျဲ ခဲ့ကြောင်း ဒေသခံများကဆိုသော်လည်း ယင်းအချက်ကို Myanmar Witness မှ လွတ်လပ်စွာ အတည် ပြုနိုင်ခဲ့ခြင်းမရှိပါ။ ဤအစီရင်ခံစာကိုရေးသားချိန်တွင် Myanmar Witness သည် ယင်းနယ်မြေဒေသ အတွင်း လေကြောင်းမှတစ်ဆင့် တိုက်ခိုက်မှု တစ်စုံတစ်ရာကိုမျှ ရှာဖွေဖော်ထုတ်ထားနိုင်ခြင်းမရှိပဲ၊ အဆိုပါခြိမ်းခြောက်မှုများနှင့်စပ်လျဥ်းပြီး ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်ခဲ့ပါ။



ပုံ ၃၅ - ထီးချိုင့်မြို့နယ်အတွင်း လက်ရေးဖြင့်ရေးထားသော သတိပေးစာများ။


၂၉၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အလားတူ လေကြောင်းမှတိုက်ခိုက်မည်ဟုခြိမ်းခြောက်စာများ ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ ရွာသားများထံသို့ လက်ဖြင့်လိုက်လံဝေငှခဲ့ကြောင်း သ တင်းရရှိသည် (ပုံ ၃၅)။ ယင်း (လက်ဖြင့်ရေးသားထားပုံရသည့်) နှင့် အထက်ပါအတိုင်း ပုံနှိပ်ထုတ်ထား သည့် (ပုံ ၃၄) ခြိမ်းခြောက်စာ နှစ်မျိုးစလုံးတို့သည် ယခုအစီရင်ခံစာရှေ့ပိုင်းတွင် မြင်တွေ့ခဲ့ရသည့် ဝါဒ ဖြန့်ချိစာများနှင့် မတူကွဲပြားသည်။ ၎င်းတို့သည် သတင်းအချက်အလက်သက်သက် စာစောင်များမ ဟုတ်ပဲ တစ်ခုခုကိုပစ်မှတ်ထားသည့် သတိပေးစာကဲ့သို့ ပုံစံရှိသည်။ ထို့အပြင် စာစောင်၏ အသေးစိတ် အနေအထား၊ အရောင်နှင့် အသုံးပြုထားသည့် ဓါတ်ပုံစသည်တို့တွင်လည်း မတူကွဲပြားမှုများရှိသည်။ ယင်းကွဲပြားမှုများရှိသော်လည်း ဝါဒဖြန့်စာများတွင် ထည့်သွင်းထားသည့် ခပ်ပါးပါးခြိမ်းခြောက်မှုများ နှင့် ဤသတိပေးစာများတွင် ထည့်သွင်းထားသည့် ပေါ်ပေါ်ထင်ထင်ခြိမ်းခြောက်မှုများမှာ တူညီသော အ သွင်သဏ္ဍာန်ရှိသည်။​ သို့သော်လည်း သတင်းများအရ ယင်းစာများကို စစ်တပ်က ရွာသားများအား ပေးခဲ့ ကြောင်း အတည်လည်းမပြုနိုင်သကဲ့သို့၊ ငြင်းလည်းမငြင်းဆိုနိုင်ပဲရှိသည်။​ စစ်တပ်အာဏာသိမ်းသည့် တစ်နှစ်ပြည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသံတိတ်သပိတ်နောက်တစ်ကြိမ်ပြုလုပ်မည် ဟူသည့် အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီးရှိ စစ်သားများ အရပ်ဝတ် အဝတ်အစားများဖြင့် လက်ကမ်းစာစောင်များကို ဆိုင်များ အား ဖြန့်ဝေသွားပြီး၊ အသံတိတ်သပိတ်တွင်မပါဝင်ရန် တိုက်တွန်းသွားကြောင်း Myanmar Spring က တင်ပြထားသည်။ အလားတူ လက်ကမ်းစာစောင်များကို မွန်ပြည်နယ် မော်လမြိုင်မြို့အပါအဝင် အခြား သော နေရာများတွင်လည်း ဖြန့်ဝေသွားကြောင်း သတင်းများအရသိရသည်။​ ယင်းလက်ကမ်းစာစောင် များကို စစ်ကိုင်း-မန္တလေးလမ်းဆုံ၊ ရတနာပုံတက္ကသိုလ် ရတနာပုံစျေး တွင် ဖြန့်ဝေခဲ့သည်ဟုဆိုသော် လည်း ၎င်းကို အတည်ပြုနိုင်ခြင်းမရှိပါ။ အလားတူ စာများကိုနိုင်ငံတစ်ဝှမ်းအခြားသောနေရာများတွင် လည်း ဖြန့်ဝေခဲ့ကြောင်း သိရသည့်သတင်းများအရ ၎င်းမှာ သတင်းတုသတင်းမှားဖြစ်နိုင်ချေကို လျှော့ ချပေးနေသည်။ Myanmar Witness မှ ရှာဖွေဖော်ထုတ်ထားသည့် သတိပေးစာများနှင့် လက်ကမ်းစာ စောင်များတွင် ဥပဒေအရအရေးယူမည်ဟုခြိမ်းခြောက်မှုများလည်းပါဝင်ပြီး - ရာဇသတ်ကြီးပုဒ်မ ၅၂(က)၊ ၅၀၅(က)၊ ၁၂၄(က) နှင့်၊ (အစိုးရအနေဖြင့် ပုဂ္ဂိုလ်ရေးရာဒေတာအချက်အလက်များကို သိမ်း ဆည်းခွင့်နှင့် အွန်လိုင်းပေါ် တွင် သတင်းအချက်အလက်အမျိုးမျိုးတို့အား မမျှဝေရန် တားမြစ်ခွင့် ကျယ် ကျယ်ပြန့်ပြန့်ပေးအပ်ရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပင်ဆင်လိုက်သည့်)​ အီလက်ထ ရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ စသည်တို့ဖြင့် အရေးယူမည့်အကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။​ ယင်းအသံတိတ်သပိတ်နေ့တွင် ဆိုင်များပိတ်ပါက သို့မဟုတ် CRPH မှကြေညာ သည့် သပိတ်တစ်စုံတစ်ရာတွင် ပါဝင်ပါက ဆိုင်များကို အဆိုပါဥပဒေများဖြင့် အရေးယူနိုင်ခြင်းဖြစ် သည်။ ယင်းစာစောင်များတွင် ဤအစီရင်ခံစာအတွင်းဖော်ပြထားသည့် ထင်ယောင်ထင်မှားဖြစ်စေသော သတင်းမှားများကို ပြန်လည်ထည့်သွင်းထားပြီး၊ ပြည်သူများအနေဖြင့် အသံတိတ်သပိတ်တွင်မပါဝင် စေရန် CRPH နှင့် NUG တို့သည် တိုင်းပြည်မတည်ငြိမ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။



ပုံ ၃၆ - ရန်ကုန်တွင် အသံတိတ်သပိတ်တွင်မပါဝင်ရန် လူအများကို ပြောကြားထားသည့် သတိပေးစာ များ။


ထို့နောက်တစ်ရက်အကြာတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မက်ဆေ့ချ်ဘုတ်အကြီးပေါ်တွင် အလားတူ စာ များရေးသားထားပြီး၊ အသံတိတ်သပိတ်တွင် ပြည်သူများမပါဝင်အောင် ခြိမ်းခြောက် သတိပေးထား ကြောင်းသိရသည်​(ပုံ ၄၇)။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ယင်းမက်ဆေ့ချ်ဘုတ်များသည် အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေနေသည်ဟု သတင်းထွက်ပြီး တစ်ရက်အကြာတွင် ရုတ်ချည်းပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ ၎င်းစာများတူညီနေသည့်အချက်အရ လုံခြုံရေးတပ်ဖွဲ့များသည် ယင်းဆိုင်းဘုတ် များမထောင်မှီ လက်ကမ်းစာစောင်များကို ဝေငှသွားခြင်းဖြစ်ကြောင်း သိနိုင်သည်။ အရပ်ဝတ်ဝတ်ထား သည့် လုံခြုံရေးတပ်ဖွဲ့များက ယင်းလက်ကမ်းစာစောင်များကို ဖြန့်ဝေနေကြောင်းနှင့် တိုင်များတွင် ယင်း စာများကိုလိုက်ကပ်နေကြောင်း သတင်းများကဖော်ပြထားသည်။​ ထို့အပြင် ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့တွင်လည်း ပြည်သူများအနေဖြင့် ၂၀၂၂ ဖေဖော်ဝါရီလ တစ်ရက်နေ့ အသံတိတ် သပိတ်တွင် ပါဝင် လျှင် ထောင်ဒဏ်ကျခံရမည်ဟု ခြိမ်းခြောက်စာများကိုတွေ့ရကြောင်း ဒေသခံများက ဖော်ပြထားသည်။ (ပုံ ၃၈)


မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးစတင်အုပ်ချုပ်ကတည်းက အွန်လိုင်းပေါ်တွင်နှင့် လူပုဂ္ဂိုလ်များ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် တားမြစ်ကန့်သတ်ရန် တိကျသည့် ရာဇသတ်ကြီးပုဒ်မအသစ် များကို ဖြည့်စွက်ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။ ပုဒ်မ ၅၂(က) သည် လူပုဂ္ဂိုလ်တစ်ဦးဦးအား လက်သင့်ခံ ခြင်း၊ သို့မဟုတ် ‘လူတစ်ဦးအား ခိုလှုံရာြဖစ်စေ၊ အစားအသောက်ဖြစ်စေ၊ ငွေကြေးကိုဖြစ်စေ၊ အထည် အဝတ်ကိုဖြစ်စေ၊ လက်နက်ကိုဖြစ်စေ၊ ခဲယမ်းမီးကျောက်ကိုဖြစ်စေ၊ .... ဖမ်းဆီးခြင်းကို ထိုသူတိမ်း ရှောင်နိုင်စိမ့်သောငှာ တစ်နည်းနည်းဖြင့် ကူညီခြင်း’ ကို ပြစ်ဒဏ်ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့တွင်ပြင်ဆင်ပြဋ္ဌာန်းလိုက်သော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က သည်- အာဏာသိမ်းမှုနှင့် စစ်အစိုးရကို တရားမဝင်ကြောင်းသဘောထားမှတ်ချက်ပြုမှုများအပြင်၊ ‘အကြောက်တရားဖြစ်ပွားစေ မှု’ [၅၀၅က(က)]၊ ‘သတင်းမှားများဖြန့်ချိခြင်း’ [၅၀၅ က(ခ)]၊ ‘အစိုးရဝန်ထမ်းတစ်ဦးဦးအား တိုက်ရိုက် ဖြစ်စေသွယ်ဝိုက်၍ဖြစ်စေ အမှုမထမ်းအောင်ပြုလုပ်ခြင်း’ [၅၀၅ က(ဂ)] တို့ကို ပြစ်မှုချမှတ်ထားသည်။ ယင်းပုဒ်မအရ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ထားစေပြီး ကျူးလွန်မှုများအတွက် အာမခံမရပဲ ထောင် ဒဏ်ကျခံရနိုင်ကာ၊ ၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မှီက ပြစ်ဒဏ်မှာ ၂နှစ် သာဖြစ်ခဲ့သည်။ ၁၂၄ (က) သည် ‘နိုင်ငံတော်အစိုးရအပေါ် မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်း ကောင်း၊ မေတ္တာကပျက်အောင် လှုံ့ဆော်ခြင်း သို့မဟုတ် လှုံ့ဆော်ရန် အားထုတ်ခြင်း’ ကို ပြစ်ဒဏ်ချမှတ် ထားသည်။



ပုံ ၃၇ - အသံတိတ်သပိတ်တွင်ပါဝင်ပါက ဥပဒေအရအရေးယူခြင်းခံရမည့်အကြောင်း ဒေသခံများအား ခြိမ်းခြောက်ထားသည့် ပုံ ၁၈ တွင်တွေ့ရသည့်အတိုင်း တူညီသည့် စာရေးသားမှုများပါဝင်သည့် ဆိုင်း ဘုတ်ကိုတွေ့ရစဥ်။



ပုံ ၃၈ - အသံတိတ်သပိတ်တွင်ပါဝင်လျှင် ထောင်ဒဏ်ကျခံရမည်ဟု ဒေသခံများအား ခြိမ်းခြောက်ထား သည့် ဆိုင်းဘုတ်။


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တယ်လီဂရမ်ပေါ်တွင် ဖော်ပြချက်များအရ ခြိမ်းခြောက်သည့် စကားလုံးအသုံးအနှုန်းများပါဝင်သည့်၊ PDF များ၏လက်ချက်ဟုထင်ယောင်ထင်မှားဖြစ်စေသည့် လက် ရေးဖြင့်ရေးထားသောစာများပို၍ပေါ်ပေါက်လာကြောင်း ဆိုသည်။ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ၊ အလာကပ္ပ တွင် ဒေသခံများသည် ငွေညှစ်ရန်ခြိမ်းခြောက်သည့် လက်ရေးဖြင့်ရေးသားထားသောစာများ လက်ခံရရှိခဲ့ကြေင်းဆိုသည်။ ယင်းစာရွက်သည် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များရေးသားထားသည့်စာ ဟုဆိုသော်လည်း ဒေသခံများက ၎င်းတို့ရေးသားခြင်းမရှိဟု ငြင်းဆိုထားသည်။ ယင်းသို့စွပ်စွဲချက်များ နှင့် ငြင်းဆိုမှုများကို အတည်ပြုထားနိုင်ခြင်းမရှိပါ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အခြား တယ်လီဂရမ်ချန်နယ်တစ်ခုက- မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူခရိုင်အတွင်း စစ်ကောင်စီနှင့် စစ်တပ် အ မာခံထောက်ခံသည့် ပျူစောထီးများက PDF အုပ်စုများအား ကူညီသူများကို တရားဥပဒေနှင့်အညီ အင် အားအသုံးပြု၍ အရေးယူသွားမည့်အကြောင်း ခြိမ်းခြောက်ခဲ့သည် ဟုဆိုသည်။ စစ်တပ်က ပခုက္ကူ-မြိုင် လမ်းပေါ်တွင် လက်ကမ်းစာစောင်များဖြန့်ကျဲသွားကြောင်းကိုလည်း ဒေသခံများကဆိုသည်။ ဤအစီရင် ခံစာရှေ့ပိုင်းတွင် သုံးသပ်ပြထားသည့်အတိုင်း ယင်းစာရယက်များသည် PDF များအား အကြမ်းဖက်သ မားများအဖြစ်ရည်ညွှန်းထားပြီး၊ ပခုက္ကူရှိ လုပ်ငန်း ၁၄ ခုတို့၏ အမည်နှင့် လိပ်စာများဖြင့်၊ ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များအား ကူညီထောက်ပံ့ခြင်းအတွက် ဥပဒေအရအရေးယူမည့်အကြောင်း ခြိမ်း ခြောက်ထားသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် လူပုဂ္ဂိုလ်များ၏ ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအပေါ် ခြိမ်း ခြောက်နေကြောင်း ပြသနေသည်။ ထို့အပြင် တယ်လီဂရမ်ပို့စ်တစ်ခုကလည်း ယင်းလက်ကမ်းစာစောင် များမပေါ်လာမှီ ရက်ပိုင်းအစောပိုင်းဖြစ်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ခြင်းပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပခုက္ကူရှိ စည်ပင်သာယာရုံးကို လာရောက်ပစ်ခတ်ခဲ့ပြီး ရဲအရာရှိတစ်ဦး နှင့် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဆိုထားသည်။ စစ်တပ်ကင်းစောင့်နေသည့် လမ်းဘေးနေရာတွင် ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် မော်တော်ယာဥ်တစ်ခုပျက်စီးသွားကြောင်းနှင့် အများအပြားဒဏ်ရာရ ကြောင်းကိုလည်း ဖော်ပြထားသည်။


ဒီဇိုင်းပုံစံ


လက်ကမ်းစာစောင်များသည် ဆင်တူမှုများစွာရှိသော်လည်း ဒီဇိုင်းပိုင်းအရ အချိန်ကာလအလိုက် ကွဲ ပြားခြားနားမှုများရှိခဲ့သည်။ ၎င်းကို ၂၀၂၁ ခုနှစ် ဧပြီလမှ ဇွန်လအထိ တွေ့ရှိခဲ့ရသည့် လက်ကမ်းစာစောင် များတွင် အထူးသိသာစွာတွေ့နိုင်သည်။ ယင်းလက်ကမ်းစာစောင်များသည် များသောအားဖြင့် အရောင် အသွေးစုံကာ၊ ပုံပန်းသွင်ပြင်၊ အသုံးပြုသည့် ဓါတ်ပုံအမျိုးအစားနှင့် ပါဝင်သည့်အကြောင်းအရာများ တွင် ကွဲပြားခြားနားမှုများရှိခဲ့သည်။



ပုံ ၃၉ (ဝဲ) – ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ တွင် စစ်တပ်မှ လိုက်လံဝေငှခဲ့သည်ဟုဆိုသည့် လက်ကမ်းစာစောင် များ။

ပုံ ၄၀ (ယာ) – NLD နှင့် CRPH အား တိုင်းပြည်ကိုဖျက်ဆီးနေသူများဟုစွပ်စွဲထားသည့်၊ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဝေငှခဲ့သည့် လက်ကမ်းစာစောင်များ


၂၀၂၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းတွင် လူမှုသတင်းမီဒီယာများနှင့် သတင်းများပေါ်တွင် တင်ပြလာသည့် လက်ကမ်းစာစောင်များသည် ယခင်ရှေ့ကလက်ကမ်းစာစောင်များနှင့် ပုံပန်းသဏ္ဍာန်အားဖြင့် တူညီပြီး၊ အသုံးပြုသည့်ဓါတ်ပုံများနှင့် ပါဝင်သည့်အကြောင်းအရာများ ဆင်တူမှုများရှိသည်။ သို့သော်လည်း အ မြဲတမ်း ယင်းသို့ဆင်တူသည်တော့မဟုတ်ပါ။ အချို့ဖြစ်စဥ်အနည်းငယ်တို့တွင်၊ ဥပမာ- ချင်းပြည်နယ်၊ ဟားခါးတွင် ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်များသည် ယခင်အများစုဖော်ပြထားသည့် လက်ကမ်း စာစောင်များနှင့် ပုံပန်းသွင်ပြင်မတူညီပဲ ကွဲပြားသည်။ သို့သော်လည်း ပုံစံတူညီသည့် လက်ကမ်းစာ စောင်အမြောက်အများတွေ့ရှိရကြောင်း သတင်းများအရ ၎င်းတို့သည် တူညီသော အရင်းအမြစ်တစ်ခု တည်းမှလာသည်ဟု ယူဆချက်အပေါ် ပို၍ခိုင်မာစေသည်။ ယင်းလက်ကမ်းစာစောင်များအတွက် တာ ဝန်ရှိသူများသည် - လေကြောင်းမှလည်း ဖြန့်ခဲ့သည်ဟူသည့်အချက်အမှန်တကယ်ဖြစ်ခဲ့ပါက- စာများ ရေးသားဖန်တီးရန်နှင့် အစုလိုက်အပြုံလိုက် ဖြန့်ဝေ၊ ဖြန့်ကျဲရန် အရင်းအမြစ်များ ရရှိထားသူများဖြစ်နိုင် သည်။ အဆိုပါဒေသများရှိ ဒေသခံ PDF အုပ်စုများ သို့မဟုတ် စစ်ကောင်စီ ဆန့်ကျင်သည့် အုပ်စုများ သည် ယင်းသို့ လက်ကမ်းစာစောင်များအား ပမာဏများများ ပုံနှိပ်ရန် နှင့် အမျိုးမျိုးသော မြို့နယ်နှင့် ပြည်နယ်နှင့်တိုင်းများအထိပင် လိုက်လံဖြန့်ဝေရန် အရင်းအမြစ်အကန့်အသတ်ရှိသည်။



ပုံ ၄၁ - ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ဇန်နဝါရီလ အတွင်း ရက်အမျိုးမျိုးတို့တွင် ရိုက်ယူထားသည့် ဓါတ်ပုံများအား နှိုင်းယှဥ်ချက်။


အာဏာသိမ်းမှုဆန့်ကျင်သည့် လက်ကမ်းစာစောင်များ


အာဏာသိမ်းမှုကိုဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများသည် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ဒီမိုကရေစီ ထောက်ခံအားပေးသည့် သတင်းစကားများပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတွင်ပါဝင် ပတ်သက်ခဲ့ခြင်းရှိသည်။ ယင်း သတင်းစာစောင်များသည် တွစ်တာပေါ်တွင်ဖော်ပြချက်အရ - စစ်အစိုးရ ကို လူထုအနေဖြင့် ဆန့်ကျင်ရန်နှင့်၊ စစ်ကောင်စီထောက်ခံအားပေးသူများအား ရင်ဆိုင်တုံ့ပြန်ရန်၊ နှင့် ဤသုတေသနရှေ့ပိုင်းတွင် ဖော်ပြထားသည့် PDF ဆန့်ကျင်သည့် ဖော်ပြချက်များအကြောင်း အများ ပြည်သူကိုအသိပေးရန် ဖန်တီးရေးသားပြုလုပ်ထားခြင်းဖြစ်သည်။



ပုံ ၄၂ - စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် The Voice Spring သတင်းစာကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ တွင် ပြည်သူများဖတ်ရစဥ်။


၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တက်ကြွလှုပ်ရှားသူများက စစ်ကောင်စီကိုဆန့်ကျင်သည့် ၎င်းတို့၏ ကိုယ်ပိုင်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့က