top of page

ဗုဒ္ဓဘာသာဘုန်းကြီးနှင့် ကျောင်းဆရာမတစ်ဦး ဘုန်းကြီးကျောင်းအောက် ထပ်တွင် သေဆုံးနေသည်ကိုတွေ့ရှိရခြင်း

Myanmar Witness

20 Jan 2023

Report Published:

5.png
4.png
3.png

 ဗုဒ္ဓဘာသာဘုန်းကြီးနှင့် ကျောင်းဆရာမတစ်ဦး ဘုန်းကြီးကျောင်းအောက် ထပ်တွင် သေဆုံးနေသည်ကိုတွေ့ရှိရခြင်း

 

Myanmar Witness

၂၀၂၃ ဇန်နဝါရီလ  ၂၀ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။

 

သတိပေးချက်ပုံများ- စစ်ကိုင်းတိုင်းဒေသကြီး၊ တပုရင်းကွဲကျေးရွာတွင် လက်တုံ့ပြန်တိုက်ခိုက်မှု၊ ပစ်ခတ်မှုနှင့် သေဆုံးမှုများ။

 

အဓိကဖြစ်ရပ်အသေးစိတ်

  • အခင်းဖြစ်ပွားသည့်နေရာ

  • ဖြစ်ပွားသည့်နေ့/အချိန်

  • ကျူးလွန်သူ(များ) နှင့် ပါဝင်ပတ်သက်မှုများ

  • စုံစမ်းစစ်ဆေးမှုအကျဉ်းချုပ်

 

အနှစ်ချုပ်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဧရာဝတီသတင်းဌာန၏ အဆိုအရ (စစ်ကိုင်း PDF အမှတ် ၈ ခြေမြန်တပ်မလက်အောက်ရှိ PDF အမှတ် ၃ ခြေမြန်တပ်ရင်း (ခမရ) နှင့် တပုရင်းကွဲကျေးရွာ PDF နှင့်အတူ SAC နှင့် ပျူစောထီးတို့ရှိရာ စခန်းချနေသော ကြွယ်ပုံကျေးရွာကို တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ တိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးကိုPDF မှ ပစ်သတ်ခဲ့သည်။

 

ယင်းနောက် (တပ်မ ၃၃) ဟုဆိုသော (တပုရင်းကွဲ/ဒီပဲယင်းကွဲ) ရွာကိုဝင်ရောက်စီးနင်းခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ၀၅၀၀ နာရီအချိန်မှစ၍ ပျူစောထီးနှင့် SAC လက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်း၍ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ အဆက်မပြတ် ဖြစ်ပွားခဲ့ကြောင်း ခေတ်သစ်သတင်းများအရ သိရသည်။ သီတဂူ ဗုဒ္ဓတက္ကသိုလ်ဘွဲ့ရ (အရှင်ဂန္ဓသာရ)နှင့် CDM ဆရာမဟုဆိုသော ဆရာမ (မခိုင်စုမွန်) အပါအဝင် လူလေးဦးကို SAC က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုထားသည်။ အရှင်ဂန္ဓသာရသည် ဇန်နဝါရီလ ၅ ရက် ညနေက မန္တလေးမှ တပုရင်းကွဲကျေးရွာသို့ ထွက်ခွာလာပြီး ရွှေဂူကြီးဘုန်းကြီးကျောင်းတွင် တည်းခိုခဲ့ကြောင်း သိရသည်။

 

Myanmar Witness သည် အောက်ပါတို့ကို စစ်ဆေးနိုင်ခဲ့သည်-

o   Myanmar Witness မှ  ပျံလွန်တော်မူသော ဆရာတော်နှင့် ဆရာမတို့ကို တပုရင်းကွဲရွာဘုန်းတော်ကြီးကျောင်း အောက်ထပ်တွင်ပြသနေသည့်

o   အသုံးပြုသူထုတ်ပေးသည့် အကြောင်းအရာ (UGC), NASA ၏ FIRMS နှင့် Sentinel Hub ကိုအသုံးပြု၍ တပုရင်းကွဲရွာတွင် ဇန်နဝါရီလ ၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Witness မှ အတည်ပြုနိုင်ခဲ့သည်။

 

နောက်ခံအကြောင်းအရာ

 စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်သည် PDF၊ SAC နှင့် SAC လိုလားသော ပျူစောထီးတို့ကြား ပဋိပက္ခများ ဖြစ်ပွားနေသည့်နေရာဖြစ်သည်။ တပုရင်းကွဲရွာသည် ဒီမိုကရေစီလိုလားသော ရွာဖြစ်ပြီး ကြွယ်ပုံသည် ၁.၅ ကီလိုမီတာသာ ကွာဝေးပြီး SAC လိုလားသော ရွာဖြစ်သည်ဟု ဆိုသည်။

 

ကျေးရွာများကြားတွင် ထင်ရှားသောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် မန္တလေး Free Press မှ SAC လက်နက်ကိုင်တပ်ဖွဲ့များသည် တပုရင်းကွဲကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်ငါးလုံးကို မီးရှို့ခဲ့ကာ အသက် ၃၇ နှစ်အရွယ် (ကိုဇော်လင်း)ကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ပစ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် True News မှ သိရသည်။ Myanmar Witness မှ စုံစမ်းစစ်ဆေးခဲ့သော ၂၀၂၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်မှ ၆ ရက်ကြား အဖြစ်အပျက်များသည် ထိုဒေသ၌ ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SAC နှင့် ပျူစောထီးတို့ကြား နောက်ဆုံးဖြစ်ပွားခဲ့သော ပဋိပက္ခများကို ကိုယ်စား ပြုသည်။

 

 

စုံစမ်းထောက်လှမ်းချက်များအား လေ့လာခြင်း

တည်နေရာ

 


ပုံ 1- တပုရင်းကွဲကျေးရွာ၏ တည်နေရာ ကိုသြဒိနိတ်အမှတ် [22.049150, 95.669937]

 

 

ပုံ 2- တပုရင်းကွဲကျေးရွာ [ 22.049150, 95.669937] နှင့် ကြွယ်ပုံကျေးရွာ [22.066194, 95.681244] ကိုပြသသည့်မြေပုံ။ ရွာနှစ်ရွာကြားအကွာအဝေးမှာ ၁.၅ ကီလိုမီတာခန့်ရှိသည်။

 

အဖြစ်အပျက်ကို ခွဲခြမ်းစိတ်ဖြာခြင်း [ရုပ်ပုံသတိပေးချက်]

လူမှုကွန်ရက်တွင် ဂရပ်ဖစ်ပုံများပျံ့နှံ့နေပြီး သတင်းမီဒီယာများအတွင်း အရပ်သားသေဆုံးမှု ပြောကြားချက်များ ထွက်ပေါ်လာပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်က  တပုရင်းကွဲကျေးရွာကို ဝင်ရောက်စီးနင်းမှုအတွင်း လူလေးဦး သေဆုံးခဲ့ကြောင်း Myanmar Witness က စုံစမ်းစစ်ဆေး လျှက်ရှိသည်။ ထိုပြောဆိုချက်များတွင်-

-       တပုရင်းကွဲကျေးရွာတွင် ဆရာတော်နှင့် ဆရာမတစ်ဦးအသတ်ခံခဲ့ရပြီး ရွှေဂူကြီး ဘုန်းကြီးကျောင်းအောက်ထပ်တွင် အလောင်းများထားခဲ့သည် (အပြည့်အစုံ-စိစစ်ပြီး)၊

-       တပုရင်းကွဲကျေးရွာတွင် PDF နှစ်ဦးသေဆုံး (အတည်မပြုရသေး) နှင့်

-       SAC သည် ရွာမှ ပြန်လည်မဆုတ်မီတွင် မီးရှို့ခဲ့သည် (မီးလောင်မှုများ- အပြည့်အဝစစ်ဆေးပြီး)။

 

Myanmar Witness စုံစမ်းရေးသူများသည် အသုံးပြုသူ-ထုတ်ပေးသည့် အကြောင်းအရာ (UGC) နှင့် လူသေအလောင်း လေးလောင်းရှိကြောင်း ဖော်ပြသည့် မီဒီယာအစီရင်ခံစာများကို စုဆောင်းခဲ့သည်။ အလောင်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို လေ့လာခြင်းဖြင့် Myanmar Witness သည် ဆရာမနှင့် ဆရာတော်နှင့်သက်ဆိုင်သည့် ပထမသတင်းကို စိစစ်နိုင်ခဲ့ပြီး PDF များနှင့် ပတ်သက်သော ဒုတိယသတင်းကို တစ်စိတ်တစ်ပိုင်း စစ်ဆေးကာ ထိုနေရာ၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးနိုင်ခဲ့သည်။


ဆရာတော်နှင့် CDM ဆရာမတစ်ဦး အသတ်ခံရသည့် တပုရင်းကွဲကျေးရွာ (အပြည့်အစုံ စစ်ဆေးပြီး)

 

သီတဂူ ဗုဒ္ဓဘာသာတက္ကသိုလ် ဘွဲ့ရ ဆရာတော်အရှင်ဂန္ဓသာရ နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် ဆက်နွှယ်သည်ဟု ဆိုထားသော ဆရာမ မခိုင်စုမွန်တို့၏ ရုပ်အလောင်းများကို ရွှေကူကြီးကျောင်းတိုက် မြေအောက်ထပ်တွင် တွေ့ရှိခဲ့ကြောင်း သတင်း မီဒီယာများ၏ အဆိုအရသိရသည်။

 

Myanmar Witness သည် မန္တလေး Free Press က ထုတ်ပြန်ခဲ့သော တိုက်ခိုက်မှုအပြီး ဗီဒီယိုကိုအသုံးပြု၍တည်နေရာ သတ်မှတ်အတည်ပြုခဲ့ပြီး  ရွှေဂူကြီးကျောင်းတိုက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဗီဒီယိုဖိုင်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ရုပ်အလောင်းများ ကို အောက်ပုံတွင် အနီရောင်စတုဂံဖြင့် ဖော်ပြထားသည့် အဆောက်အအုံ၏ အောက်ထပ် [22.052771, 95.671119] တွင် တွေ့ရှိနိုင်ဖွယ်ရှိကြောင်း Myanmar Witness မှကောက်ချက်ချခဲ့သည်။

 

ပုံ 3- တိုက်ခိုက်မှုအပြီး ဘုန်းတော်ကြီးကျောင်းမြေနေရာကို ပြသသည့် မန္တလေး Free Press ဗီဒီယိုအား အသုံးပြု၍ နေရာသတ်မှတ်အတည်ပြုခြင်း။

 

Myanmar Witness သည် ပျံလွန်တော်မူသော ဆရာတော်နှင့် ဆရာမတို့၏ ပုံ (၄) နှင့် Mandalay Free Press ဗီဒီယို (ပုံ ၅) တို့ကို အပြန်အလှန် ကိုးကား၍ အနီရောင် အဆောက်အအုံကို ဖော်ထုတ်နိုင်ခဲ့သည်။

 

ပုံ (4) ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းများကို ဘုန်းကြီးကျောင်းမြေအောက်ခန်း တွင် တွေ့ရှိခဲ့ကြောင်း (သတင်းရင်းမြစ်- : Mandalay Free Press)။

 

 

ပုံ 5- ကွယ်လွန်သွားသူများ၏ ရုပ်ပုံများကို နေရာအတည်ပြုရန် အသုံးပြုသည့် : Mandalay Free Press ဗီဒီယိုမှ ရိုက်ကူးထားသော ရုပ်ပုံများ။ ဓါတ်ပုံများသည် အခင်းဖြစ်ပွားမှု၏ နောက်ဆက်တွဲနှင့် မြေအောက်ခန်းတည်ရှိရာ အဆောက်အဦးအတွင်းပိုင်း တည်ဆောက်ပုံကို ပြသထားသည်။ အောက်ဆုံး ပုံနှစ်ပုံသည် အဆောက်အဦး၏မြေညီထပ်နှင့် မြေအောက်ခန်းဝင်ပေါက်ကို ပြသထား သည်။ အပေါ်ပုံရှိ အဖြူရောင်မျဉ်းသည် ပုံ 4 တွင်မြင်ရသည့်အတိုင်း အလောင်းများ၏ တည်နေရာနှင့် ကိုက်ညီပါသည်။

 

Myanmar Witness မှ ခွဲခြမ်းစိတ်ဖြာထားသော UGC တွင် ဆရာတော်နှင့် ဆရာမ၏ အလောင်းများမှာ ကျည်ဆန်ဒဏ်ရာ အများအပြားရရှိခဲ့ကြောင်း သိရသည်။ ဒေသခံရွာသားများ၏ ပြောကြားချက်အရ 5.56mm (ကပစ) ကျည်ဆန်များကို အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။ UGC နှင့် Mandalay Free Press ဗီဒီယို (ပုံ 5 တွင် အဝါရောင်အကွက်ကို ကြည့်ပါ) တွင် သုံးစွဲထားသော ကျည်ဆန်များကို ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့မြင်နိုင်သည်။

 

အကယ်၍ ကျည်ဆန်နှင့်ပတ်သက်သည့် ပြောကြားချက်သည်တရားဝင်ဖြစ်ပါက (၎င်းအား နောက်ထပ် အချက်အလက်များမရှိဘဲ အတည်မပြုနိုင်သေးပါ) Myanmar Witness' ၏ လက်နက်ငယ်လမ်းညွှန်အရ အဆိုပါကျည်ဆန်အရွယ်အစားသည် SAC ၏လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုသော MA-11၊ MA-12၊ MA-1၊ MA-2၊ MA-3၊ MA-4 နှင့် M-16 ကျည်ဆံအမျိုးအစားများနှင့် ကိုက်ညီသည်။ M-16 မှလွဲ၍ ဤမော်ဒယ်များအားလုံးကို စစ်တပ်မှ ပုံမှန်အမြဲတစေအသုံးပြုသည်။

 

ပုံ 6- Myanmar Witness သည်  Demo Poukkwe မှ ထုတ်ပြန်သော ပျံလွန်တော်မူသော ဆရာတော်၏ ရုပ်ပုံများကို ခွဲခြမ်းစိတ်ဖြာထားသည်။ ၎င်း၏ ဘယ်ဘက်ပါးနှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာများ တွေ့ရှိရသည်။

 

(တပုရင်းကွဲ/ ဒီပဲရင်းကွဲ)ရွာတွင် PDF အသတ်ခံရခြင်း (အတည်မပြုရသေးပါ)

 

တိုက်ခိုက်မှုအပြီးတွင် စစ်ကိုင်း PDF အမှတ် ၃ ခမရ (စစ်ကိုင်း PDF အမှတ် ၈ တပ်မ)မှ အဖွဲ့ဝင်နှစ်ဦး၏ အလောင်းများကိုလည်း တွေ့ရှိခဲ့ကြောင်း ခေတ်သစ်မီဒီယာက ဖော်ပြသည်။ ၎င်းတို့မှာ (ကိုဖိုးတုတ်) (၄၀ နှစ်) နှင့် (ကိုမျိုးထွန်း) (၃၅ နှစ်) တို့ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း ၎င်းတို့အား SAC လက်နက်ကိုင်တပ်ဖွဲ့များက ပစ်သတ်ခဲ့သည်ဟု ပြောကြားထားသည်။

 


 

ပုံ 7- တပုရင်းကွဲရွာတွင်ရှိသော PDF အဖွဲ့ဝင်ဟု ယူဆရသည့် လူသေအလောင်းနှစ်လောင်းကို ဒေသတွင်း Facebook အကောင့်တစ်ခုမှ အွန်လိုင်းပေါ်တွင် တင်ခဲ့သည် (ကိုယ်ရေးအချက်အလက် ကိစ္စများကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။ UGC ၏ အရင်းအမြစ်များစွာမှ အလောင်းများကို ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေသော အဝတ်အစားများကို သရုပ်ပြရန် Myanmar Witness မှ အဝါရောင်နှင့် အနီရောင်မျဉ်းများကို ထည့်သွင်းထားသည်။

 

Myanmar Witness သည် UGC မှ အလောင်းနှစ်လောင်းပုံကိုယူပြီး ခွဲခြမ်းစိတ်ဖြာခဲ့သည်။ သို့သော် ဗီဒီယို၏နောက်ခံသည် နေရာအတည်ပြုနိုင်လောက်အောင် အင်္ဂါရပ်များမလုံလောက်ပါ။ ထို့ကြောင့် အဆိုပါသေဆုံးမှုများသည် တပုရင်းကွဲကျေးရွာတွင် SAC တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း Myanmar Witness က အတည်မပြုနိုင်ပေ။

 

SAC သည် ရွာမှ ပြန်လည်မဆုတ်မီ မီးရှို့ခဲ့ခြင်း (မီးလောင်မှု- အပြည့်အစုံစစ်ဆေးပြီး)

 

မီဒီယာများ၏ အဆိုအရ SAC လက်နက်ကိုင်တပ်ဖွဲ့နှင့် ပျူစောထီးတို့သည် နံနက်ပိုင်းတွင် ကြွယ်ပုံကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ ဆုတ်ခွာသွားသောအခါတွင် ရွာအတွင်းရှိ အဆောက်အဦးများကို မီးရှို့ခဲ့သည်ဟုဆိုသည်။ ဒေသခံတစ်ဦးချင်းစီ၏ Facebook အကောင့်မှ လွှင့်တင် ထားသော ဗီဒီယိုတစ်ခုတွင် မီးလောင်ကျွမ်းမှုကို ရိုက်ကူးထားသည် (အရင်းအမြစ်ကို မှန်မှန်ကန်ကန် ပိုင်းခြားစိတ်ဖြာသည် သို့သော် ကိုယ်ရေးအချက်အလက် ကိစ္စများအတွက် ပြန်လည်ပြင်ဆင်ထား သည်)။ အဆောက်အဦးများသည် နာရီအနည်းငယ်ကြာ ဆက်လက်လောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။


 

ပုံ 8- တပုရင်းကွဲရွာတွင် မီးလောင်နေသည်ဟုယူဆရသော ဒေသခံ facebook အကောင့်မှ လွှင့်တင်ထားသည့် ရိုက်ကူးထားသောဗီဒီယိုများ (လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ပြန်လည် ပြင်ဆင်ထားသည်) [တည်နေရာနှင့် အချိန်ကို အတည်မပြုရသေးပါ]။

 

NASA ၏ Fire Information Resource Management System (FIRMS) ကို အသုံးပြု၍ Myanmar Witness သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ဒေသစံတော်ချိန် ၁၁၀၀ နာရီဝန်းကျင် (ပုံ ၉) တွင် တပုရင်းကွဲကျေးရွာတွင် အပူအမှတ်အသားများကို ဖော်ထုတ်နိုင်ခဲ့ပါသည်။

 

ပုံ 9- FIRMS သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက် ဒေသစံတော်ချိန် ၁၁၀၆ နာရီတွင် တပုရင်းကွဲကျေးရွာ တွင် အပူရှိန်မြင့် အချက်ပြမှုကိုတွေ့ရှိခဲ့သည်။

 

Sentinel Hub မှ ပံ့ပိုးပေးသည့်ဧရိယာ၏ ဂြိုလ်တုဓာတ်ပုံများကို နှိုင်းယှဉ်ခြင်းဖြင့် တပုရင်းကွဲကျေးရွာ တွင် မီးလောင်မှုဖြစ်ပွားကြောင်း အတည်ပြုရန် နောက်ထပ်အချက်အလက်များကို Myanmar Witness က ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။ Myanmar Witness ၏ စုံစမ်းစစ်ဆေးသူများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ (အကြိုတိုက်ခိုက်မှု) နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ (တိုက်ခိုက်မှုအပြီး) တို့မှ ဂြိုလ်တုဓာတ်ပုံများကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။ ဘုန်းကြီးကျောင်းအနီး (ပုံ ၁၀ တွင်ကြည့်ပါ) ရွာ၏ မြောက်ဘက်ခြမ်းတွင် မီးလောင်ဒဏ်ရာများ တွေ့ရှိရပြီး ရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သုံးသပ်နိုင်စေသည်။ နောက်ထပ်အထောက်အထားများ မရရှိပါက ကျူးလွန်သူကို အတည်မပြုနိုင်ပါ။



 

ပုံ 10- ၂၀၂၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ (ဘယ်) နှင့် ၂၀၂၃ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့ (ညာ) တွင်ရှိသော တပုရင်းကွဲကျေးရွာ၏ Sentinel ပုံ။

 

အနာဂါတ်စောင့်ကြည့်ရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှုများ ရှိခဲ့သည့် တိုက်ခိုက်မှုများစွာထဲမှ တပုရင်းကွဲကျေးရွာတွင် ယခုတိုက်ခိုက်မှုသည် Myanmar Witness ၏ အစီရင်ခံတင်ပြထားသော တိုက်ခိုက်မှုများစွာထဲမှ တစ်ခုသာဖြစ်သည်။ Myanmar Witness ၏ စဉ်ဆက်မပြတ် မီးလောင်မှုစောင့်ကြည့်လေ့လာခြင်းမှ သရုပ်ပြထားသည့်အတိုင်း ကျေးလက်နေ ပြည်သူများကို မီးသုံးစွဲတိုက်ခိုက်မှု တိုးလာပါသည်။ Myanmar Witness သည် ယခုဖြစ်ရပ်နှင့် လက်တုံ့ ပြန်တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာများနှင့် သတင်းများကို ဆက်လက်စောင့်ကြည့် သွားမည်ဖြစ်သည်။

 

အတိုကောက်များ

အာဏာဖီဆန်ရေးလှုပ်ရှားမှု                                                                 CDM

အရင်းအမြစ်စီမံခန့်ခွဲမှုစနစ်အတွက် မီးလောင်မှုအချက်အလက်         FIRMS

ခြေမြန်တပ်ရင်း ခမရ                                                                          LIB

ခြေမြန်တပ်မ                                                                                       LID

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့                                                                  PDF

ပြည်နယ်အုပ်ချုပ်ရေးကောင်စီ                                                             SAC

အသုံးပြုသူမှထုတ်လုပ်ထားသော အကြောင်းအရာ                              UGC

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading
bottom of page