ပင်လောင်းတွင် လေကြောင်းတိုက်ခိုက်ခြင်းနှင့် အစုလိုက်အပြုံလိုက်ရက်စက်စွာသတ်ဖြတ်ခြင်း
Myanmar Witness
5 Jun 2023
Report Published:
ပင်လောင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှုနှင့် ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ ၂၀ ထက်မနည်း သေဆုံးခဲ့ခြင်း
ပင်လောင်းတွင် လေကြောင်းတိုက်ခိုက်ခြင်းနှင့် အစုလိုက်အပြုံလိုက်ရက်စက်စွာသတ်ဖြတ်ခြင်း
Myanmar Witness
၂၀၂၃ခုနှစ် ဇွန်လ ၅ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။
ပင်လောင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှုနှင့် ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ ၂၀ ထက်မနည်း သေဆုံးခဲ့ခြင်း
အဓိကဖြစ်ရပ်အသေးစိတ်
အခင်းဖြစ်ပွားသည့်နေရာ - နန်းနိမ့်ကျေးရွာ၊ ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ် [19.900822, 96.836592]။
ဖြစ်ပွားသည့်ရက်စွဲ/အချိန် - ၂၀၂၃ခုနှစ် မတ်လ ၁၁ ရက်
ကျူးလွန်သူ(များ) နှင့် ပါဝင်ပတ်သက်မှု -
မြန်မာစစ်တပ်
ပအိုဝ်းအမျိုးသားတပ်မတော် (စစ်မဟာမိတ်တပ်ဖွဲ့)
ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)
စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်
ပင်လောင်းမြို့နယ်အတွင်း စစ်တပ်၊ စစ်တပ်မဟာမိတ်တပ်ဖွဲ့တို့နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
နန်းနိမ့်ကျေးရွာတွင် အခင်းမဖြစ်ပွားမီ ဆယ့်တစ်ရက်အလိုတွင် လေးကီလိုမီတာအကွာ (တောင်မဲသင်း) ကျေးရွာတွင် လေကြောင်းမှပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Witness က အတည်ပြုခဲ့သည်။
Myanmar Witness မှ ပထဝီဝင်တည်နေရာပြအသုံးပြုသူ-ထုတ်ပေးသည့်အကြောင်းအရာ (UGC) သည် နန်းနိမ့်ကျေးရွာ မီးလောင်မှုအားပြသနေပြီး ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ညွှန်ပြသော FIRMS ဒေတာကို ဖော်ထုတ်ခဲ့ပါသည်။ ဤမီးလောင်မှုသည် ဒေသစံတော်ချိန် ၇နာရီ ၁၅မိနစ် မှ ၁၀နာရီ ၄၅မိနစ် အတွင်း လောင်ကျွမ်းခဲ့သည်။
Myanmar Witness သည် နန်းနိမ့်ကျေးရွာတွင် သေဆုံးသွားသူများ၏ဓါတ်ပုံများကို နေရာအတည်ပြု သတ်မှတ်ခဲ့သည်။ ဓါတ်ပုံများအရ လူတစ်ဦးချင်းစီသည် မကြာသေးမီကသေဆုံးသွားခဲ့ပြီး မီးဆက် လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းသိရသည်။
ဤစုံစမ်းစစ်ဆေးမှုတွင် UGC ၏ အစိတ်အပိုင်းအမျိုးမျိုးကို ရိုက်ကူးမိသည့်ရက်စွဲကို အတည်မပြုနိုင် သေးသော်လည်း ဖြစ်စဉ်မှာ ဒေသစံတော်ချိန် ၇နာရီ ၁၅မိနစ် နှင့် ၈နာရီ ၄၇မိနစ်အကြား ၂၀၂၃ခုနှစ် မတ်လ ၁၁ရက်နေ့တွင် ဖြစ်ပွားခဲ့သည်မှာ သေချာကြောင်း Myanmar Witness မှ သတ်မှတ်ခဲ့သည်။
ကျူးလွန်သူများကို အတိအကျ မဖော်ထုတ်နိုင်သေးသော်လည်း ထိုအချိန်က မြန်မာစစ်တပ်သည် ထိုဒေသတွင်ရှိနေကြောင်း သတင်းရရှိသည်။
သတိပေးချက်- ဤအစီရင်ခံစာတွင် ဂရပ်ဖစ်ရုပ်ပုံများ (မနှစ်မြို့ဖွယ်ရာပုံများ) ပါရှိသည်။
အနှစ်ချုပ်
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လောင်မြို့နယ်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့သည် တောင်မဲသင်း ကျေးရွာအနီး ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် မြန်မာစစ်တပ်နှင့် PNO တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။ PNO သည် ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၏ လက်နက်ကိုင်တပ်ခွဲတစ်ခုဖြစ်ပြီး စစ်တပ်နှင့် မဟာမိတ်ဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အဆက်အသွယ်ရှိကြောင်း လူသိများသည်။
အဆိုပါဒေသတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် တောင်မဲသင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရွာသားအများအပြားသည် ပင်လောင်းနှင့် နောင်တရားမြို့နယ်ခွဲရှိ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တောင်မဲသင်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့သည်။ Myanmar Witness မှ ဖော်ထုတ်တွေ့ရှိသည့် ဗီဒီယိုဖိုင်တွင် မြန်မာလေတပ် (MAF) K-8လေယာဉ်တစ်စင်းသည် တောင်မဲသင်းကျေးရွာဘက်တွင် ပျံသန်းနေသည်ကို တွေ့ရသည်။ ဗီဒီယိုထဲတွင် ရွာအားလေယာဉ်နှင့်တိုက်ခိုက်ခံရပုံပေါ်သည်။ သို့သော် အဆိုပါ ဖြစ်ရပ်ဖြစ်ပွားသည့်နေ့စွဲကို Myanmar Witnessက အတည်မပြုနိုင်သေးပေ။
၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ နန်းနိမ့်ကျေးရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ခဲ့ပြီးသံဃာသုံးပါးထက်မနည်းအပါအဝင် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့သည်။ စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးစဥ် အရပ်သားများ ဘုန်းကြီးကျောင်းဝင်းအတွင်း ပုန်းအောင်းနေ တယ်လို့ ဆိုပါသည်။
Myanmar Witness သည် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သီးခြားသေဆုံးသူ ၂၂ ဦးထက်မနည်းကို ပြသထားသည့် ပုံအများအပြားနှင့် နေအိမ်မီးရှို့ခံရသည့် အထောက်အထားများကို စစ်ဆေးအတည်ပြုခဲ့သည်။ ရုပ်အလောင်းများ၏ ရုပ်ပုံများကို မတ်လ ၁၁ ရက် ၂၀၂၃ ခုနှစ်ဟု အချိန်သတ်မှတ်နိုင် သော်လည်း သီးခြားအချိန်သတ်မှတ်၍မရပါ။ သို့သော်လည်း NASA ၏ Fire Information for Resource Management System (FIRMS) သည် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နန်းနိမ့်ကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားကြောင်း အတည်ပြုခဲ့သည်။ Suncalc ကိုအသုံးပြု၍ Myanmar Witness မှ ဖော်ထုတ်ထားသော UGC အချို့ကိုခွဲခြမ်းစိတ်ဖြာပြီး ၎င်း၏ဇာစ်မြစ်ကို ဒေသစံတော်ချိန် ၇နာရီ ၁၅မိနစ် နှင့် ၈နာရီ ၄၇မိနစ် အကြားဟုကျယ်ကျယ်ပြန့်ပြန့် အချိန်သတ်မှတ်ခဲ့သည်။
တည်နေရာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်သည် PNO နှင့် မြန်မာစစ်တပ်တို့ ပူးပေါင်းထိန်းချုပ်ထားသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတည်ရှိသည် (ပုံ ၁)။ မြို့နယ်သည် နေပြည်တော်၊ တောင်ကြီးနှင့် လွိုင်ကော်တို့ဆုံရာတွင် တည်ရှိသည်။
ပုံ 1- ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးခုအား သရုပ်ပြပုံ (အရင်းအမြစ်: The Irrawaddy)
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၁ ရက်နေ့အတွင်း မြန်မာစစ်တပ်၊ ၎င်းတို့၏ မဟာမိတ် PNA၊ KNDF နှင့် PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တိုက်ပွဲတွင် မြန်မာစစ်တပ်နှင့် PNA ပူးပေါင်းတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ပင်လောင်မြို့နယ်မှ ပြည်သူတစ်ဦး၏ ပြောကြားချက်အရ လုံးပျဉ်နှင့် တောင်မဲသင်း ကျေးရွာကြားလမ်းပေါ်တွင် မြန်မာစစ်တပ်နှင့် PNA ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (KNDF နှင့် PDF) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်က တောင်မဲသင်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု (ဤအစီရင်ခံစာတွင် လေ့လာသုံးသပ်ထားသည်) ကြောင့် အနီးနားကျေးရွာများမှ လူပေါင်း ၆၀၀၀ ခန့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ ယင်းနောက် နန်းနိမ့်ကျေးရွာတွင် မြေပြင်တိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့သည်။
ပုံ ၂- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ပြထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းမြေပုံ (ဘယ်ဘက်) နှင့် ပင်လောင်းကို လိမ္မော်ရောင်ဖြင့် ပြသထားသည်။ (ညာဘက်) ဤအစီရင်ခံစာတွင် ပါရှိသော ဖြစ်ရပ်များ၏ တည်နေရာပြမြေပုံ။
စုံစမ်းစစ်ဆေးမှုအားလေ့လာခြင်း [သတိပေးချက်- ဂရပ်ဖစ်]
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ တောင်မဲသင်းရွာ လေကြောင်းတိုက်ခိုက်မှု
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တောင်မဲသင်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။ Myanmar Witness သည် တောင်မဲသင်းရွာတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့် MAF လေယာဉ်ကိုပြသသည့် နေရာဒေသကို မှတ်တမ်းတင်နိုင်ခဲ့သည် (ပုံ ၃)။ ဗီဒီယိုဖိုင်ရှိ 0.06 စက္ကန့်တွင် K-8 အဖြစ် Myanmar Witness က သတ်မှတ်ထားသော တိုက်လေယာဉ်တစ်စင်းသည် ရွာကိုဖြတ်သွားကာ 19.888637, 96.872788 ဝန်းကျင်တွင် ဗုံးချခဲ့သည်။ ၎င်းသည် ဘေးဒဏ်သင့်ဧရိယာမှ မီးတောက်များနှင့် မီးခိုးများချက်ချင်းထစေသည် (ပုံ 4)။
ပုံ 3- (ဝဲ) MFA K-8 ကိုအနီရောင်ဖြင့် ဝိုင်းပြထားသည် - တောင်မဲသင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ကို တွေ့ရသည်။ (ညာဘက်) Google Earth ရှိ တောင်မဲသင်းရွာ UGC ၏ နေရာသတ်မှတ်အတည်ပြုခြင်း(အရင်းအမြစ်- ကိုယ်ရေးကိုယ်တာအချက်အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။
ပုံ 4- 0.06 စက္ကန့်အမှတ် (ဝဲ) နှင့် 0.10 စက္ကန့်အမှတ် (ညာ) အသီးသီးမှ ရိုက်ယူထားသည့် အချိန်ဘောင်အတွင်း လေယာဉ်မှရွာပေါ်သို့ ဗုံးမချမီနှင့်ချအပြီးကို ပြသထားသည်။ ဒုတိယပုံတွင် ရွာရှိဧရိယာနှစ်ခုမှ မီးခိုးပမာဏ သိသိသာသာ တက်လာသည်ကို ပြသသည် (အရင်းအမြစ်- ကိုယ်ရေးကိုယ်တာ အချက်အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။
UGC ၏နောက်ထပ် ခွဲခြမ်းစိတ်ဖြာချက်သည် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအခြေခံ အဆောက်အအုံများအပေါ် ထိခိုက်မှုရှိသည် (ပုံ ၅)။ K-8 သည် ဧရိယာကို ၃ ကြိမ် ဖြတ်သွားကာ ၊ ဖောက်ခွဲမှု ၂ ခု၊ လေယာဉ်ကိုနိမ့်ပျံကာ ဗုံးများ (သို့မဟုတ်) နောက်ထပ်ဗုံးမကြဲမီ လေယာဉ်မှူးက နယ်မြေအတွင်းကင်းထောက်ရန် စက်သေနတ်များဖြင့် အကြိမ်ကြိမ်တိုက်ခိုက်သည့် လေကြောင်း တိုက်ခိုက်နည်းဗျူဟာကို ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် မကြာခဏဆိုသလိုအသုံးပြု သည်။ ယင်းက တောင်မဲသင်းကျေးရွာသည် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရန် ပစ်မှတ်ဖြစ်သည်ဟု ယူဆနိုင်သည်။
Myanmar Witness သည် ဆက်တိုက်ပစ်ခတ်သံများ ကြားနိုင်သည့်အသံဖိုင်ကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် K8 တွင် စက်သေနတ်အသုံးပြုမှု နည်းဗျူဟာကို ခွဲခြမ်းစိတ်ဖြာပြီး အတည်ပြုနိုင်ခဲ့သည်။ လေယာဉ်ဆန့်ကျင်ရေးမီးသည် မြေပြင်မှအစပြု၍ K-8 မှ ပစ်ခတ်ခြင်းဖြစ်နိုင်ပြီး အသံထွက်ပေါ်လာ သောကြောင့် တိုက်ခိုက်မှုကို အတည်ပြုရန် ထပ်လောင်းစိစစ်ရန် လိုအပ်ပါသည်။ သို့သော် ပထမဖြတ်သန်းမှုကို အမြင်ကို ခွဲခြမ်းစိတ်ဖြာမှုတစ်ခုတွင် ဖြတ်သန်းသွားသော K-8 ၏ကိုယ်ထည်နောက်တွင် ထွက်နေသော မီးခိုးဖြူဖြူများသည် K8 ၏ဝမ်းဗိုက်တွင်တပ်ဆင်ထားသော ၂၃ မီလီမီတာအမြောက်၏ လုပ်ဆောင်ပုံနှင့်ကိုက်ညီသည်ကို ပြသသည်။
နောက်ဆုံး မှတ်တမ်းတင်ထားသောမှတ်တမ်းတွင် K-8 သည် ၎င်း၏ အောက်တောင်ပံလေးခုအနက်မှ နှစ်ခုတွင် သယ်ဆောင်လေ့ရှိသည့် လွတ်လပ်စွာပြုတ်ကျသည့် လမ်းညွှန်မဲ့ဗုံးနှစ်လုံးဟုယူဆသည့် ဗုံးများပစ်ချခဲ့သည်ဟု Myanmar Witness မှ ယုံကြည်သည်။ ဂျက်လေယာဉ်က ပစ်မှတ်ဆီသို့ အမြောက်လက်နက်များပစ်ချရန် လမ်းညွှန်သည့် တိုက်ခိုက်မှုရှု့ထောင့်နှင့် ပစ်ချခဲ့သောဗုံးများမှ ထွက်လာသော မီးခိုးငွေ့များသည် အသုံးပြုထားသည့် လက်နက်အမျိုးအစားကို ထပ်မံအတည်ပြုပေး သည်။ Myanmar Witness သည် ဝေဟင်ပစ်ဗုံးနှစ်လုံး၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ခြင်း မရှိပေ။ Myanmar Witness သည် UGC ၏ အစိတ်အပိုင်းများ၏ အချိန်ကိုလည်း အတိအကျ မဖော်ပြနိုင်ပါ။
ပုံ 5- အရပ်ဘက်အဆောက်အဦးများစွာရှိသောဧရိယာအတွင်း လေကြောင်းတိုက်ခိုက်မှု (အရင်းအမြစ်- ကိုယ်ရေးကိုယ်တာအချက်အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။
ယင်းတိုက်ပွဲကြောင့် လုံးပျဉ်၊ တောင်မဲသင်း၊ နန်းနိမ့်နှင့် ဆလုံတောင်တို့မှ လူ(၅၀၀၀)ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။ ဘုန်းကြီးကျောင်းတွေနဲ့ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ဒေသခံစုစုပေါင်း ၆၀၀၀ ကျော် ထွက်ပြေးခဲ့ရ ကြောင်း မဇ္ဈိမက ဖော်ပြသည်။ နန်းနိမ့်ကျေးရွာတစ်ခုတည်းတွင် နေထိုင်သူ ၁,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အခြားနေရာများသို့ ခိုလှုံနေကြသည်ဟု သိရသည်။
နန်းနိမ့်ကျေးရွာတိုက်ခိုက်မှု - မတ် ၁၁ ရက်
၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ နံနက်တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များသည် အနီးနားရှိ နန်းနိမ့်ကျေးရွာသို့ သံဃာတော်များနှင့် ဒေသခံများ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ရှိနေစဉ် ဝင်ရောက်လာခဲ့သည်။ နန်းနိမ့်ကျေးရွာကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့ပြီး အရပ်သား အဆောက်အအုံများမီးရှို့ခြင်းနှင့် အရပ်သားများအပါအဝင် လူအများအပြားသေဆုံးမှု ဖြစ်ပွားခဲ့သည် ဟုဆိုထားသည်။ Myanmar Witness သည် ပဋိပက္ခဖြစ်ပွားရာနေရာရှိ ထိခိုက်နစ်နာသူများ၊ အရပ်ဘက်အခြေခံအဆောက်အအုံများ မီးရှို့ခံရခြင်းနှင့် ကျူးလွန်နိုင်ခြေရှိသူများအပါအဝင် အကြောင်းရင်းများစွာကို Myanmar Witness က စိစစ်ခဲ့သည်။
ဘုန်းကြီး ၃ ပါးနှင့် အမျိုးသမီးတစ်ဦး အပါအဝင် နန်းနိမ့်ကျေးရွာတွင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း Myanmar Witness က အတည်ပြုခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် Myanmar Witness မှ ပထဝီဝင်တည်နေရာနှင့် FIRMS အချက်အလက်ဖြင့် စစ်ဆေးခဲ့သော နန်းနိိမ့်ကျေးရွာရှိ အရပ်သားနေအိမ်များကိုလည်း စစ်တပ်မှမီးရှို့ခဲ့သည်ဟုဆိုထားသည်။
မီးရှို့မှု
နန်းနိမ့်ကျေးရွာ (ပုံ ၆ နှင့် ၇) မီးလောင်ပျက်စီးမှု သိသိသာသာပြသသည့် ဗီဒီယိုဖိုင်ကို Myanmar Witness က စစ်ဆေးခဲ့သည်။ ဒရုန်းဗီဒီယိုမှတ်တမ်းကို အသုံးပြု၍ ဤတိုက်ခိုက်မှုအတွင်း အဆောက်အဦး ၁၀၃ လုံးခန့် ပျက်စီးခဲ့ကြောင်း Myanmar Witness မှ တွက်ချက်ထားသည် (ပုံ ၈)။ FIRMS သည် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရွာ၌မီးလောင်မှုအား မှတ်တမ်းတင်ခဲ့ပြီး ဒေသခံမီဒီယာများမှ မီးလောင်ခဲ့ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
Myanmar Witness မှ UGCဖြင့် ခွဲခြမ်းစိတ်ဖြာထားသော မီးလောင်ကျွမ်းမှုသည် အရင်းအမြစ်တစ်ခုတည်းမှဖြစ်သည့်အစား နေရာအများအပြားမှ မီးရှိ့မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။ ရွာတစ်ရွာလုံးတွင် ပျက်စီးမှုအဆင့်မတူညီပဲ ကွဲပြားသည်။ အချို့အိမ်များမှာ အပျက်အစီးမရှိသော်လည်း အချို့မှာ လုံးဝပျက်စီးသွားသည်။ မီးလောင်မှုကြောင့် ပျက်စီးသွားသော ဧရိယာများကြားရှိ ကွက်လပ်များသည် မီးတစ်ကြိမ်တည်းဖြင့် မရောက်နိုင်သော နေရာများတွင် မီးလောင်မှုများအား မှတ်တမ်းတင်ထားသောကြောင့် ဤမီးသည် အများအပြား မီးလောင်မှုဖြစ်ကြောင်း ညွှန်ပြသည် (ပုံ 8)။ ဤအချက်က မီးကို တမင်သက်သက် ဖန်တီးထားခြင်း ဖြစ်သည်ဟူသော အယူအဆကို ပံ့ပိုးပေးပါသည်။
ပုံ 6- နန်းနိမ့်ကျေးရွာ မီးလောင်ပျက်စီးမှုကို ပြသသည့် ဒရုန်းမှတ်တမ်း (Source: BBC Burmese)။
ပုံ 7- ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ဖြစ်နိုင်ခြေရှိသော နန်းနိမ့်ကျေးရွာမှ ဒရုန်းဖြင့် ရိုက်ကူးထားသော မြင်ကွင်းများ (Source: BBC Burmese)။
ပုံ 8- ဒရုန်းဗီဒီယိုဖိုင်ကို Myanmar Witness မှ ခွဲခြမ်းစိတ်ဖြာပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့သည့် အိမ်ခြေ ၁၀၃ လုံးအား google pins ဖြင့်ပြထားသည်။ အနီရောင်ဖြင့် ရွာရှိမီးလောင်ကျွမ်းရာနေရာများ ကို သရုပ်ပြထားပြီး အချို့မှာအဆောက်အဦးများ မပျက်စီးသေးသော နေရာများဖြင့် ခြားထားသည်။ ဤမြေပုံသည် Google Earth ဂြိုလ်တုပုံရိပ်ကို အသုံးပြုသည်။
သတ်ဖြတ်သည့်နေရာ
နန်းနိမ့်ကျေးရွာတွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပုံရသော လက်နက်ကိုင်အဖွဲ့နှင့် လက်နက်မဲ့နှစ်ဦးစလုံး၏ အကြွင်းအကျန်များကို ပြသထားသည့် စစ်တပ်လိုလားသော Telegram ချန်နယ်မှတင်ထားသည့် ဂရပ်ဖစ်ရုပ်ပုံအများအပြားကို Myanmar Witness မှ ဖော်ထုတ်တွေ့ရှိခဲ့သည်။ Myanmar Witness သည် ရုပ်ပုံများကိုလေ့လာစိစစ်ကာ နန်းနိမ့်ကျေးရွာဟု နေရာသတ်မှတ်အတည်ပြုခဲ့သည် (ပုံ ၉ နှင့် ၁၀)။
ပုံ 9- 19.900750၊ 96.835194 ဝန်းကျင်တွင် နန်းနိမ့်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းနှင့် အနီးတစ်ဝိုက်ရှိ ရုပ်အလောင်းများ၏ တည်နေရာကိုပြသသော ဂြိုလ်တုပုံများ (သတင်းရင်းမြစ်: သီးသန့်)။
ပုံ 10- နန်းနိမ့်ကျေးရွာတွင် မီးလောင်ပျက်စီးမှု သိသိသာသာခံစားရသည့်ဧရိယာများမှ အလောင်းများ၏ တည်နေရာသတ်မှတ်အတည်ပြုခြင်း 19.900735, 96.835211 (သတင်းရင်းမြစ်: သီးသန့်: BBC Burmese)။
သေဆုံးသူများကို နန်းနိမ့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပုန်းအောင်းနေထိုင်သူများဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များနှင့် ကိုက်ညီသော ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း သေဆုံးသူများအားတွေ့ရသောနေရာအား Myanmar Witness မှ နေရာသတ်မှတ်အတည်ပြုခဲ့သည်။
သွေးအရောင်များနှင့် ဒဏ်ရာများအပါအဝင် ရုပ်ပုံများကို ခွဲခြမ်းစိတ်ဖြာမှုအရ ၎င်းတို့သည် လူတစ်ဦးချင်းစီသေဆုံးပြီးနောက် မကြာမီတွင် ယူဆောင်သွားဖွယ်ရှိကြောင်း ဖော်ပြသည် (ပုံ ၁၁)။ ထို့အပြင်၊ ပုံ ၁၂ တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို မြင်တွေ့နိုင်သည်။ ဆိုလိုသည်မှာ မီးမလောင်မီ (သို့မဟုတ်) မီးလောင်နေသော ကာလအတွင်း၌ပင် သေဆုံးမှုများဖြစ်ပွားခဲ့သည်။
ပုံ 11- စစ်ဘက်လိုလားသော ချန်နယ်မှ အပ်လုဒ်လုပ်ထားသော ဓာတ်ပုံများတွင်တွေ့ရသော ခန္ဓာကိုယ်ဘေးရှိ သွေးများသည် လတ်ဆတ်နေပုံပေါ်သည်။ ပုံများတွင် စက်ဝိုင်းပုံရေစာပါရှိသည် သတင်းရင်းမြစ်: သီးသန့်)။
ပုံ 12- ဓာတ်ပုံရက်စွဲသည် အချိန်တံဆိပ်ရိုက်နှိပ်ထားပြီး ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဒေသစံတော်ချိန် ၈နာရီ ၅၁မိနစ်ရက်စွဲပါရှိသည်။ မီးလောင်နေသောအိမ်များကို နောက်ခံတွင် မြင်တွေ့နိုင်သည်။ ပုံပါ စာသားသည် "ကသန်းကယန်း ကယားပဒက်များကို ဆုံးမခြင်း" ဟု ဖော်ပြထားသည်။ ပုံတွင် စက်ဝိုင်းပုံရေစာပါရှိသည် သတင်းရင်းမြစ်: သီးသန့်။
KNDF တပ်ဖွဲ့မှ အပ်လုဒ်လုပ်ထားသော ဓာတ်ပုံများကို ဆန်းစစ်ကြည့်ရာ ကွယ်လွန်သူများ၏ အနီးနားရှိ သွေးခြောက်များကို တွေ့ရသဖြင့် နောက်ပိုင်းတွင်မှ ၎င်းတို့ကို ရိုက်ယူလိုက်ပုံရသည် (ပုံ 13)။
ပုံ 13- KNDF မှ အပ်လုဒ်လုပ်ထားသော ဓာတ်ပုံများသည် အလောင်းဘေးရှိ သွေးခြောက်များကို ပြသသည် (အရင်းအမြစ်- KNDF)။
အခင်းဖြစ်ပွားသည့်နေ့နှင့်အချိန်
FIRMS ဒေတာဖြင့် ထိုဧရိယာအတွင်း မီးလောင်မှုဖြစ်ပွားသည့်နေ့ကို Myanmar Witness မှ အတည်ပြုနိုင်သည်။ ထို့အပြင်ဤဖြစ်ရပ်များနှင့်ပတ်သက်သည့် အစောပိုင်းဗီဒီယိုဖိုင်ကို အွန်လိုင်းတွင် မတွေ့ရှိရပါ။
အခင်းဖြစ်ပွားသည့်အချိန်အတိအကျကို Myanmar Witness က တိုက်ရိုက်အတည်မပြုနိုင်ပါ။ သို့သော် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၀၇နာရီ ၁၅မိနစ် နှင့် ၀၈နာရီ ၄၇မိနစ် အကြား ဖြစ်ပွားဖွယ်ရှိကြောင်း သိရသည်။ အဆိုပါ အဖြစ်အပျက်များကို ဖော်ထုတ်ရန်အတွက် Myanmar Witness သည် ဆိုရှယ်မီဒီယာမှတွေ့ရသော ဒရုန်းဖြင့်ရိုက်ကူးထားသည့် မီးလောင်နေစဉ် ဂရပ်ဖစ်ရုပ်ပုံများစွာကို အသုံးပြုခဲ့ပြီး Suncalc မှတဆင့် ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
Myanmar Witness သည် သေဆုံးသူများထဲမှတစ်ဦး၏ပုံ (ပုံ ၁၄)ကို အသုံးပြုကာ အခင်းဖြစ်ပွားချိန်ကို သတ်မှတ်ကြည့်ခဲ့သည်။ ဒရုန်းဗီဒီယိုဖိုင်သည် ၇နာရီ ၁၅မိနစ် (Suncalc အသုံးပြု၍ သတ်မှတ်ချိန်) ဝန်းကျင်၌ ရိုက်ကူးထားသောကြောင့် ပုံ ၁၅ သည် ဒေသစံတော်ချိန် ၇နာရီ ၁၅မိနစ်နောက်ပိုင်းတွင် ရိုက်ကူးခဲ့ပုံရသည်။ ၎င်းပုံတွင် ခန္ဓာကိုယ်ကိုမပြဘဲ အနီးနားတွင် လောင်ကျွမ်းနေသော မီးများဖြစ်သည် (ပုံ 15 နှင့် 16)။ ဒေသစံတော်ချိန် ၁၀နာရီ ၄၅မိနစ် ခုနှစ်ဝန်းကျင်တွင် ရိုက်ကူးထားသော ဒရုန်းဗီဒီယို (Suncalc ကို အသုံးပြု၍ သတ်မှတ်ချိန်) တွင် ဘုန်းတော်ကြီးကျောင်းရှေ့တွင် အလောင်းကိုပြသထားပြီး မီးဆက်မလောင်တော့ကြောင်း တွေ့ရသည် (ပုံ 17 နှင့် 18)။ ထို့ကြောင့် ၇နာရီ ၁၅မိနစ်နှင့် ၁၀နာရီ ၄၅မိနစ်ကြား ဘုန်းကြီးကျောင်းရှေ့တွင် အလောင်းများ ပေါ်လာသည်။
ပုံ ၁၄- နန်းနိမ့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအပြင်ဘက်တွင် သေဆုံးသူတစ်ဦး၏ရုပ်ပုံ (အရင်းအမြစ်: Burma VJ)။
ပုံ 15- ဒရုန်းရိုက်ကူးမှုတွင် ခန္ဓာကိုယ်ကိုမမြင်နိုင်ပါ။ ရွာတွင် မီးလောင်မှုများရှိနေတာကြောင့် အသတ်မခံရခင် ဒီဒရုန်းဗီဒီယိုကို ရိုက်ကူးခဲ့ခြင်း ဖြစ်နိုင်သည် (အရင်းအမြစ်: BBC News Burmese)။
ပုံ 16- တစ်ဦးချင်းစီမသတ်မခံရမီ Suncalc ကို အသုံးပြု၍ အချိန်သတ်မှတ် အတည်ပြုခြင်း
ပုံ 17- ဒရုန်းဖြင့်ရိုက်ကူးထားသော ဘုန်းတော်ကြီးကျောင်းအပြင်ဘက်ရှိ ရုပ်အလောင်းများ။ (Source: Private)။
ပုံ 18- ဒေသစံတော်ချိန် ၁၀နာရီ ၄၅မိနစ် မတိုင်မီ ခန္ဓာကိုယ်ရှိနေကြောင်း ညွှန်ပြသော Suncalc ကို အသုံးပြု၍ အချိန်သတ်မှတ် အတည်ပြုခြင်း။
Myanmar Witness သည် အခြားပုံများကို အကဲဖြတ်ခြင်းဖြင့် အချိန်အပိုင်းအခြားကို လျှော့ချနိုင် ခဲ့သည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၀၈နာရီ ၄၇မိနစ် တွင် ရိုက်ကူးထားသော ပုံတစ်ပုံကို Myanmar Witness မှ ခွဲခြမ်းစိတ်ဖြာခဲ့ပါသည်။ ထိုရုပ်ပုံအား အရိပ်တွက်ချက်ကြည့်ရာ ဒေသစံတော်ချိန် ၈နာရီ ၄၅မိနစ် ခန့်ဖြစ်သည် (ပုံ 19 နှင့် 20) ကိုဖော်ပြသည်။
ပုံ 19- လိမ္မော်ရောင်သည် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ၈နာရီ ၄၇မိနစ်တွင် အချိန်တံဆိပ်ရိုက်နှိပ်ထားသော ပုံဖြစ်သည်။ နောက်ခံအရိပ်ကို Myanmar Witness မှ အချိန်အတည်ပြုရန် အသုံးပြုထားသည်။ (အရင်းအမြစ်: သီးသန့်)။
ပုံ 20- Suncalc ၌ ပုံတွင်ရှိသောအရိပ်များသည် ဒေသစံတော်ချိန် ၈နာရီ ၄၅မိနစ်နှင့် အလွန်နီးကပ်သောအချိန်တွင် ဖြစ်နိုင်ကြောင်းသရုပ်ပြသည်။
Myanmar Witness ၏ မှတ်တမ်းနှင့် အချိန်ဇယားများကို စုစည်း၍ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၀၇နာရီ ၁၅မိနစ် မှ ၀၈နာရီ ၄၅မိနစ်အကြား တစ်ချိန်ချိန်တွင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ကောက်ချက်ချနိုင်သည်။
ကွယ်လွန်သူပုဂ္ဂိုလ်များ
Myanmar Witness မှ ခွဲခြမ်းစိတ်ဖြာထားသော ပုံများတွင် ခွဲခြားသတ်မှတ်ထားသော ကွဲပြားသော အနည်းဆုံး လူ ၂၂ ဦး ရှိသည် (ပုံ ၂၁)။ ကွယ်လွန်သူ သုံးဦးမှာ ဘုန်းကြီးများ ဖြစ်ကြပြီး ကျန်ကွယ်လွန်သူ များတွင် အနည်းဆုံး အမျိုးသမီးတစ်ဦးပါဝင်သည် (ပုံ ၂၂ နှင့် ၂၃)။ ဤဓာတ်ပုံများအားလုံးကို ရွာတွင် ရိုက်ကူးခဲ့ကြောင်း နေရာသတ်မှတ်အတည်ပြုထားသည်။ ယင်းက ၎င်းပုံများအားလုံးသည် တူညီသော အဖြစ်အပျက်မှ ရိုက်ကူးထားသော ပုံများဖြစ်ကြောင်း အတည်ပြုသည်။
ပုံ 21- ဘုန်းကြီး ၃ ပါးနှင့် အမျိုးသမီးတစ်ဦးအပါအဝင်ပုံများတွင် အနည်းဆုံး လူ ၂၂ ဦး ပါဝင်သည် (အရင်းအမြစ်: သီးသန့်)။
ပုံ 22- အခင်းဖြစ်နေရာတွင် သေဆုံးသွားသော သံဃာတော်များ၏ ရုပ်ပုံများ။ လိမ္မော်ရောင် (သို့မဟုတ်) အနီရောင်သင်္ကန်း၀တ်ဆင်ထားသော သီးခြားသုံးပါး အနည်းဆုံးရှိသည် (အရင်းအမြစ်: သီးသန့်)။
ပုံ 23- နန်းနိမ့်ကျေးရွာရှိ အခြားလူများနှင့်အတူ အသတ်ခံခဲ့ရသည့် အမျိုးသမီးအဖြစ်သတ် မှတ်ထားသော အလောင်းပုံ (အရင်းအမြစ်: သီးသန့်)။
စစ်တပ်လိုလားသော Telegram ချန်နယ်တွင် တင်ထားသော ဓာတ်ပုံများတွင် သေဆုံးသူများ အားလုံးသည် စစ်တပ်မှ သတ်ဖြတ်ခံရသော PDF များဖြစ်သည်ဟု ဆိုထားသည်။ အချို့ပုံများတွင် သေဆုံးသွားသော ပုဂ္ဂိုလ်များအနီးတွင် လက်နက်များကို တွေ့ရသည်။
လက်နက်များကို ခွဲခြမ်းစိတ်ဖြာမှုအရ ၎င်းတို့သည် သေဆုံးပြီးနောက် သေဆုံးသွားသူများ၏ ဘေးတွင် လက်နက်များထားရှိနိုင်ကြောင်း ညွှန်ပြသည်။ သေနတ်များသည် သွေးစွန်းပုံမပေါ်ဘဲ လူတစ်ဦးချင်းစီ၏ဘေးတွင် သို့မဟုတ် အပေါ်တွင်ထားရှိပုံပေါ်သည် (ပုံ 24)။ ယင်းက ပုံရိပ်များကို စီစဥ်ပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ KNDF မှ တင်ထားသောပုံများတွင် အလားတူ လက်နက်များမပါရှိသောကြောင့် ပထမပုံ (စစ်တပ်လိုလားသော Telegram ချန်နယ်မှ တင်ထားသောပုံ) နှင့် ဒုတိယပုံ (KNDF မှ တင်ထားသောပုံများ)ကြားတွင် အခင်းဖြစ်ပွားရာနေရာမှ လက်နက်များဖယ်ရှားခဲ့သည်ဟု ဆိုနိုင်သည်။
ပုံ 24- Myanmar Witness မှ ဖော်ထုတ်ထားသော သေနတ်များသည် သွေးထွက်သံယိုဖြစ်ခဲ့ကြောင်း သက်သေအနည်းငယ်နှင့်အတူ လူတစ်ဦးချင်းစီနှင့် နီးကပ်စွာထားရှိပုံရသည်။ (အရင်းအမြစ်: သီးသန့်)။
ပုံများတွင် နံရံများတွင် ကျည်ထိမှန်ရာများ နှင့် သွေးများပြန့်ကျဲနေပုံကိုပြသည် (ပုံ 25)။ ယင်းက လူတစ်ဦးချင်းစီကို အနီးကပ်ပစ်သတ်ခဲ့ကြောင်း ညွှန်ပြနိုင်သည်။ ပုံအများအပြားတွင် ဖော်ပြထားသူများသည် အရပ်ဝတ်ဖြင့် ၀တ်ဆင်ထားပြီး အချို့မှာ ၎င်းတို့၏မျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် လူလတ်ပိုင်း (သို့မဟုတ်) သက်ကြီးရွယ်အိုများ ဖြစ်ပုံရသည်။
ပုံ 25- လူတစ်ဦးချင်းစီသည် အနီးကပ်ပစ်သတ်ခံရပုံရသည်။ ကျည်ဆန်များသည် ဘုန်းကြီးကျောင်းနံရံများကို ထိုးဖောက်ဝင်ရောက်ခဲ့သည် (အရင်းအမြစ်: သီးသန့်)။
ထည့်သွင်းစဥ်းစားရမည့်အချက်များ
ဤအဖြစ်အပျက်နှင့်ပတ်သက်၍ မတူညီသော ဇာတ်ကြောင်းများရှိသည်။ သို့သော်လည်း စစ်တပ်လိုလားသော Telegramများနှင့် ပြည်တွင်းတော်လှန်ရေးအဖွဲ့များက သတ်ဖြတ်ခြင်းမှာ မြန်မာစစ်တပ်နှင့် ပတ်သက်သည်ဟု ယူဆကြသည်။ ပြည်တွင်း PDF နှင့် KNDF တို့က မြန်မာစစ်တပ်အား အရပ်သားများနှင့် သံဃာတော်များ သေဆုံးခဲ့သည့်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟု စွပ်စွဲထားသည်။
နန်းနိမ့်ကျေးရွာတွင် သတ်ဖြတ်ခံရမှုတွင် ပင်လောင်းမြို့နယ် တောင်ဘက် ၃၆ ကီလိုမီတာအကွာ ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် နေလင်းအောင်က စစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။ (တောင်ကြီး)တွင် လှုပ်ရှားနေသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ်မျိုးမင်းထွန်းလည်း ပါဝင်သည်ဟု ဧရာဝတီက ဆိုထားသည်။
အဆိုပါစွပ်စွဲချက်များကို Myanmar Witness က အတည်မပြုနိုင်သော်လည်း နန်းနိမ့်ကျေးရွာကို တိုက်ခိုက်ရာတွင် စစ်တပ်က ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း အတည်ပြုနိုင်သည်။ နန်းနိမ့်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပထဝီဝင်အနေအထားအရ MA 5.56 ကျည်ဆန်များ၊ M79 ကျည်များ၊ မော်တာကျည်တစ်တောင့်နှင့် ကပစစက်ရုံများမှ ထုတ်လုပ်သည့် တံဆိပ်တပ်ထားသည့် ကျည်ဆန်အိတ်များကို ပြသထားသည်။ ၎င်းသည် ထိုဒေသတွင် မြန်မာစစ်တပ်များ ရှိနေပုံကို ရည်ညွှန်းသည် (ပုံ ၂၆၊ ၂၇ နှင့် ၂၈)။
နောက်ပိုင်းတွင် KNDF နှင့် အခြားသောလူမှုကွန်ရက် စာမျက်နှာများတွင် တင်ခြင်းမပြုမီ ကွယ်လွန်သူ၏ ဓာတ်ပုံများကို တပ်မတော်လိုလားသော တယ်လီဂရမ်လိုင်းများသို့ တင်ထားခြင်းကို ကြည်ခြင်းအားဖြင့် တပ်မတော်လိုလားသူများနှင့်မြန်မာစစ်တပ်ကိုယ်တိုင်ကသတ်ဖြတ်မှုများတွင် ပါဝင်ခဲ့ကြသည်။
ပုံ ၂၆- နန်းနိမ့်ကျေးရွာတွင်ရှိသော ကျည်ဆံအိတ်များနှင့် မော်တာကျည်တစ်တောင့်များ အဆိုပါစာရွက်တွင်“ကာကွယ်ရေးပစ္စည်းစက်ရုံများတွင် ထုတ်လုပ်သည်” ဟု ရေးထားသည်။ အရင်းအမြစ်: Shan News Burmese
ပုံ 27- ကျည်ဆန်များ၊ မော်တာကျည်တစ်တောင့်နှင့် ကျည်ဆန်ထုပ်များသည် နန်းနိမ့်ကျေးရွာအနီးတွင် တွေ့ရသည်။19.900759, 96.835520 အရင်းအမြစ်: Shan News Burmese
ပုံ 28- ဂြိုလ်တုပုံတွင် နန်းနိမ့်ကျေးရွာရှိ ကျည်ဆံများနှင့် မော်တာကျည်များ၏တည်နေရာကို နေရာသတ်မှတ်အတည်ပြုခြင်း
အသတ်ခံရပြီး ရက်အနည်းငယ်အကြာတွင် နမ့်နင်းကျေးရွာတွင် အခင်းဖြစ်ပွားမှုကို PDF နှင့် KNDF တို့ကကျူးလွန်သည်ဟုစွပ်စွဲသည့် လက်ကမ်းစာစောင်ပုံများဖြန့်ဝေထားမှုကို Khit Thit Media က တင်ခဲ့သည်။ လက်ကမ်းစာစောင်များတွင် အဖြစ်အပျက်မှပုံများပါရှိသည် (ပုံ ၂၉)။ မြန်မာစစ်တပ်က ရွာထဲတွင်ရှိနေသော PDF အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းတွင် တာဝန်ရှိသည်ဟု ဆိုထားသည်ကို စစ်တပ်လိုလားတဲ့ Telegram ချန်နယ်က ဖော်ပြထားသည့်ဇာတ်ကြောင်းကို တိုက်ရိုက်ဆန့်ကျင်နေ သည်။ (ပုံ 30)။ ဥပမာအားဖြင့်၊ စစ်တပ်လိုလားသော Telegram ချန်နယ်သည် "ကသန်းကယမ်းကယား ပဒက်များကို သင်ခန်းစာပေးခြင်း"၊ “ကယားပဒက်များ၏ အဆုံးသတ်"၊ “ ကယားပဒက်များအားဆုံးမခြင်း” “ဘုရားပေါ်တွင် Beer သောက်နေသော ကယားပဒက်များကို နှိမ်နင်းခြင်း” ဟူသော စာသားပါရှိသော ပုံများကိုတင်ခဲ့သည်။ လက်ကမ်းစာစောင်များ၏ နောက်ကွယ်ရှိ ရေးသားသူများနှင့် ရည်ရွယ်ချက်ကို မသိရပါ။
ပုံ 29- PDF နှင့် KNDF တို့သည် သတ်ဖြတ်မှုများကို ကျူးလွန်ကြောင်း ဖော်ပြထားသော လက်ကမ်းစာစောင်များ။ ဤဇာတ်ကြောင်းသည် ရွာထဲတွင် စစ်တပ်က PDF များကို သတ်ဖြတ်သည့်အဆိုနှင့် ဆန့်ကျင်နေသည်။ (အရင်းအမြစ်:Khit Thit Media).
ပုံ 30- စစ်တပ်လိုလားသော Telegram ချန်နယ်မှ အပ်လုဒ်လုပ်ထားသောပုံများမှ ထုတ်နှုတ်ထားသော စာကြောင်းများ။ ယင်းတို့သည် “ကသန်းကယမ်းကယားပဒက်များကို ဆုံးမခြင်း” နှင့် “ဘုရားပေါ်တွင် Beer သောက်နေသော ကယားပဒက်များကို နှိမ်နင်းခြင်း” ဟူ၍ အသီးသီးဖြစ်သည်။ (အရင်းအမြစ်: သီးသန့်)။
နိဂုံးနှင့် အနာဂတ်ကိုစောင့်ကြည့်လေ့လာခြင်း။
ပင်လောင်မြို့နယ်သည် မြန်မာစစ်တပ်၊ မဟာမိတ်တပ်ဖွဲ့များနှင့် ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပွားရာနေရာဖြစ်ခဲ့သည်။ တောင်မဲသင်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုနှင့် နန်းနိမ့်ကျေးရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးစွက်ဖက်မှုများကို ဆက်လက်စောင့်ကြည့်ခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြနေသည်။
အဆိုပါ ဖြစ်ရပ်များကဲ့သို့ လူ့အခွင့်အရေး စွက်ဖက်မှုများကို မီးမောင်းထိုးပြနိုင်ရန် Myanmar Witness သည် မြန်မာနိုင်ငံရှိ ပဋိပက္ခများကို စဉ်ဆက်မပြတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဒရုန်းဗီဒီယို မှတ်တမ်းကို ဆန်းစစ်ခြင်းဖြင့် Myanmar Witness သည် ဖေဖော်ဝါရီ ၂၈ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ပါဝင်သည့် လေယာဉ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ဤလေယာဉ်ကို မြန်မာနိုင်ငံအတွင်း၌သာ မြန်မာ့လေတပ်မှ အသုံးပြုပါသည်။
အသုံးပြုသူထုတ်ပေးသည့်အကြောင်းအရာ (UGC) နှင့် FIRMS ဒေတာအသုံးပြုမှုတို့ကြောင့် နန်းနိမ့်ကျေးရွာတွင် သတ်ဖြတ်ခံရမှုနှင့် မီးလောင်မှု ဖြစ်ပွားနိုင်ခြေကို ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၇နာရီ ၁၅မိနစ်မှ ၁၀နာရီ ၄၅မိနစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း Myanmar Witness မှ ဆုံးဖြတ်ခဲ့သည်။
ဆိုရှယ်မီဒီယာတွင် တင်ထားသောပုံများတွင် ကွယ်လွန်ပြီးမကြာခင်တွင် သေဆုံးသွားသည့် အလောင်းများ၏ နောက်ဘက်တွင် မီးများတောက်လောင်နေဆဲ ဖြစ်သည်။ စစ်ဘက်လိုလားသော Telegram ချန်နယ်၏အဆိုအရ သေဆုံးသူများသည် PDF အဖွဲ့ဝင်များဖြစ်သည်။ သို့သော်လည်း တိုက်ပွဲဝင်ကျဥ်ကာများမဝတ်ဆင်ထားခြင်း၊ ဓါတ်ပုံများတွင် အလောင်းများပေါ်၌ လက်နက်များ တင်ထားခြင်း နှင့် ဘုန်းကြီးဝတ်သုံးဦးရှိနေခြင်းတို့သည် အရပ်သားများဖြစ်ကြောင်း သိနိုင်သည်။ ကျူးလွန်သူများကို အတိအကျ မဖော်ထုတ်နိုင်သေးသော်လည်း အဆိုပါဒေသတွင် မြန်မာစစ်တပ် ရှိနေကြောင်း သတင်းရရှိသည်။
ကျူးလွန်ခံရသူနှင့် ကျူးလွန်သူနှစ်ဦးစလုံး၏ အထောက်အထားများကို စိစစ်ရန်ကြိုးပမ်းခြင်း အပါအဝင် ၎င်း၏အခြေအနေများနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို သိရှိနိုင်စေရန် အတွက် Myanmar Witness သည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။
သင့်တွင် ဤဖြစ်ရပ်နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များရှိပါက သို့မဟုတ် ၎င်းကိုစိတ်ဝင်စားသည့် အခြားသူများရှိလျှင် အချက်အလက်များပေးပို့ရန် အန္တရာယ်ကင်းပါက ကျွန်ုပ်တို့၏ လုံခြုံသောပုံစံမှတစ်ဆင့် အထောက်အထားများတင်သွင်းနိုင်ပါသည်။
အတိုကောက်အခေါ်အဝေါ်စာရင်း
အသုံးပြုသူဖန်တီးထားသော အကြောင်းအရာ - UGC
ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF
မြန်မာ့လေတပ် - MAF
ပအိုဝ်းအမျိုးသားတပ်မတော် - PNA
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO
ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်)-PNDF-KK
အရင်းအမြစ်စီမံခန့်ခွဲမှုစနစ်၏ မီးသတင်းအချက်အလက် - FIRMS